စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘန်ကောက်တွင် ခလေးလူသားခြောက်များ ဖမ်းမိ

ထိုင်းထိုင်ငံ ယနေ့ မေလ ၁၉ ရက်နေ့စွဲဖြင့် S News- Sanook News (http://news.sanook.com/gallery/gallery/1118455/) အွန်လိုင်း စာမျက်နှာမှာ အကျယ်တ၀င့် ဖော်ပြထားသည့် ဓာတ်ပုံများ
သန္ဓေသားကလေး အလောင်းကို အခြောက်လှမ်း၊ အောက်လမ်းနည်းတွေနဲ့ စီရင်ထားတဲ့ “သားခြောက်” လို့ မြန်မာလို ခေါ်ပြီး ထိုင်းဘာသာစကားနဲ့ဆို “ကုံမာန်ထုန်”လို့ ဆိုတာတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရောင်ဝါရတ် ဟော်တယ် တခုမှာ အသက် ၂၈ နှစ်ရှိ ထိုင်ဝမ် နိုင်ငံသား တယောက်ဆီက ဖမ်းဆီးရမိပါတယ်။

မေလ ၁၈ ရက်နေ့က ကလေးသူငယ်နဲ့ အမျိုးသမီးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့က အဆိုပါ ထိုင်ဝမ်လူငယ်ဆီကနေ ရွှေချထားတဲ့ မွေးကင်းစ သားခြောက် ၆ ခုနဲ့ အတူဖမ်းမိလိုက်တာဖြစ်ပါတယ်။

ထူးဆန်းတာက ညဖက်တွေမှာ အနီးအနားပတ်ဝန်းကျင်က လူတွေက ကလေးတွေရဲ့ ငိုသံတွေကြားရလို့ သံသယဖြစ်တာ နဲ့ ရဲကို အကြောင်းကြားတယ် တဲ့။ ဒါနဲ့ ရဲတွေက အဲဒီအသံကြားရတယ်ဆိုတဲ့ နေရာကို ၀င်ရှာတယ်။

ကလေး တယောက်တလေမှ မတွေ့ရဘဲ ထိုင်ဝမ် အမျိုးသားကိုပဲ တွေ့ကြတယ်။ သူတို့ ကလေးတွေ ဆိုတာကို ရှာတာ မ တွေ့လို့ ပြန်သွားကြတယ်တဲ့။ ရဲတွေ ပြန်သွားပြီဆိုရင် ခုနက ကလေးငိုသံတွေ ကြားရပြန်ရော တဲ့။

ဒါနဲ့ ရဲကို ဒီအကြောင်း အသေးစိပ် ထပ်အကြောင်းကြားတော့ နောက်ဆုံး ထိုင်ဝမ် အမျိုးသားကို သံသယဖြစ်တာနဲ့ ထပ်မံ ရှာဖွေ၊ စစ်မေး လိုက်တဲ့အခါမှာ ရွှေချထားတဲ့ သားခြောက် ဆိုတာတွေကိုတွေ့လိုက်ရ တာပါပဲ တဲ့။

ဒီ သားခြောက်ဆိုတာတွေကို အထူးသဖြင့် အယူသည်းတဲ့ တချို့ တရုတ်လူမျိုးတွေက ဆိုင်တွေ၊ အိမ်တွေနဲ့ သူတို့ လုပ် ငန်းတွေမှာ ထားရင် လာဘ်လာဘ ကောင်းတယ်လို့ ယုံကြည်ကြပါတယ် တဲ့။ အဲဒီလို သားခြောက် ကလေး အလောင်း တခုကို ထိုင်ဝမ်မှာ ရောင်းချရင် ထိုင်းဘတ် ငွေ ၁.၈ သိန်းကနေ ၂ သိန်း နဲ့ အထက် ရတယ်၊ ကြိုက်ဈေးတွေ့ရင် ဒီထက်တောင်ပိုပါသေး တယ် တဲ့။

သူကတော့ အင်တာနက်ကနေ လေလံခေါ်ရောင်းချနေသူလည်း ဖြစ်ပါသတဲ့ ။

ထိုင်းနိုင်ငံမှာ ဒီကနေ့ထုတ် ထိုင်း၊ အင်္ဂလိပ် သတင်းစာတွေအားလုံးက မျက်နှာဖုံးမှာ ဖော်ပြထားကြတဲ့သတင်းလည်း ဖြစ်ပါတယ်။


ရွှေချထားသော သားခြောက်များ


တရားခံ ထိုင်ဝမ်အမျိုးသားနှင့် သားခြောက်လေးများ
http://www.thespiritfruit.com/2012/05/blog-post_3481.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...