စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
သီချင်း ၂၇၀ ၏ခေါင်းစဉ်လေးတွေနဲ့  ရေးထားတဲ့ အသည်းကွဲရည်းစားစာ
.အ၀ါရောင်နဲ့ ရေးထားတာတွေက ကညာ သိတဲ့ သီချင်းခေါင်းစဉ်လေးတွေပေါ့....ဖတ်ရှု့ အားပေးကြတဲ့ သူငယ်ချင်း များအား  အစဉ်လေးစား ချစ်ခင်လျှက်
သူငယ်ချင်းအားလုံး..အမြဲ ပျော်ရွှင်ရယ်မောနိုင်ပါစေလို့  ဒီနေရာလေးကနေ  ဗလာ ဆုတောင်းပေးတယ်နော်.
ညှို့ နိုင်လွန်းတဲ့ကျွန်မချစ်သူ ရေ
အခုဆိုရင် ငါ့ရဲ့ အဖြစ်ဆိုး ကိုကြည့်ပြီး သူငယ်ချင်း တွေက တစ်ယောက်တည်းလား လို့ မေးတိုင်း
 ရှားရှားပါးပါးမျက်ရည် တွေကျပြီး အထီးကျန် ၀မ်းနည်းလွန်းလို့  ငါလေ မျောက်ဖြစ်ချင်တယ်.
တို့ နှစ်ယောက်အကြောင်း ကို စပ်မိစပ်ရာကွိစိကွစ နဲ့  အတင်း ပြောတဲ့သူတွေကလည်း မနည်းဘူး တကယ်
နင်ငါ့ကိုထားသွားတာ အိမ်မက်လားတစ်ကယ်လား ဆိုတာ ဝေခွဲမရပါလား နော်
အခုလိုမျိုး ပဋိပက္ခ မှာ ငါမှားလားမင်းမှန်လား မသိတော့ပါဘူး သူငယ်ချင်းများစွာ က မငိုပါနဲ့ ကွယ်.
.
မုန်းဖို့ လွယ်တယ်မေ့ဖို့ ခက်တယ် ဆိုပေမဲ့ မဆုံတဲ့ဖူးစာ လို့ မှတ်ပြီး ဖြေသိမ့်လိုက် မေ့လိုက်တော့ တဲ့
နင့်အတွက် ယောကျာ်းရှားလား တဲ့..အော် ယောကျာ်းမရှားပေမဲ့ ငါ့ဘ၀အတွက် တစ်သက်စာ ကြင်ရာဖက်
လို့ ရွေးချယ်ထားပြီး ၀င်သက်ထွက်သက် အမျှ အနှိုင်းမဲ့ ချစ်ရတဲ့ ရည်းစားဦး နင့်ကို ဘယ်လိုမှမေ့မရဘူး ဆိုတာ မျက်စိမှိတ်ပြီးယုံလိုက် တော့
နင့်ကို ရူးအောင်ချစ်မိသူ ငါကိုယ်တိုင်က ဒါဟာအချစ်လား ဆိုတာ ၀ါးတား ၀ါးတား ဖြစ်နေတယ်.
ဒီဇင်ဘာည မှာနင် နဲ့ ဆုံတွေ့ ခဲ့တဲ့
ဖေဖော်ဝါရီမှတ်တမ်း တွေကို ၀မ်းနည်းမှတ်တမ်း အဖြစ်ထိုင်ရေးနေမိတာ စာမျက်နှာ ၁၅ တောင်ရှိနေပြီ.
