စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက် ရှည်ရှည်နေနိုင်ဖို့ ဆေးလိပ်ဖြတ်ကြစို့




        ကမ္ဘာပေါ်မှာ နံပါတ်(၁) အသေ အပျောက်အများဆုံး ကင်ဆာက တော့ အဆုတ် ကင်ဆာပါ။ ကမ္ဘာ့ ကျန်းမာေ   အစီရင်ခံစာအရ အဆုတ် ကင်ဆာကြောင့် နှစ်စဉ် လူ ၁.၃ သန်း နီးပါး သေဆုံးနေကြရတယ် လို့သိရပါတယ်။ ၉၀ ရာခိုင်နှုန်းသောအဆုတ်ကင်ဆာတွေဟာ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပါတယ်။ အဆုတ် ကင်ဆာဖြစ်ပွားနှုန်းဟာ အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုများ လာသလို အဲဒီနိုင်ငံတွေမှာ ဆေးလိပ် သောက်တဲ့ ဦးရေကလည်း ပိုတိုးတိုး လာနေပါတယ်။ ပိုကြောက်ဖို့ ကောင်းတာက တော့ အသက်ငယ်ရွယ်စဉ်ကတည်း က ဆေးလိပ်သောက်ခဲ့သူတွေမှာ အဆုတ်ကင်ဆာ ပိုဖြစ်တာ တွေ့လာရ တာပါပဲ။ ဒါ့အပြင် အမျိုးသမီးတွေ ဆေးလိပ်သောက်တာ များလာလို့ပဲ လားမသိ၊ ယခင်က အဆုတ်ကင်ဆာ ဟာ အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိ တာ တွေ့ခဲ့ရပေမယ့် ယခုအခါ အမျိုး သမီးတွေမှာလည်း အဆုတ်ကင်ဆာ ရောဂါ အဖြစ်များလာတာကို တွေ့ နေရပါပြီ။ဘာကြောင့်လဲဆိုတော့အမျိုးသမီးတွေလည်း ဆေးလိပ် သောက်တဲ့အလေ့အထ ပိုများလာတဲ့ အတွက်ကြောင့်ဖြစ်တယ်။ ဆေးလိပ်၏ အခိုးအငွေ့များ ထဲတွင် ဓာတ်ပစ္စည်း အမျိုးအစား ၄၀ဝ ကျော် ပါဝင်ပါတယ်။ ၄င်းတို့ အနက် အမျိုးအစား ၄၀ လောက်ဟာ ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း တွေ့လာခဲ့ပါပြီ။ 

           အဆုတ် ကင်ဆာ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းမှာ တစ်နေ့ ဆေးလိပ် ဘယ်နှလိပ်သောက် လဲ၊ ဆေးလိပ်သောက်တဲ့နှစ်ကာလ ဘယ်လောက်ကြာပြီလဲ၊ နှစ်ကြာလေ၊ ရောဂါဖြစ်နိုင်တဲ့ အနေအထား ပိုများ လေဆိုတာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် မိသားစု၊ မိတ်ဆွေ၊ ဆွေမျိုးထဲမှာ ဆေးလိပ်သောက်တတ်တဲ့သူတစ်ဦး ရှိရင် ကျန်တဲ့ သူတွေမှာ ဆေးလိပ် မ သောက် ပါဘဲ လျက် ဆေးလိပ်ငွေ့ နေ့စဉ် ရှူနေရတဲ့ ပြဿနာကြောင့် ထိုအိမ်သူ၊ အိမ်သား မိတ်ဆွေတွေ မှာပါ အဆုတ်ရောဂါဖြစ်နိုင်ခြေများ လာ ကြောင်း တွေ့ရှိ လာရပါတယ်။ ဒါ့ အပြင် အဆုတ် ကင်ဆာဟာ မျိုးရိုး လိုက်တာတွေတောင် တွေ့လာရပါ ပြီ။ ဥပမာ- ခင်ပွန်းက ဆေးလိပ် ကြိုက်သူ၊ ဆေးလိပ်အမြဲသောက်တဲ့ သူတွေဆိုရင် သူ့မိန်းမမှာ အဆုတ် ကင်ဆာဖြစ်နိုင်ခြေမြင့်မားနေကြောင်း တွေ့ရှိရပါတယ်။ ဒါတင်မကပါဘူး။ အလုပ်ထဲ မှာလည်း ကိုယ့်နံဘေးက ဝန်ထမ်း ဟာဆေးလိပ်သောက်တတ်သူဖြစ်ပါက ကိုယ်က ဆေးလိပ်မသောက်ပေမယ့် မိတ်ဆွေ ဖွာလိုက်၊ ရှိုက်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို လိုက်ပြီးရှူရှိုက် နေရပြီဖြစ်ပါတယ်။ 

