စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သြကာသရှင်းတမ်း

        ထုံးတမ်းစဉ်လာအရ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှု့ပွဲလမ်းသဘင်ကြီးကြီးငယ်ငယ်အစုအဝေးတို့တွင်ပရိတ်သတ်စုံလင်သောအခါ နိဗ္ဗာန်ဆော်ဓမ္မဂေါသကပုဂ္ဂိုလ်က ရတနာသုံးပါးအားတညီတညွတ်တည်းကန်တော့ကြပါစို့ခင်ဗျာ ဟုတရားမိုးချုန်းလိုက်သောအခါ လောကဥပမာ- မိုးဦးကျတခို တောင်အရပ်ကမိုးခြိမ်းလိုက်သည်နှင့် တောထဲမှရွေဥဒေါင်းတို့သည်တကောင်နှင့်တကောင်အချိန်းအချက်မရှိတပြိုင်နက်တညီတညွတ်တည်း( ကေကာ...ကေကာ )တွန်ကျူးကြသလို ဗုဒ္ဓဘာသာဝင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်( သြကာသ )အစရှိသော ရတနာသုံးပါးကန်တော့သောအသံတို့သည် ညံထွက်လာပါတော့သည် အဘိဓမ္မာသဘောအရ အရပ်ထဲတွင်စိတ်သဘောချင်းမတိုက်ဆိုင်ကြသည့်အခါ (ငါ..နင်)ဟူသောရိုင်းပျသောစကားသံများထွက်လာတတ်ပါသည် ။

            အသံတသံစီတွင်ဒေါသမူအကုသိုလ် ဇောစိတ်(၄၉)ကြိမ်စောမှ (ငါ) တလုံးဖြစ်သကဲ့သို့ (နင်)မှာလဲအကုသိုလ်ဇောစိတ်(၄၉)ကြိမ်စောမှတသံဖြစ်ပေါ်ပါသည် ထို့အတူကုသိုလ်ဘက်မှာလဲ (သြကာသ)ဟူသောရတနာသုံးပါးကန်တော့သောစာတမ်းတွင်( သြ) ဟူသောစာ၁လုံးတွင်မဟာကုသိုလ်ဇောစိတ်(၄၉)ကြိမ် စောသကဲ့သို့(ကာ)တွင်လဲ (၄၉)ကြိမ် (သ)တွင်လဲ(၄၉)ကြိမ်မဟာကုသိုလ်ဇောစိတ်များဖြစ်ပေါ်ပြီးမှအသံထွက်ပေါ်လာသည်ကိုသိပြီးကြိုတင် အားရ၀မ်းမြောက်စေလိုပါသည် ထို သြကာသ ဟူသောစာပိုဒ်၏အဓိပ္ပါယ်မှာ တပည့်တော်သည် ငယ်စဉ်တောင်ကြေးကလေးဘ၀ ဘုရားမှန်း တရားမှန်း သံဃာမှန်း မသိသေးသောအချိန်တွင် ပြောမှား ပြုမှား ကြံမှား ခဲ့သောအကုသိုလ်ဘေး အညစ်အကြေးတို့မိမိကိုယ်မှာလိမ်းထေးညစ်ပေနေခဲ့သော် ထိုအညစ်အကြေးတို့ကို မဟာကုသိုလ် ဇောစိတ်ဟူသောရေကြည်ရေအေးဖြင့်ဆေးကြောဖွတ်လျှော်ပြီး ဘုရားရတနာ တရားရတနာသံဃာရတနာတို့အားရှိခိုးကန်တော့ပါ၏ဘုရားဟု(၃)ကြိမ်တိုင်တိုင်ရှိခိုးသောစာပိုဒ်ဖြစ်ပါသည်။

   လောကသဘောအရ ရေချိုးသန့်စင်ပြီးသောအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်မိဘထံ ပန်းကောင်း အ၀တ်ကောင်း နံ့သာကောင်းတောင်းသကဲ့သို့သီလပေးသောသံဃာတော်ထံတွင် တပည့်တော်တို့သည်ယခုအချိန်တွင်စင်ကြယ်သောခန္ဓာကိုယ်ဖြစ်နေပါပြီ အရှင်ဘုရား သရဏဂုံတည်းဟူသော ဦးစိုက်ပန်း ငါးပါးသီလတည်းဟူသော ၀တ်ကောင်းစားလှ နံ့သာကောင်း ငါးမျိုးတို့အားတောင်းခံပါသည် ဂရုဏာရှေ့ရှု့ပေးတော်မူပါဘုရားဟုတောင်းခံသည်တွင် တကြိမ်မက(၃)ကြိမ်(၃)ခါတောင်းခံပါသည်။
ထိုအခါသီလပေးသောသံဃာတော်ကနှလုံးပျော့ပျောင်းသူတော်ကောင်းတို့ သရဏဂုံတည်းဟူသောဦးစိုက်ပန်း၊ ငါးပါးသီလတည်းဟူသော ၀တ်ကောင်းစားလှ၊ နံ့သာကောင်းတို့သည် အထည်ဒြပ်ကဲ့သို့လက်ကကိုင်ပေးရန်မရ ရှေ့ကတိုင်ပေးမယ် နှုတ်ကလိုက်ဆိုကြဟုဆိုပါသည် ။