နင်ထွက်သွားတဲ့ လမ်း က ငါနဲ့  အနီးဆုံးလားအဝေးဆုံးလား ဆိုတာထက် ဘယ်တော့မှ
မဆုံသောလမ်း ဖြစ်မှာ စိုးရိမ်တယ် ..တိုက်တိုက်ဆိုင်ဆိုင် သီတင်းကျွတ်ညလေးတစ်ည
မှာ နင်ပြောခဲ့တာက’’’’’’’’ ..နင့်ကို မပြောချင်လို့ ကြည့်နေတာကြာပြီ..ကံကောင်းလို့  မြေနီလမ်း လေးမှာ ငါ့ရည်းစားဟာသု့ ရည်းစားဖြစ်နေတယ် ဆိုတာ ငါသိလိုက်ရတယ်
ဟိုတုန်းကလို သူငယ်ချင်းလေး ပါလို့  လေပြေ စကားနဲ့  နင် မငြင်းပါနဲ့  နင် ငါ့ကိုအရူးမလုပ်နဲ့ ဆိုပြီးတော့
့  ကြားစကား တွေယုံပြီး အကြောင်းပြချက် ကောင်းကောင်းမရှိ တစ်ဖက်သတ် နင် ငါ့ကို စွပ်စွဲခဲ့တယ်နော်
ဘာ့အတွက်ဘာကြောင့် ဆိုတာ ရှင်းအောင်ပြော ပါ ငါဘာတွေလွဲနေလဲ တကယ်မသိခဲ့တာပဲ  အချေအတင်
ပြောမိတော့လည်းလမ်းဆုံ မှာ နင်ပြောခဲ့ပြန်တာက..မင်းကို ငါ မချစ်တော့ဘူး..မင်းလည်း
ငါ့ကို မချစ်နဲ့ တော့ မုန်းလိုက် တော့ လို့  ကြေကွဲစရာ ရက်ရက်စက်စက် လမ်းခွဲ
စကားတစ်ခွန်း နဲ့ ..နင် ငါ့ကို ထားရစ်ခဲ့ တဲ့နေ့ က ကမ္ဘာပျက်တဲ့နေ့  ပါပဲ...နင်
ဒီလိုမချစ်ဘူးမပြောပါနဲ့  နင် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး မင်းအတွက် အလိုအပ်ဆုံးအရာ က ငါမဟုတ်ဘူးဆိုတာ
မယုံနိုင်ဘူး.. တစ်ခါတည်းတွေ့ ဖူးရုံ နဲ့  ခုတစ်ယောက်နောက်တစ်ယောက် အပြောင်းအလဲ မြန်တတ်ပြီး
တကယ်မချစ်ဘဲနဲ့  အပျင်းပြေရည်းစား ထားတဲ့ ဘဲကြည်ဆော် ဆိုပြီး နံမည်ကြီး တဲ့ ကောင်မလေး လည်းငါ
မဟုတ်ရပါဘူး ဖြေရှင်းချက် တွေပေးဖို့  တယ်လီဖုန်း ဆက်ပြန်တော့လည်း နောက်မှဆက်ကွာ ဆိုပြီး
မင်းဖုန်းပိတ်ထားတဲ့ ည တွေများနေခဲ့ပြီ ငါ့ကို ခဏလေးများ ရှင်းပြခွင့်ပေးပါ အုံး နင်ငါ့ကို ရည်းစား
စကားပြောတုန်းက ငါ့ မျက်ဝန်း ကိုတစ်စိမ့်စိမ့်ကြည့် ပြီး ဒီတစ်သက်လုံးမှာ.မင်းကလွဲရင် ဘယ်သူ့ မှ
တမ်းတမ်းတတ သံယောဇဉ် မဖြစ်ဘူးပါဘူး နှလုံးသားကလဲ မင်းနဲ့ မှချစ်တတ်ပြီ မို့  ချစ်ခွင့်ရချင်ပြီ ထာဝရ
ပက်သက်ခွင့်ပြုပါ လို့ နင်ပြောခဲ့တဲ့စကားတွေကို ပြန်တွေးကြည့် ပါအုံး..
သတိရရဲ့ လား. နောက်ကျရင် လည်း နှစ်ယောက်တည်းကမ္ဘာ တည်ဆောက်ပြီး
ကျောချင်းကပ် နှစ်ယောက်တစ်အိမ်မက် တွေမက်လို့  ရိုးမြေကျ လမ်းမခွဲကြေး နဲ့ 
့ခပ်မိုက်မိုက်ချစ်ကြစို့ ဆို
နင်နဲ့ ပက်သက်သမျှ ဘာလာလာ နင်ဘာဖြစ်ဖြစ်ချစ်တယ်..နင်ဘယ်လောက် ဆိုး ဆိုး  အပြစ်မမြင် ပါဘူး
အပြစ်မတင်ရက်ပါ ဘူး အစဉ်အမြဲ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ဆိုတာ
ယုံကြည်နေပါ..ကြင်နာသူ.  ရာလို့ နင်ပြောခဲ့တဲ့စကားတွေ အခု မေ့မှာလား
နင်ပြောသမျှစကားတွေကို မာယာ လို့ မထင်မိဘဲ ၁၆နှစ်မ အရွယ်မဟုတ်တဲ့ ငါက
ရည်းစားထားတဲ့အရွယ်.မို့ နင့်စကားတွေကို ဖုတ်လိုက်ဖုတ်လိုက် ရင်ခုန်မိသူ
ငါကပဲ ပုံလာလာပြောတိုင်းယုံ ခဲ့မိတာကိုက အပြစ်ရှိလား ဟင်..