      အဲဒီသူတွေမှာ လည်း အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများလာပါပြီ။ ဆေးလိပ်သောက် တတ်သူမဟုတ်ပါဘဲနှင့် ဆေးလိပ် ငွေ့တွေ နေ့စဉ်ရှူနေရခြင်းကြောင့် အဆုတ်ရောဂါ ဖြစ်ပွားပြီး သေဆုံး တဲ့နှုန်းဟာ တစ်နေ့လျှင် ၅ ယောက် နှုန်းရှိတယ်လို့ သိရပါတယ်။ အဆုတ်ကင်ဆာ ကုသမှုအတွက် ကောင်းမွန်တဲ့ ကုသနည်းတစ်ခု ကတော့ ကင်ဆာဖြစ်နေတဲ့အဆုတ် ရဲ့အစိတ်အပိုင်းကို ဖြတ်ထုတ်လိုက် ခြင်းပဲဖြစ်ပါတယ်။ ကံဆိုးတာကတော့ တွေရဲ့ ၁၀ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း လောက်သော လူနာတွေကိုသာလျှင် ရောဂါစောစောစီးစီးရှာဖွေ သိရှိလို့ အောင်မြင်စွာခွဲစိတ်ပေးနိုင်ပါခဲ့တယ်။ ကျန် ၈၀ ရာခိုင်နှုန်းသော အဆုတ် ကင်ဆာလူနာတွေခမျာအဆုတ်ကင်ဆာ လို့ ရောဂါအမည်တပ်နိုင်တဲ့အချိန် မှာ ကင်ဆာကလာပ်စည်းတွေဟာ တခြားနေရာတွေကိုပါ ပျံ့နှံ့ပြီးသား ဖြစ်နေလေ့ရှိတယ်။ ဆိုလိုတာက အဆုတ်ကင်ဆာ အများစုဟာ ကုသ ဖို့ နောက်ကျနေလေ့ရှိတတ်တယ်။ ထိုသူတွေကို ကုသပေးပေမယ့်လည်း နောက်ထပ် ၅ နှစ် အသက်ပိုရှည်နှုန်း ဟာ လူနာ ၁၀ဝ မှာ ၅ ယောက် လောက်သာရှိပါတယ်။ ဆေးပညာတွေဟာ ခေတ်မီ တိုးတက် ဆန်းပြားလာတယ်ဆိုတာ လူတိုင်း အသိပါ။ ဆေးအသစ်တွေ ထုတ်လုပ်လာနိုင်သလို စက်ပစ္စည်း ကိရိယာတွေ၊ အဆင့်မြင့်နည်းပညာ တွေပါ ပေါင်းစပ်တီထွင် ထုတ်လုပ် လာကြပါပြီ။ သို့သော် အဆုတ် ကင်ဆာကို အမြစ်ပြတ်အောင် မကုသ နိုင်ကြသေးပါဘူး။ လုပ်နိုင်တာ တစ်ခုတော့ရှိပါ တယ်။ဒါကတော့ဆေးလိပ်မသောက် ကြဖို့၊ စီးကရက် မသောက်ကြဖို့ ပါပဲ။

         ဆေးလိပ်သောက်တဲ့ အလေ့အကျင့် တွေ အမြစ်ပြတ်အောင် တိုက်ဖျက်ဖို့ပဲ ရှိပါတယ်။ ဆေးလိပ်စက်ရုံတွေမ ရှိရင်၊ ဆေးလိပ်ရောင်းမယ့်သူမရှိရင် ဆေးလိပ်သောက်တဲ့ အမူအကျင့်ကို လျှော့ချပေးလာနိုင်ပြီး အမြစ်တွယ်လာ တဲ့ ဆေးလိပ်ငွေ့တွေရဲ့ ဆိုးကျိုး များ ကွယ်ပျောက် သွားတဲ့ အထိတိုက်ထုတ် အများစုက ယုံကြည်နေကြပါတယ်။ အများသိထားကြသလိုပဲ အဆုတ် ကင်ဆာကိုခွဲစိတ်ဖယ်ထုတ်တဲ့ ခွဲစိတ် ကုသမှုမှာ မေ့ဆေးအထောက်အကူ ကောင်းမွန်ရမှာဖြစ်ပြီး ခွဲစိတ်ပြီးနောက် မှာလည်း လူနာကိုသေချာစွာပြုစု စောင့်ရှောက်မှုပေးဖို့ အများကြီးအချိန် ပေးရပါတယ်။ အဲဒီလိုပြီးပြည့်စုံတဲ့ ခွဲစိတ်ကုသမှုမျိုး ရရှိမှသာ နောက် ဆက်တွဲရောဂါဖြစ်ပွားမှုနည်းပါးမှာ ဖြစ်ပါတယ်။ ကာကွယ်ခြင်းသည် ကုသခြင်း ထက် ပိုကောင်းတယ်ဆိုတဲ့ ဆောင်ပုဒ် ဟာ ဘယ်တော့မှ ရိုးသွားမှာမဟုတ် ပါဘူး။ ဒါကြောင့် လူထူထပ်တဲ့ ကားမှတ်တိုင်တို့၊ ရုပ်ရှင်ရုံ၊ ဈေးနဲ့ မိမိ မိသားစု အတွင်းမှာ ဆေးလိပ် သောက်ခြင်းမျိုးတွေ မလုပ်သင့်ပါ။ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း ဆေးလိပ်သောက်တာကို တားမြစ်သင့် ပါတယ်။ သင်ဟာ ဆေးလိပ်သောက် သူဆို ပါက ဆေးလိပ်ဖြတ်တယ်ဆိုတာ ဘယ်တော့မှ နောက်မကျပါဘူး။ ယခုသိရင် ယခု ဆေးလိပ်ဖြတ်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...