စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







facebook ပေါ်က ဖတ်မိသမျှ ဟာသလေးတွေပါ..(ရယ်ရတယ်)

ပိုဆိုးသွားပြီ.......
လူငယ်တစ်ယောက် ဆရာဝန်ထံ ရောက်လာပြီး မိမိခံစားနေရသော ဒုက္ခကို ပြောပြသည်။
“ဒေါက်တာ၊ ကျွန်တော့်ကို အကြံပေးပါဦး၊ ကျွန်တော့်မှာ အိပ်ပျော်တယ်ဆိုရင်ပဲ အိပ်ရာထဲ ဆီးသွားတဲ့အကျင့် ဖြစ်နေတယ်”
“ဆီးမသွားခင်မှာ ခင်ဗျား ဘယ်လိုခံစားရသလဲ၊ ဒါမှမဟုတ် အိပ်မက်တို့ ဘာတို့ မက်သလား”
“ဟုတ်ကဲ့၊ အိပ်မက် မက်လေ့ ရှိတယ်၊ မင်းညီမင်းသား အ၀တ်အစား ၀တ်ထားတဲ့ လူတစ်ယောက် ပေါ်လာပြီး “ရှူးရှူးပေါက်ရအောင်” လို့ ကျွန်တော့်ကို ပြောတယ်။ အိပ်ရာကနိုးလို့ ထကြည့်လိုက်တော့ အိပ်ရာရော၊ တစ်ကိုယ်လုံးပါ ရွှဲနေတော့တာပါပဲ ခင်ဗျာ”
“နောက်တစ်ခါဆိုရင် ဒီလိုလုပ်ပါ၊ အဲဒီမင်းသား ပေါ်လာပြီး “ရှူးရှူးပေါက်ရအောင်” လို့ ပြောရင် “ပေါက်ပြီးပြီ” လို့ ခင်ဗျား ပြန်ဖြေလိုက်ပါ”
“ဟုတ်ကဲ့ ဒေါက်တာ၊ ကျေးဇူးပါပဲ”
နောက်တစ်ပတ်ကြာသော် ဆရာဝန်ထံ လူငယ် ရောက်လာပြန်သည်။
“ဒေါက်တာ၊ အရင်ကထက် အခြေအနေ ပိုဆိုးသွားပြီခင်ဗျ”
“ဘယ်လို ဖြစ်လို့လဲ”
“မင်းသားပေါ်လာပြီး ထုံးစံအတိုင်း “ရှူးရှူးပေါက်ရအောင်” လို့ ကျွန်တော့်ကို ပြောတယ်၊ ကျွန်တော်က “ပေါက်ပြီးပြီ” လို့ ပြန်ပြောတယ်။ အဲဒီတော့ သူက
“ဒီလိုဆိုရင် အီအီးပါရအောင်” တဲ့ ခင်ဗျ”-------------------

ကစားနည်းအသစ်
မိတ်ဆွေ အိမ်တစ်အိမ်သွားလည်တော့ အဲဒီအိမ်မှာ ရွယ်တူ ညီအစ်ကို ၂ ယောက်ရှိတယ်။ ကွန်ပျူတာ (desktop) က အသစ် ဝယ်ထားတာမကြာသေးဘူး။ အဲဒီအထဲမှာ ဂိမ်းတွေလည်း သွင်းထားတော့ ညီအစ်ကို ၂ ယောက် အလှည့်ကျကစားပုံက ဒီလို..
ဘယ်သူမှ မရှိရင် ဦးသူဆော့။ တစ်ယောက်ကဆော့ပြီဆိုရင် နောက်တစ်ယောက်က မီးပျက်တဲ့ အထိစောင့်။ အကြီးကောင်က စုံဂဏန်း၊ အငယ်ကောင်က မဂဏန်းယူတယ်။ မီးပြန်လာတဲ့အချိန်မှာ Digital နာရီမှာ မိနစ်က စုံဂဏန်းပြနေရင် အကြီး၊ မဂဏန်းပြနေရင် အငယ်။
အဲဒီလို အလှည့်ကျတဲ့... ထွင်တာ အသစ်တွေ..
အခုတလော မီးကလည်း မျက်တောင်ခတ်သလောက်နီးနီး မှန်နေတော့ အလှည့်ကို မှန်နေတာပဲတဲ့... :D