ဒကာဒကာမတို့ကလဲ အာမဘန္တေ ကောင်းပါပြီဘုရား ဟုတညီတညွတ်တည်းဆိုကြသည် သံဃာတော်က သရဏဂုံ၃ပါး ငါးပါးသီလမပေးမီ မြတ်စွာဘုရား၏ဂုဏ်တော်များစွာထဲမှ အရဟံဂုဏ်တော်၊ သမ္မာသံဗုဒ္ဓေါဂုဏ်တော်၊ ဘဂ၀ါဂုဏ်တော်တို့ကိုရှိခိုးကန်တော့ကြဦးစို့ဟု (၃)ကြိမ်ကန်တော့စေပါသည် ငုင်း ဘုရားရှိခိုးစာပိုဒ်သည် တိုသော်လဲ သိကြား၊ ဗြမ္မာ၊ နတ်ဒေ၀ါ၊ မင်း နှင့် ပုဏ္ဏားပဏ္ဏိတ် ပညာရှိတို့ အလွန်တန်ဘိုးထားသော ဘုရားရှိခိုးစာပိုဒ်ဖြစ်ပါသည် သက္ကသင်္ညသုတ်တွင် သိကြားမင်းသည်ဘုရားထံဖူးမျှော်ရန်လာစဉ်က သိကြားအသစ်ဘ၀နှင့်သောတာပန်ဖြစ်ပြီး ပြန်ကာနီးတွင် (နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ) ဘုရားရှိခိုးနှင့်မြေကြီးအားလက်နှင့်ပွတ်ကာ အသင်မြေကြီးသည် မတုန်လှုပ်သလို အကျွန်ုပ်သည်လဲ ဘုရားရတနာအပေါ် မမှိတ်မသုန် ယုံကြည်ကိုးကွယ်သောလောကုတ္တရာ သရဏဂုံတည်သောသူတယောက်ဖြစ်ပါသည်ဆိုကာ(၃)ခေါက်ဆိုရှိခိုးပြီးမှပြန်ပါသည်။

သဟမ္ပတိဗြမ္မာသည်လဲထိုနည်းအတူပင် လူ့ပြည်မှာ ပေဿနဒီကောသလမင်း၊ ပေါက္ခရသာဓိ၊ ပုဏ္ဏားပဏ္ဏိတ် ပညာရှိတို့သည် မြတ်စွာဘုရားရှိရာမှန်းပြီး လက်အုပ်ချီမိုးရှိခိုးသော ဘုရားရှိခိုးစာပိုဒ်ဖြစ်သည် တိုသော်လဲ အလွန်အဘိုးတန်သော ဘုရားရှိခိုးစာပိုဒ်ဖြစ်ပါသည်
ထို့နောက် မဟာကုသိုလ်ဇောစိတ် ကုသိုလ်စိတ်စေတသိတ်တို့များစွာပါဝင်သော ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ ဟူသည့်သရဏဂုံပန်း(၃)ပွင့်ပါသောပန်းခိုင်(၃)ခိုင် ကိုမိဘကသားသမီးတို့အားပန်ဆင်ပေးသကဲ့သို့ငုင်း ၊ နံ့သာကောင်းဝတ်ကောင်းစားလှ(၅)မျိုးတည်းဟူသောငါးပါးသီလတော်မြတ်တို့အားလိမ်းခြယ်ဝတ်ဆင် ပေးသကဲ့သို့ တရားပေးသည့်သဃာတော်ကပေးသည် တွင် သူတော်စင်အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ကလဲ ၀မ်းပန်းတသာ ၀တ်ဆင် လိမ်းခြယ် ပန်ဆင်ကြသည်
သီလပေးသည့်သံဃာတော်ကနှလုံးပျော့ပျောင်းသူတော်ကောင်းတို့သင်တို့သည်ယခုအခါ သရဏဂုံတည်းဟူသော ဦးစိုက်ပန်း ၊ ငါးပါးသီလတည်းဟူသော နံ့သာနှင့်ဝတ်ကောင်းစားလှ (၅)မျိုးတို့နှင့်တင့်တယ်နေပြီ ထိုဝတ်ကောင်းစားလှ နံသာ ပန်းတို့ကိုမညှိုးနွမ်း၊မညစ်ပေအောင် ကြီးစွာသောသတိထားပြီး ထိန်းသိမ်းကြပါတာ့ဟုဆိုသည်တွင်သီလခံယူသူ သူတော်စင်အပေါင်းတို့ကလဲ အာမဘန္တေပါဘုရားဟု သံပြိုင်ရွတ်ဆိုကြပါသည်။

 မဟာကုသိုလ်ဇောစိတ်များစွာဖြင့်ဆေးကြောသန့်စင်ပြီးသောခန္ဓာကိုယ်တွင်သရဏဂုံ(၃)ပါးတည်းဟူ သောဦးစိုက်ပန်း၊(၅)ပါးသီလတည်းဟူသောဝတ်ကောင်းစားလှ၊နံ့သာတို့လိမ်းခြယ်ပြီးသောဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ရှင် ထိုပန်း၊နံသာ၊အ၀တ်အစားတို့မညှိုးနွမ်းအောင်ထိန်းသိမ်းရင်း တရားမင်္ဂလာပွဲသို့ဝမ်းမြောက်ဝမ်းသာဝင်ကြပါစို့လားရှင်။
ဘ၀နတ်ထံပျံလွန်တော်မူသွားသောမင်းကွန်းဆရာတော်ဘုရားကြီး
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသဆရာတော်ကြီး၏ တရားတော်အားမျှဝေခြင်းဖြစ်ပါသည်
ဆရာတော်ဘုရားကြီး အားဤစာစုဖြင်ရည်မျှော်မှန့်းရှိခိုးပူဇော်ကန်တော့ပါ၏ဘုရား

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...