စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နာဂစ့် မိဘမဲ့ကလေးငယ် များ စောင့်ရှောက်မူ


     မလေးရှားနိုင်ငံ မြန်မာအမျိုးသားများဖေါင်ဒေးရှင်းမှ အမောင်၏ အကူအညီ တောင်းခံမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ကျေးရွာ ရှိ နာဂစ်မုန်တိုင်းအတွင်း မိဘတို့ တိမ်းပါးသွားခဲ့ကြသူများနှင့် မိဘမဲ့ကလေးငယ် တစ်ထောင့်ငါးရာကျော်ကို စောင့်ရှောက် ပညာသင်ကြားပေးနေသည့် အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ ငွေကျပ် လေးသိန်းငါးသောင်းကျပ်တိတိ လှူဒါန်းပေးစဉ်


လှိုင်သာယာမြို့နယ်၊ အလယ်၇ွာ၊ အောင်ဇေယျာမင်း မိဘမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကလေးတွေကို ကျွေးဖို့ ချဉ်ပေါင်ရွက်သင်နေတာပါ။

အဲ့ဒီကျောင်းက ကလေးငယ်ပေါင်း တစ်ထောင့်ငါးရာကျော်ဟာ တစ်ပတ်မှာ ၂ ရက် အသားဟင်း စားရပြီး ကျန်တဲ့ရက်တွေကတော့ ငပိရည်နဲ့ ပဲဟင်းစားကြရပါတယ်။

အဲ့ဒီကလေးငယ်လေး တစ်ထောင်ကျော်ထဲမှာ ပန်းခြံမှာ လာစွန့်ထားလို့ ကောက်မွေးစားထားတဲ့ ကလေးငယ်လေးတွေလည်း ပါတယ်ဆိုရင် အံ့သြကြမလားခင်ဗျား..

နေ့လည်စာ စားရန်တန်းစီနေသော ကလေးငယ်လေးများ..

အလှူရှင်တို၏ အလှူဒါနစေတနာ အပေါ် မေတ္တာပိုပြီးမှ စားသောက်ကြပါသည်။
နေ့လည်စာ စားခါနီး မေတ္တာပို့နေတဲ့ သူငယ်တန်းမှာ ရှစ်တန်းအထိ ပညာသင်ကြားနေတဲ့ ကလေးငယ်လေးတွေပါ.အုပ်ထိန်းသူမဲ့ တစ်ထောင့်ငါးရာကျော်ကို စောင့်ရှောက်ထားသော အောင်ဇေယျာမင်း ကျောင်းတိုက်အတွင်း

မျက်လုံးပြူးပြူးလေးနဲ့ ကလေးကို ဘေးက သီလရှင်မလေးက မွေးစားထားတယ်တဲ့။ မွေးစားတဲ့ အမေရဲ့ အသက်ကို မေးကြည့်တော့ ၁၀ နှစ်။မိဘမဲ့တွေကို စောင့်ရှောက်တဲ့ ဒီကျောင်းကို ရောက်လာခါစက ၄ လ သမီးလေး၊ အရိုးပေါ် အရည်တင်နေပြီး သေတော့မယ်လို့ အားလုံးက ထင်မှတ်ထားတာ အားလုံးက ၀ိုင်းဝန်းပြုစုပေးလိုက်တာ အခုလို ၀၀ဖြိုးဖြိုး ချစ်စရာလေး ဖြစ်နေပါပြီ.
ဒီလိုပါပဲး အပြန်အလန် စောင့်ရှောက်ကြရတာပါ။

သူတိုလေးတွေ မိဘရင်ခွင်ထဲးတိုးကာ အမေ၊အဖေလို ခေါ်ချင်ရှာမှာ
ယနေ့လူငယ် နောင်ဝယ်လူကြီး..
ဒီလို ကလေးငယ်လေးတွေကို စောင့်ရှောက်ခြင်းဟာ နိုင်ငံတော်ကို စောင့်ရှောက်ခြင်း မည်ပါတယ်.


နာဂစ်တုန်းက မိဘမဲ့ ဖြစ်ခဲ့တဲ့ ကလေးငယ်ပေါင်း တစ်ထောင့်ငါးရာကို ပညာသင်ပေးနေတဲ့ကျောင်းမှာ ကိုရင်ဝတ်ချင်တဲ့ကလေးငယ်တွေကို ကိုရင်ပေးဝတ်ပါတယ်။ ဆွမ်းခံစားကြတဲ့ ဒီကိုယ်ရင်လေးတွေ ဆွမ်းနည်းနေသလား မစဉ်းစားပါနဲ့ ရသလောက်လေးကိုဘဲ သူတို့က ဘ၀တူ မိဘမဲ့ကလေးတွေကိုပြန်လှူတယ်။..


