စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကျဉ်းထောင်မှ ဟာသလေး

ထောင်သားများ (၁ ၊ ၂၊ ၃၊ ၄၊ ၅၊ ၆) အချင်းချင်း စကားပြောနေကြသည်။

၁ - ကျနော်က အလုပ်ထဲမှာ ပြတင်းပေါက်မှန်ရိုက်ခွဲမိလို့ဗျ။
၂ - ဘယ်လောက်ကျတုန်း။
၁ - ၁၀ နှစ်။
၂ - ဟ... များလှချည်လား။
၁ - များဆို။ အလုပ်က ရေငုပ်သင်္ဘောမှာလုပ်တာကိုး။ ဒါနဲ့ခင်ဗျားကရော..
၂ - ငါးမိုင်းခွဲပြီး ငါးခိုးဖမ်းမှုဗျ။
၁ - ဘယ်လောက်ကျတုန်း။
၂ - အနှစ် ၂၀။
၁ - ဟ.... များလှချည်လား။
၂ - ဖမ်းတုန်းကတော့ ငါးပဲဗျ။ မိုင်းလဲကွဲသွားရော ရေထဲက ရေငုပ်သမား ၄ ယောက် ပေါ်လာတယ်လေဗျာ...။ ဒါနဲ့ ဟိုတစ်ယောက်ကရော..
၃ - ကျနော်က စကားသိပ်မပီလို့ အလုပ်ထဲမှာ 1 နဲ့ 2 ကို မှားပြောမိလို့ အနှစ် ၃၀။
၂ - ဟ.. စကားမပီတာပဲ။ အလုပ်ထုတ်လိုက်တော်ရောပေါ့...။ ဘယ်မှာလုပ်လို့တုန်း။
၃ - ကျည်ဆန်ရထား လမ်းကြောင်းထိန်းချုပ်ရေးအခန်းမှာ။
၎ - ကျနော်က မှပိုဆိုးတာ။ နိုင်ငံ့အကြီးအကဲ ကြီးကို ၄ တန်းတောင်မအောင်ဘူးလို့ပြောမိလို့ အနှစ် ၄၀။
၁ - ဟုတ်လား။ ဘာလဲ အသရေဖျက်မှုလား။
၎ - မဟုတ်ဘူး။ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု။
၅ - ကျနော်ကျတော့ အစိုးရကို ဝေဖန်တာ မဟုတ်ဘဲနဲ့ကျတာဗျ။
၎ - ဘယ်လောက်တုန်းဗျ။
၅ - အနှစ် ၆၀။
၃ - ခင်ဗျားဟာက လူ ၁၀၀ လောက်သေတဲ့အမှုတောင် အဲဒီလောက်မကျဘူး။ ဘာလုပ်မိလို့တုန်း။
၅ - အီးမေးလ် (၄) စောင်ပို့မိတာဗျာ။ Sim card ဈေးကြီးတယ်ဆိုတာရယ်၊ အင်တာနက် ဈေးကြီးတယ်ဆိုတာရယ်၊ အင်တာနက် နှေးတယ်ဆိုတာရယ်၊ ဖုန်းပြောခဈေးကြီးတယ်ဆိုတာရယ်။
၃ - ဘာအမှုနဲ့တုန်းဗျ။
၅ - အီလက်ထရောနစ်ဥပဒေအရ နိုင်ငံတော် စီးပွားရေးလျှို့ဝှက်ချက် ပေါက်ကြားစေမှုတဲ့။ ၄ စောင် ၄မှု ၁၅ x ၄ = ၆၀ နှစ်။
၃ - အော်.. ခင်ဗျားက မင်္ဂလာစုံတွဲပေါက်တာကိုး...။ ဒါနဲ့ ဒီတစ်ယောက်က ငြိမ်နေပါလား ဘာမှ ဝင်မပြောပါလား။ ဘယ်လောက်ကျတာတုန်း။
၆ - ဘယ်လောက်ရယ်တော့ အတိအကျမရှိပါဘူး။
၃ - ဟင်... တစ်သက်တစ်ကျွန်းလား။ ဘာမှုလဲ။
၆ - အွန်လိုင်းပေါ်မှာ ခိုးကူးတွေဖြန့်ချီမှုဗျ။ ငွေဒဏ်ဆောင်ခိုင်းတာ။ မဆောင်နိုင်လို့ ထောင်ထဲဝင်နေရတာ။
၃ - ဟာ.. ခင်ဗျားကလဲ.. ငွေဒဏ်က ဘယ်လောက်တောင်မို့လို့တုန်း။
၆ - ဒေါ်လာ ၅ ဘီလျံထဲပါဗျာ... (သန်း ၁၀၀၀ = ၁ ဘီလျံ)။ နောက် ၁ နှစ်လောက် နောက်ကျပြီးမှ ဝင်ရရင် ဆောင်နိုင်လောက်တယ်ဗျာ။ ဖမ်းမိတာ စောသွားတယ်ဗျာ.. တောက်.. ။
                                                                                          z@y@r (wytu)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...