စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
မင်္ဂလာဆောင်ပွဲတွင် သီချင်းဆိုမိလို့ သေဒဏ်ပေး...
မင်္ဂလာဆောင်မှာ ကမိလို့ ဘ၀ဆုံးတော့ မလို့ ...
နမူနာအဖြစ်တင်တဲ့ ပုံပါ...
Picture used for illustrative purposes only. (GETTY/GALLO)
မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် သီဆိုကခုန်ခဲ့ ခြင်းကြောင့် အမျိုးသမီး ၄ ဦးနှင့် အမျိုး
သား ၂ ဦးတို့ အား ပါကစ္စတန်နိုင်ငံမြောက်ပိုင်းတွင် သေဒါဏ်အပြစ်ပေးရန်အမိန့် ချမှတ်ခဲ့ ပါ
တယ်....
ကိုဟစ်စတန်နယ်မှ တောင်တန်းများထူထပ်သည့် ဝေးလံသီခေါင်သည့် ရွာကလေးတွင်ကျင်းပ
သည့် အခမ်းအနားတွင် ထိုလူ ၆ ယောက်တို့ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေသည်ကို ဖုံးဖြင့် ရိုက်ကူး
ခဲ့ ခြင်းဖြစ်ပါတယ်...
တင်းကြပ်စွာတားမြစ်ထားသည့် ( အမျိုးသမီးများ အမျိုးသားများနှင့် ရောနှောကာနေထိုင်ခြင်း၊
 သီဆိုကခုန်ခြင်းမပြုရဟုသော) လူမျိုးစုဆိုင်ရာ ဓလေ့ ထုံးစံအား အာခံကာ ဂါဒါရွာကလေးတွင်
ယခုကဲ့သို့ အတူကခုန်သီဆိုခဲ့ ခြင်းကြောင့်  ဒေသခံဘာသာရေးခေါင်းဆောင်များက အပြစ်ပေး
ခဲ့ တာဖြစ်တယ်လို့ ထိုဒေသရှိ အစိုးရအုပ်ချူပ်ရေးဆိုင်ရာတွေကဆိုပါတယ်...
" ဒေသခံဗလီဆရာတွေက ထိုဗီဒီယိုကလစ်ထဲတွင်ပါဝင်သည့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား၂
ဦးတို့ အား သတ်ပစ်ရန် အမိန့် ထုတ်ပြန်ခဲ့ ပါတယ်..." လို့ ထိုအရပ်ဒေသဆိုင်ရာ ရဲအရာရှိ အဘဒူ
မာဂျစ်အဖရီဒီ ကအေအက်ဖ်ပီ သတင်းဌာနကိုပြောကြားခဲ့ ပါတယ်...
" အစတုံးကတော့ အမျိုးသားများကိုအယင်သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ ကြတာဖြစ်ပါတယ်... ဒါပေမယ့်
၎င်းတို့ ထွက်ပြေးသွားသွားလို့ အမျိုးသမီးတွေ အချိန်အတိုင်းအတာတစ်ခုအထိ သက်သာရာရ
သွားခဲ့ ကြတာဖြစ်ပါတယ်... ကျွန်တော်ကတော့ ၎င်းတို့ ကိုဖမ်းဆီးဖို့ အဖွဲ့ တစ်ဖွဲ့ စေလွှတ်လိုက်
ပြီး သတင်းကိုနားစွင့် နေပါတယ်... အမျိုးသမီးတွေကိုတော့ ၎င်းတို့ နေအိမ်တွေမှာပဲနေခိုင်းထား
ပါတယ်" လို့ ထိုအရာရှိကဆိုပါတယ်...
ထိုအဖြစ်အပျက်ဟာ လူမျိုးစုနှစ်စုအကြား အချင်းများကြရာမှ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ ရတာဖြစ်
ပြီး ယောကျာင်္းများနှင့် မိန်းမများ ရောနှောနေထိုင်ကြတဲ့ သက်သေမရှိပါဘူးလို့ လို့ အဖရီဒီ ကဆို
ပါတယ်...