ကျွန်တော့်အတွက် အရမ်းကို အံ့သြ၀မ်းသာ ဖြစ်ခဲ့ရတဲ့ မြင်ကွင်းလေးဗျာ..
မိဘမဲ့ ကလေးအချို့က သင်္ကန်းဝတ်ပြီး ဆွမ်းခံထွက်ကြတယ်။ နေ့ဆွမ်းစားတဲ့အခါ သူတို့ရလာတဲ့ ဆွမ်း၊ ခဲဖွယ် အစုစုကို ဘ၀တူ မိဘမဲ့ကလေးငယ်တွေကို ကိုယ်တိုင် လိုက်ပြီး ခွဲဝေ ပေးနေတဲ့ မြင်ကွင်းလေးပါ။ ..
ရင်ထဲကို စူးရှသွားလောက်အောင် ခံစားလိုက်ရပါတယ်။..

ဒီကိုယ်ရင် လေးတွေ ကြီးလာတဲ့အခါမှာ ပရဟိတ စိတ်လေးတွေ အလိုလို ကိန်းအောင်းသွားမယ်ဆိုတာ ပြောစရာမလိုလောက်အောင်ပါဘဲ။..





နာဂစ်တုန်းက မိဘမဲ့ ဖြစ်သွားတဲ့ ကလေးတွေကို စုပေါင်း ပညာသင်ပေးနေတဲ့ ကျောင်းအလှူသွားရင်း သူတို့တတွေ စားနေတဲ့ ထမင်းပွဲလေးကို ဓါတ်ပုံရိုက်ခဲ့ဖြစ်ပါတယ်။
အုပ်ထိန်းသူမဲ့ ကျောင်းသားကျောင်းသူ တစ်ထောင့်ငါးရာကျော် ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ကျေး၇ွာ၊ အောင်ဇေယျာမင်းကျောင်းတိုက်မှ ကိုးတန်း ဆယ်တန်းအရွယ် ကျောင်းသူလေးများ ထမင်းစားနေစဉ်
(ထမင်း နှင့် ပဲ..)

ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် လူတောတိုးချင်တဲ့ အရွယ်ကလေးတွေပါ။
" မီးမီးရေ ဓါတ်ပုံလေးရိုက်ချင်လို့ ဒီဖက် လှည့်ပေးပါလား" လို့ ပြောတော့ "သီလရှင်ကို မီးမီးလို့ ခေါ်တယ်"
လို့ ပြောပြီးရီနေကြတဲ့ ဆရာလေး နှစ်ပါး

    တစ်နေ့ကို ဆန်ငါးအိတ်ချက်ရပါတယ်။ ပညာရေး၊ကျန်မာရေး စားဝတ်နေရေး စသည်တိုအတွက် အလှူရင်တွေလိုအပ်ပါတယ်။
မိဘမဲ့ ကလေးငယ်ပေါင်း တစ်ထောင့်ငါးရာကျော်ကို စောင့်ရှောက် ပညာသင်ကြားပေးနေသော လှိုင်သာယာမြို့နယ် အလယ်ကျေး၇ွာ၊ အောင်ဇေယျာမင်းကျောင်းတိုက်ပါ။
   
     ကလေးကလေး အထင်မသေးနဲ. ကလေးကောင်းမှလူကြီးကောင်းမယ်..လူကြီးကောင်းမှတိုင်းပြည်ကောင်းမယ်...ကလေးသူငယ်တွေကိုစောင့်ရှောက်ခြင်းဟာ ငါတို.နိုင်ငံနဲ. ငါတို.သာသနာကိုစောင့်ရှောက်ခြင်းပဲ လို.ဆရာတော်တစ်ပါးမိန်.ဖူးပါတာနာကြားဖူးပါတယ်။

နောင်ဘ၀များမှာ.. မိစုံဖစုံနဲ့နေနိုင်ပါစေ......


သွားရောက်လူဒါန်းလိုသူများအတွက် လိပ်စာ
အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်၊

                    ဖုန်း 613665     ဖြစ်ပါတယ်။
ဓါတ်ပုံပိုင်ရှင် ဇော်လွင်ဝင်း By: Zaw Lwin Win

ကာလဒါန၊လိုတဲ့နေရာကိုလှူခြင်း နှစ်ဖက်အကျိုးမျာစေပါတယ်။
သွားရောက်ကာ လှူဒါန်းနိုင်ကြပါစေ.....
                                                                             လေးစားစွာဖြင့်              မောင်မြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...