....လိမ်မပြောနဲ့.....
အားလပ်ရက်တစ်ရက်တွင် လူတစ်ယောက် ရေကန်တခုသို့ ငါးလာမျှားသည်.။ အရက်ပုလင်းကိုဖွင့် အရက်ငဲ့ပြီး ငါးစမျှားသည်.။ သိပ်မကြာခင်မှာပဲ ငါးမျှားတံလှုပ်လာသည်နှင့် ဆွဲတင်ရာ ငါးသလဲထိုးတစ်ကောင်မိနေသည်ကိုတွေ့ရသည် .။
ငါးမျှားသမားလည်း စိတ်ပျက်လက်ပျက်နှင့်ဆွဲဖြုတ်ရာ လက်မှလျှော်ထွက်သွားပြီး အရက်ခွက်ထဲသို့ပြုတ်ကျသွားသည်။
အရက်ခွက်ထဲမှ ဆည်ပြီးပြန်လွတ်ပေးလိုက်သည်.။
ထို့နောက်ငါးထပ်မျှားသည် ..။
နောက်ထပ်မျှားရာတွင် ငါးကြင်းများ ၊ ကကက်တစ်များ ၊ ငါးသလောက်များ ၊ တစ်ကောင်ပြိးတစ်ကောင်မိလေသည်.။ ငါးမျှားသမားလည်း ညနေလည်းစောင်းသောအခါ ငါးများစွာမိပြီးပြန်သွားလေသည်.။
ငါးမျှားသမားပြန်သွားသောအခါ ရေအောက်တွင် ...ငါးသလဲထိုးအားဝိုင်းပြီး...ကျန်ငါးများက...
" မအေပေး ငါးသလဲထိုး ငါတို့ကိုလိမ်ပြောတယ် အရက်တိုက်တယ် ပီးပြန်လွတ်တယ်ဆို.. "...လို့ပြောကြလေသတဲ့..
.
....ဖိုးကံကောင်း........
လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါကလေသည်။ သူငယ်ချင်းဖြစ်သူက ၄င်း ကံကောင်းကြောင်း ချီးကျူးသည်။
ထို့နောက် သူငယ်ချင်းဖြစ်သူက မေးသည်။
"ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ"
ထီပေါက်သူက ဖြေသည်။
"ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး"
သူငယ်ချင်းကထပ် ပြောလိုက်ပုံမှာ......
.
"ဟာ....ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား"
ကျွန်တော်သည်ရွာမှတက်လာသော သူငယ်ချင်းတယောက်ကိုခေါ်၍ ဒံပေါက်ဆိုင်သို့သွားသည်။ ထိုသူငယ်ချင်းမှာ ဒံပေါက်မှာပြီး ကျွန်နော်ကတော့ ပိုက်ဆံမပါသဖြင့်ရေသာသောက်သည်။
မှာသော ဒံပေါက်ရောက်လာသဖြင့် ကျွန်တော့သူငယ်ချင်းလည်း အားရ၀မ်းသာစားတော့သည်။
အနည်းငယ်အကြာတွင် သူသည် ဆိုင်မှာရှိသော ၀န်ထမ်းများအား တချက်ကြည့်လိုက်သည်။
ပြီးသည်နှင့် ခေါင်းငုံကာ ခေါင်းမဖော်တမ်းစားတော့သည်။
စားပြီး ပိုက်ဆံရှင်းပြီး ထွက်လာသောအခါမှ ကျွန်တော်ကမေးသည်-
" မင်း ဆိုင်မှာ ဒံပေါက်စားတာ ဘာလို့ခိုးကြောင်ခိုးဝှက်စားရတာလဲ "
" မင်းမသိလို့ ငါမှာလိုက်တဲ့ ဒံပေါက်ထမင်းအောက်မှာ ကြက်သားတုံးကြီးပါလာတယ် အဲဒါ ဆိုင်ကသူတွေ ဘယ်သူမှမသိဘူး ငါစားလိုက်ရတယ်ကွ ဟ ဟ ဟ"