နင်နဲ့ ငါ..ဇာတ်လမ်းက ပြဇာတ်မဟုတ်သောပြဇာတ် မဆန် ဘဲ ဇာတ်ဆရာအလိုကျ
ပုံပြင်ဟောင်း တစ်ပုဒ်ဖြစ်ခဲ့ရပြီပေါ့.. တစ်နေ့ နေ့  အမှတ်မထင် ဒို့ နှစ်ယောက်တွေ့ ခဲ့ရင်
မနှုတ်ဆက်ချင်ဘူး ဆိုပြီး ရူးချင်ယောင်ဆောင်မနေနဲ့   ရည်းစားဟောင်း  လေးအနေနဲ့ 
နည်းနည်းလေးပဲ..တစ်ချက်လေးစောင့်ငဲ့ကြည့်ဦး..တကယ်ဆိုရင် ငါ နေချင်တာမင်းအနား ပါ ငါလေ
ချစ်သူ့ရင်ခွင်..မှာအိပ်စက်လို့ နေ့ တိုင်းညတိုင်း နင့်ကို
ကိုယ့်အနားရှိစေချင် တာပါ နင့်အပေါ် တစ်စက္ကန့် လေး တောင် မခွဲချင်
လောက်အောင်ချစ်ခဲ့တာပဲ..ဘာလိုသေးလဲ..မက်လောက်စရာ မရှိတဲ့ နင့်လို တောဂေါ်လီ ကို အားလုံးနဲ့ 
့မတူတဲ့အချစ် တွေနဲ့ ငါ့လိုချစ်မဲ့သူ နှစ်ယောက်မရှိဘူး..ဆိုတာ မင်းသိဖို့ ကောင်းတယ်.
ဘယ်သူကိုယ့်လောက်ချစ်သလဲ လို့ လဲမေးလိုက်ချင်ပါတယ်...မင်းကြောင့် ရတဲ့ အသည်းကွဲတဲ့ရောဂါ က
ကင်ဆာ မဟုတ်ပေမဲ့. အတွင်းကြေ ဆိုတာ နင် နားလည်ပါ မင်းမရှိတဲ့ညများ မှာ မင်းအကြောင်းအိမ်မက်
မက်ရင်းနဲ့ မိုးလင်းသွားတဲ့ညများ လဲများနေခဲ့ရပြီ..
မင်း မျက်နှာ က မင်းရဲ့  အကြည့်တစ်ချက် နဲ့ တင် မင်းမှမင်း ပဲဖြစ်နေလို့ အသည်းခွဲခံဖို အမြဲတမ်းပဲမင်း အတွက်
အသင့်သူပါ ကိုယ့်ဘ၀ကို စွန့် သွားတော့နေခြည် လို့  နင်စေရင် စွန့် သွားမဲ့သူဆိုလည်းမမှားပါဘူး
တစ်ခါတစ်လေတော့လည်း ငါ့အသည်း ကြွေချင်လည်း ကြွေပါစေ နင်ပျော်ရင်ပြီးတာပဲ ဆိုပြီး
နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့  မင်းနဲ့ ဝေးရာ မှာ မင်းတစ်ယောက်သာ  တိတ်တိတ်လေးပဲချစ်သွားမယ် လို့ 
အသည်းကြေငြာမောင်းခတ်ထားမိတယ်.အချစ်=အချစ် ၊အချစ်=အမှိုက် လို့  တစ်ချို့ ကပြောနေကြပေမဲ့
ငါကတော့ ညီမျှခြင်း မညီမျှခြင်း တွေထက် မိန်းကလေးအချစ် မို့ ဝေးရမှာတွေးကြောက်သူ
ဆိုတာ ၀န်ခံပါ တယ် ငါ့စိတ်နဲ့ ငါ ကိုယ့်ကြောင့်ပျော်ပါစေ ဆိုပြီး ကမ္ဘာကျော်တဲ့စိတ်ကူး တွေနဲ့ 
်
စိတ်ထဲရှိတာအားလုံး ပြောရရင် မင်းအနားရှိရင် လေ ငါ့ ဘ၀ ဘ၀ တွေအတွက် ပြည့်စုံလွန်း နေပါပြီ
ဘာမှနောက်ထပ်အလိုမရှိ တော့ပါဘူး ဒို့ နှစ်ယောက် ပြန်မဆုံဖြစ်ကြရင် ဆိုတဲ့ အတွေး နဲ့ မင်းနဲ့ ဝေးချိန်
မင်းကိုသတိရရင်..နေညိုချိန် ဒို့ နှစ်ယောက်ထိုင်နေကျ အလွမ်းကဖီး လေးမှာ
