စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဥက္ကာခဲများ ကမ္ဘာပေါ်သို့ကျရောက်ပါက ပျက်စီးမှုအဆိုးဆုံး ဖြစ်နိုင်သည့် နိုင်ငံများ

လက်ရှိတွင်မူ အန္တရာယ် အပေးနိုင်ဆုံး ဥက္ကာခဲများသည် ကမ္ဘာနှင့် မိုင်ပေါင်း (၅)သန်းမျှ ဝေးကွာနေ
သော်လည်း အာကာသအတွင်း မျောလွင့်နေသော လမ်းကြောင်းများ အရ အချိန်မရွေး ကပ်ဘေး
တစ်ခုထံ ဦးတည်လာနိုင်ကြောင်း သုတေသီများကဆိုသည်။



အကယ်၍ ကမ္ဘာပေါ်သို့ စကြာဝဠာအတွင်းမှ ဥက္ကာခဲများ ကျရောက်လာမည် ဆိုပါက ပျက်စီးမှု အဆိုးရွား ဆုံး
နိုင်ငံ (၁၀)ခု စာရင်းကို နက္ခတ်ဗေဒ ပညာရှင်များက ထုတ်ပြန်ခဲ့သည်။ နေစကြာဝဠာထဲတွင် ကမ္ဘာမြေအား
ထိခိုက်မှု ဖြစ်စေနိုင်လောက်သည့် အလားအလာမျိုး ရှိနေသော ဥက္ကာခဲပေါင်း (၄၇၀၀၀)မျှ စီးမျောနေသည်။
အဆိုပါ ဥက္ကာခဲများသည် အချိန်တိုင်းလိုလိုတွင် ကမ္ဘာပေါ်၌ ကပ်ဘေးများ ဖြစ်လာစေနိုင်သော သဘာဝ ခြိမ်း
ခြောက်မှု တစ်ခုနှယ် ရပ်တည်နေကြောင်း သိရသည်။ ဗြိတိန်နိုင်ငံ၊ ဆောက်သမ်တန် တက္ကသိုလ်မှ သုတေသီ
များက NASA၏ သုတေသန ရလဒ်များကို အခြေခံကာ ခန့်မှန်းချက် ထုတ်ပြန်သွားခဲ့သည်။ NASA၏ တွေ့ရှိ
ချက်အရ အလျား၊ အကျယ် ပေ(၃၃၀)ထိ ရှိသော ဥက္ကာခဲများသည် အာကာသထဲတွင် ရှိနေပြီး ယင်းတို့သည်
ပျက်စီးမှု ကြီးမားစွာ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။






သုတေသီများက အကယ်၍သာ နေအဖွဲ့အစည်း အတွင်းရှိ ဥက္ကာခဲများ ကမ္ဘာပေါ်သို့ ကျရောက်လာပါက အဆိုး
ရွားဆုံး ထိခိုက်နိုင်သည့် နိုင်ငံ (၁၀)ခုမှာ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ အီတလီ၊
ဗြိတိန်၊ ဘရာဇီးလ်နှင့် နိုက်ဂျီးရီးယားတို့ ဖြစ်ကြောင်း ပြောကြားထားသည်။ လက်ရှိတွင်မူ အန္တရာယ် အပေးနိုင်
ဆုံး ဥက္ကာခဲများသည် ကမ္ဘာနှင့် မိုင်ပေါင်း (၅)သန်းမျှ ဝေးကွာနေသော်လည်း အာကာသအ တွင်း မျောလွင့်နေ
သော လမ်းကြောင်းများအရ အချိန်မရွေး ကပ်ဘေးတစ်ခုထံ ဦးတည်လာနိုင်ကြောင်း သုတေသီများက ဆိုသည်။





နက္ခတ်ဗေဒ ပညာရှင် တစ်ဦးဖြစ်သော လင်လီဂျွန်ဆင်က "ကျွန်တော်တို့ရဲ့ တွေ့ရှိမှု ရလဒ်တွေအရ အခြေ
အနေ ကောင်းပါတယ်။ တစ်ဖက်မှာလည်း ဥက္ကာခဲတွေဟာ ကမ္ဘာကို အချိန်မရွေး ဦးတည်လာနိုင်တယ် ဆိုတာ
ကို မေ့ထားလို့ မရပါဘူး။ ကျွန်တော်တို့ဟာ အာကာသထဲက အန္တရာယ် ရှိစေနိုင်လောက်တဲ့ ပစ္စည်းတွေကို
ထပ်ပြီးတော့ ဖော်ထုတ် တွေ့ရှိနေဆဲပါ။ အထူးသဖြင့် လာမယ့် ဆယ်စုနှစ် (၂)ခုလောက်မှာ ကျွန်တော်တို့ဟာ
အာကာသထဲက ရွေ့လျားနေတဲ့ အစိုင်အခဲတွေကို ပိုပြီး အာရုံစိုက် စောင့်ကြည့်နေဖို့ လိုအပ်ပါ တယ်"ဟု
ပြောကြားသွားသည်။

credit by -www.planet.com.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...