စေ့စပ်သေချာပါစေ ငါ့တပည့်များ
ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) သင်တန်းပြီးဆုံး၍ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်မည့် သူများကို ပါမောက္ခကြီးက သူ့အခန်းထဲတွင် ခေါ်ယူတွေ့ဆုံသည်။
"ကဲ... ငါ့တပည့်တွေ မင်းတို့လဲ ဆရာဝန်ဖြစ်တော့မယ်။ ဆရာဝန်ဖြစ်လာတဲ့အခါကျရင် အရေးကြီးတဲ့ အချက်တစ်ခုက မရွံတတ်ရဘူးကွ..။ ကဲ.. ဒီတော့.."
ပြောပြောဆိုဆိုဖြင့် ဆရာဝန်ကြီးက ခုံပေါ်တွင်တင်ထားသော ခွက်၏ အဖုံးကိုဖွင့်လိုက်သည်။ အထဲတွင်တော့ မစင်များရှိသည်။ ထို့နောက် လျှပ်တပြက်ပင် ဆရာဝန်ကြီးက ခွက်ထဲကို လက်နှိုက်ကာ ထိုလက်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ တပည့်များအားလုံး မျက်လုံးပြူးသွားသည်။ ထိုအခါ ဆရာဝန်ကြီးက..
"ကဲ... မင်းတို့လဲ ငါ့လို လုပ်ကြည့်ကြ.."
အားလုံးက ပထမတွင် တွန့်သွားသော်လည်း ဆရာကြီးတောင် လုပ်တာ ငါတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ ဟု အတွေးဝင်လာက တစ်ယောက်ပြီး တစ်ယောက် လုပ်ကြလေသည်။ ပြီးသောအခါမှ ဆရာဝန်ကြီးက
"ဆရာဝန်ဖြစ်လာရင် မရွံတတ်ဖို့အပြင် ပိုအရေးကြီးတာက စေ့စပ်သေချာရတယ်ကွ။ ခုနက ငါ မစင်ခွက်ထဲကို လက်နှိုက်တာ လက်ခလယ်၊ ပါးစပ်ထဲ ထည့်တာက လက်ညှိုးကွ။ ငါ့တပည့်တွေ အဲဒါက ဘယ်သူမှ သတိထားမိပုံမရဘူး။ ကဲ.. ငါ့တပည့်များ အလုပ်လုပ်တိုင်း စေ့စပ်သေချာပါစေကွာ..."

ဧည့်သည်
လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။
အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။
"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"
ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။
"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"

.... စားချင်အုန်း....
ကိုအောင်မောင်းတစ်ယောက် စပိန် နိုင်ငံမှ နွားရိုင်းသတ်ပွဲတစ်ခုသို့
ဝင်ရောက်ကြည့်ရှူပြီး အနီးမှစားသောက်ဆိုင်သို့ဝင်လိုက်သည်…
`ဟိုဘေးဝိုင်းက စားနေတာဘာလဲ´
`အဲ့ဒါ နွားရိုင်းသတ်ပွဲက သေသွားတဲ့ နွားရဲ့ fighting ball ပါခင်ဗျ၊
ကျွန်တော်တို့ ဆိုင်ရဲ့ အကောင်းဆုံးအစားအစာပါ´
... `င့ါကို တစ်ပွဲပေးကွာ´
`ဆောရီးပါဆရာ နွားရိုင်းသတ်ပွဲက တစ်နေ့မှာ တစ်ပွဲပဲကျင်းပတာဆိုတော့ နွားက
တစ်ကောင်ပဲသေပါတယ်… တုံကင်လေး ယူသွားပြီး နောက်တစ်ပတ်
ကြာမှပြန်လာပေးပါခင်ဗျ´
ချိန်းဆိုထားသောရက်ရောက်သောအခါ…….
ဆိုင်ရဲ့အကောင်းဆုံးအစားအစာ fighting ball ကိုစားပြီး …
`ပိုက်ဆံရှင်းမယ်´
`ဟုတ် ကဲ့ လာပြီခင်ဗျ´
‘ ဟိုနေ့က ဘေးနားကလူစားတုန်းက အလုံးနှစ်လုံးက တော်တော်ကြီးပါတယ်
ဒီနေ့ကျမှ ဘာဖြစ်လို့ စပျစ်သီးသာသာပဲရှိတာလဲ´
`ဒီနေ့နွားရိုင်းသတ်ပွဲမှာ နွားကနိုင်ပြီး လူကသေသွားလို့ပါ´
..`လူ-လူ-လူကသေ ဘာာာာာာာ ´...