ကော်ဖီခါးခါး ကြိုက်တတ်တဲ့မင်းကို ကော်ဖီသောက်တိုင်းလွမ်းတယ်..ကွယ် ကိုယ်တစ်ယောက်တည်း
မင်းစိတ်နဲ့ ရူး နေလို့  နေရာအနှံ  လျှောက် လျှောက် သွားနေမိတယ်..အသည်းကွဲမြို့ တော် မှာ
အသည်းကွဲသီချင်းသစ်   အသည်းကွဲကဗျာ တွေနဲ့  အလွမ်းမိတ်ဆွေ ဖွဲ့ နေမိပေမဲ့ အရင်ကဇာတ်လမ်းလေး 
တွေကို အခုချိန်ထိဆွေးမြေ့အသည်း နဲ့ တော့ မလွမ်းရဲသေးဘူးမောင်ရယ်..ငါနဲ့ မင်း  အတူရှိစဉ်က
ခဏတော့နားထောင်ပါ    ဒီကောင်မလေးအတွက်  ဆိုပြီး သီချင်းရှင်ကိုကြင်နာလှည့်ပါ နဲ့ 
အဲဒီလောက်တောင်ချစ်ရသည် ဆိုတဲ့
သီချင်းတွေကို နင်ဆိုပြခဲ့တာ ဘယ်တော့မှမမေ့ဘူး  အခုနေမင်းနဲ့ တွေ့ ရင်  တွေ့ စကအတိုင်းပဲ
ပြောင်းလဲမသွားဘူး   ရင်မှာအရင်တိုင်း အရင်လိုချစ်တုန်းပဲ ချစ်သူ
ချစ်ခဲ့ဖူးလားဖြေပါ လို့  မမေးချင်တော့ပါဘူး ကြယ်တွေကြွေသွားသည့်တိုင်  ဆု   တစ်ခုတောင်းခွင့်ရရင်
မင်းနဲ့ နီးပါရစေ လို့ ပေါ့ အချစ်မှန်ရင်မဝေးဘူး ဆိုတာကို ယုံကြည်ချင်တယ်. မင်း ယုံလား မသိပေမဲ့ ငါကတော့
I believe myself  ပဲ ချစ်သူ နောက်ဆုံးမိနစ် ထိ တစ်ဘ၀လုံးချစ်မဲ့သူ ငါကတော့
မင်းရဲ့ဘ၀အတွက် နောက်ဆုံးရင်ခွင် လည်းငါဖြစ်ချင်တယ် တစ်ခါတစ်လေ  ဟန်နေ ဆိုတဲ့ မင်းရဲ့  ခေါ်သံ
လေးတွေ ကြားယောင်မိတယ်…မျော်လင့်မထားတဲ့အချိန် မှာ Baby I Love You ဆိုပြီး နင်သာ ပြန်လာခဲ့ ရင်
အလွမ်းရဲ့ည  တွေ ပျောက်ကွယ်ပြီး ငါရဲ့ အိမ်ပြန်လမ်း တွေလည်း အတိုင်းထက်အလွန် အမြဲတမ်းပဲချို
မြိန်သွားမယ်ထင်တယ်. ငါတို့ နှစ်ယောက်ရဲ့ ရည်းစားသက်တမ်း နှစ်ပတ်လည် မှာ ရည်းစားချော့တေး
တွေနဲ့ မင်းစချော့ပါ လို့ လဲ ငါမပူဆာချင်ပါဘူး
ကြာပါတယ်ကွာ ကိုယ့်ရဲ့ ကွက်လပ် ကိုမင်းဖြည့်ဖို့ ရာ ခုချက်ချင်း ပြန်လာပါ လို့ အတင်းမတောင်းဆိုပါဘူး
ဘယ်လောက်ဝေးဝေး..တကယ်ဆိုရင်အချစ်ပဲလိုတယ် ဆိုတာ မင်းလေးနားလည် တဲ့ တစ်နေ့ တော့
ပြန်လာခွင့်လေးပေးထားတယ် အလွမ်းဆုလာဘ် တွေ တပွေ့ တပိုက်နဲ့ နောက်ဆုံးထွက်သက်ထိ မင်းကို
မျှော်လင့်နေမယ် ဆိုတာပြောလိုက်ပါရစေ
နင့်ရဲ့  ငယ်ချစ်ဦး
ယဉ်ယဉ်လေးရူး နေသူ
မယ်တင် ( ခ ) စာဥ
ရင်မှာအလွမ်းတွေပျောက်
အကြင်နာအနမ်းတွေရောက်
ဤစာဖတ်သူု မျောက်
ဟိဟိဟိဟိနောက်တာနော်
စိတ်ဆိုးလား
စိတ်မဆိုးပါနဲ့  လူဆိုတာမျောက်ကဆင်းသက်တာတဲ့။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...