" ဗီဒီယိုထဲမှာတော့ သူတို့ အားလုံး သီးခြားစီ ( အမျိုးသား၊ အမျိုးသမီး သီးသန့် ) ခွဲနေကြတာ
တွေ့ ရပါတယ်... ကျွန်တော်ကိုယ်တိုင် ထိုဖုံးနဲ့ ရိုက်ထားတဲ့ ဗီဒီယိုကိုကြည့် ခဲ့ ရပါတယ်... အဲဒီအ
ထဲမှာပါတာက အမျိုးသမီး ၄ယောက်သီချင်းဆိုနေကြပြီး အမျိုးသား ၁ ယောက်ကလည်း တစ်
ခြားသတ်သတ်နေရာမှာ ကနေတာဖြစ်ပြီး နောက်ထပ်အမျိုးသားတစ်ယောက်ကလည်း နောက်
ထပ်ရိုက်ထားတဲ့ နေရာတစ်ခုမှာ ထိုင်နေတာသာဖြစ်ပါတယ်..."  လို့ သူကဆိုပါတယ်...
" ဒါဟာ လူမျိုးရေးဆိုင်ရာ မုန်းတီးမှု၊ အငြင်းပွားမှုဖြစ်ပါတယ်... ဒီဗီဒီယိုကလစ်က လူမျိုးစုတစ်
စုကို သိက္ခာချဖို့ စီရင်ဖန်တီးထားတာဖြစ်ပါတယ်...."  လို့ သူကထပ်ပြီးပြောပြခဲ့ ပါတယ်...
ပါကစ္စတန်နိုင်ငံတွင် အနည်းဆုံး အမျိုးသမီးပေါင်း ၉၄၃ ဦး ၎င်းတို့ ၏မိသားစုသိက္ခာကျ အရှက်
ရစေမှုဖြင့် လွန်ခဲ့ သည့် နှစ်က အသတ်ခံခဲ့ ရတယ်လို့ နိုင်ငံဆိုင်ရာ လူ့ အခွင့် အရေးကော်မရှင်
ကဆိုပါတယ်...
အဆိုပါကိန်းဂဏာန်းများက ရှေးရိုးစွဲမွတ်ဆလင်ဝါဒီများကြီးစိုးသည့် ပါကစ္စတန်နိုင်ငံတွင် ဒုတိယ
တန်းစားအဖြစ်သတ်မှတ်ချိုးနှိမ်ခံရသည့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုခံရသည့် ပမာ
ဏ မည်မျှမြင့် မားသည်ကို ညွှန်ပြနေပါတယ်...
Four women and two men have been sentenced to death in northern Pakistan for singing and dancing at a wedding, police say.
Clerics issued a decree after a mobile phone video emerged of the six enjoying themselves in a remote village in the mountainous district of Kohistan, 176km north of the capital Islamabad.
Pakistani authorities in the area said local clerics had ordered the punishment over allegations that the men and women danced and sang together in Gada village, in defiance of strict tribal customs that separate men and women at weddings.
"The local clerics issued a decree to kill all four women and two men shown in the video," district police officer Abdul Majeed Afridi told AFP.
"It was decided that the men will be killed first, but they ran away so the women are safe for the moment. I have sent a team to capture them and am waiting to hear some news," he said, adding that the women had been confined to their homes.
Afridi said the events stemmed from a dispute between two tribes and that there was no evidence the men and women had been mingling.
"All of them were shown separately in the video. I've seen the video taken on a cell phone myself. It shows four women singing and a man dancing in separate scenes and then another man sitting in a separate shot," he said.
"This is tribal enmity. The video has been engineered to defame the tribe," he added.
The Human Rights Commission of Pakistan said at least 943 women and girls were murdered last year for allegedly defaming their family's honour.
The statistics highlight the scale of violence suffered by many women in conservative Muslim Pakistan, where they are frequently treated as second-class citizens.
ကိုပီတာ
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...