ဘာမှဖြစ်ပါဘူးဂျာတဲ.
ကျုပ်တို.အညာဒေသက ၇ွာတရွာမှာပေါ.ဗျာ..ဒီလိုဘဲ ဘု၇ားပွဲဆိုတော.ပွဲတွေ လမ်းတွေနဲ.ပေါ.ဗျာ။
ညပွဲကချိန်ကျတော့. ပွဲခင်းထဲ ၇ုန်း၇င်းဆန်ခတ်ဖြစ်သွားတယ်ဗျာ။
လူတွေကတော့.ဘာဖြစ်ကြတာပါလိမ်.ပေါ့.ဗျာ။သိချင်ကြတာပေါ့.။
ဇာတ်သမားတွေဆိုတာလဲ ဆက်ကချင်ကြသေးတာပေါ.။
ပွဲပျက်လို. မဖြစ်ဘူးလေ။တနှစ်မှတခါလောက် လုပ်၇တာကိုး။အားလုံးက အားခဲထားကြ၇တာဆိုတော.။။
အဲဒီမှာပွဲလယ်ခေါင် ရုန်းရင်းဆန်ခတ်ဖြစ်တဲ.နေ၇ာက အသံတစ်သံ စူးကနဲထွက်လာပါတော.တယ် ။
အဲဒီကျမှဘဲ ပွဲကြည်.ပ၇ိသတ် အပေါင်းပွဲဆက်ပီးအေးအေးလူလကြည့်ကြရတော့.တယ်။
အော်ပြောလိုက်တာကတော့....
"ပွဲကြည့်.ပ၇ိတ်သတ်များ ခင်ဗျား.... အေးဆေးသက်သာစွာကြည်.ရှု့အားပေးတော်မူကြပါ....ဘာမှမဖြစ်ပါဘူး
...လူသတ်တာပါ.. သေသွားပါဘီ ခင်ဗျာ.. သေသွားပါဘီ ..ခုဖျာနဲ. ..အုပ်ထားလိုက်ပါဘီ ........."တဲ့.ကောင်းေ၇ာ..
ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား**
မြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့ တောမှာနေတဲ့
အဖေက(ရိုးရိုးအအ)ဒိလိုပြောတယ်
အဖေ။ ။''ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား''
သား။ ။ ''မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။''
အဖေ။ ။ ''အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။သူများ မျက်စိလဲ.. မှန်ဦးမယ်တဲ့။''-----------:P

တော်လိုက်တဲ့ငါ့သား......
ကောင်လေးတယောက်ကဈေးကနေပြီးတော့ကြက်တွေထည့်ထားတဲ့ခြင်းတောင်းကိုဆွဲပြီးပြန်လာပါတယ် .....သူ့အဖေကဈေးသိမ်းနောက်ကျမှာမို့သူ့ကိုကြက်တွေအရင်ယူသွားခိုင်းတာပါ။
ကောင်လေးလဲအဖေ့ရဲ့ယုံယုံကြည်ကြည်နဲ့ခိုင်းတာခံရလို့ပျော်ရွှင်စွာနဲ့ပြန်လာတယ်ဒါပေပမယ့်ကံဆိုးစွာပဲရပ်ကွက်ထဲဝင်တဲ့လမ်းကျမှခြင်းတောင်းလွတ်ကျပြီးကြက်တွေထွက်ပြေးကုန်ပါရော။
ကောင်လေးလဲစိတ်ပျက်နေမဲ့အစားကြက်တွေကိုရပ်ကွက်တခွင်ပြဲပြဲစင်အောင်လိုက်ဖမ်းရင်းမိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သွားတယ်၊
ဒါနဲ့ကြက်ခြင်းကိုအဖေ့ကိုပေးပြီးလမ်းမှာကြက်တွေလွတ်ကုန်လို့လိုက်ဖမ်းတာနဲ့နောက်ကျသွားတယ်အဖေ ဒါပေမဲ့မပူပါနဲ့
ကျွန်တော်ကြက်၁၂ကောင်လုံးမိအောင်ပြန်ဖမ်းလာခဲ့ပါတယ်ဆိုတော့
့ စောစောကအိမ်ပြန်နောက်ကျလို့ဒေါသဖြစ်နေတဲ့အဖေက ပြုံးလာပြီး
သူ့သားကိုပြောလိုက်တာက..
တော်လိုက်တဲ့ငါ့သား..အဖေပေးလိုက်တဲ့ကြက်၇ကောင်ကိုနေချင်းပွါးအောင်လုပ်ပြစ်လိုက်နိုင်တာပဲတဲ့.........
....၈ဒေါ်လာ...
ခင်ပွန်းဖြစ်သူဟာ စာစောင်တစ်ခုဖတ်နေရင်းက မိန်းမကိုလှမ်းပြောတယ်။
"မိန်းမရေ.. တောင်အာဖရိက မိန်းမတွေက ယောက်ျားနဲ့အိပ်ပြီးရင် ယောက်ျားကို ၈ဒေါ်လာပေးရတယ်လို့ စာစောင်ထဲမှာ ရေးထားတယ်။ ဒီလောက်ကောင်းတဲ့ အခွင့်အရေး ငါလက်လွတ်လို့မဖြစ်ဘူး။ မနက်ဖြန်ပဲ ငါတောင်အာဖရိကသွားမယ်"
"ကျွန်မလည်း လိုက်မယ်"
"နင်က ဘာသွားလုပ်မလို့လဲ?"
"တစ်လ ၁၆ ဒေါ်လာလေးနဲ့ ရှင်ဘယ်လို အသက်ဆက်မလဲဆိုတာကို သိချင်လို့ပါ..."...တဲ့
အခြေအနေ ကောင်းတာက....
တခါက အစိုးရအကြီးအကဲတစ်ဦးသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပီး ဆေးရုံးသို့ ရောက်သွားကြသည်။
အကြီးအကဲသတင်း၏ ကိုမေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များရောက်လာပီး ဆရာဝန်အား မေးမြန်းခဲ့သည်။
သတင်းထောက်များ။ ။ဆရာ-----ဆရာ အကြီးအကဲ အခြေအနေ ဘယ်လိုလဲ။
...ှဆရာဝန် ။ ။အင်း...အခြေအနေ မကောင်းဘူး။
သတင်းထောက်များ။ ။ သူ့ ရဲ့ နောက်လိုက်တွေကော....
ဆရာဝန် ။ ။ အင်း....သူတို့လဲ အခြေအနေ မကောင်းဘူး။
သတင်းထောက်များ။ ။ ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ။ ....ဆရာ...
ဆရာဝန် ။ ။ ငါတို့ တိုင်းပြည်.....

မြန်မာထောက်လှမ်းရေး...
တနေ့မှာ....ကမ္ဘာ့တွေ့ရတဲ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ် တဲ့။ ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်။ CIA ရယ်၊ FBIရယ်၊ မြန်မာထောက်လှမ်းရေးရယ်။ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲ အနေနဲ့ တစ်ခု စမ်းသပ်လိုက်တယ်၊ တောအုပ် တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။
... ပထမဆုံး CIA ၀င်သွားတယ်။
... သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။ တိရိစ္ဆာန် သတင်းပေးတွေကို နေရာအနှံ့ ချထားတယ်။ သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ ဒါပေမယ့် လုံးဝ မတွေ့ဘူး။ ရှုံးတယ်။အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ "ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။
FBI ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။ မတွေ့ဘူး။ မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ ပစ်ခဲ့တယ်။
း)) နောက်ဆုံးကျတော့ မြန်မာထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွား တာပေါ့။ သိပ်မကြာပါဘူး။ မိလာတယ်။ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ ၀က်ဝံတစ်ကောင်။ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ.. အမလေးဗျ.. ကြောက်ပါပြီဗျ..ကျနော်ယုန်ပါခင်ဗျ..မနှိပ်စက်ပါနဲ့ တော့.. ကြောက်ပါပီ
ကျနော်ယုန်အစစ်ပါခင်ဗျတဲ့ ... တဲ့.....
လက်မရွံလူသတ်သမား
စီအိုင်အေသည် လက်မရွံလူသတ်သမား အတွက်လူရွေးချယ်လျှက်ရှိသည်။ နောက်ခံကိုယ်ရေးရာဇ၀င်များ၊ အင်တာဗျူးများနှင့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဇကာတင်အဖြစ်သုံးယောက်ထွက်ပေါ်လာသည်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။
နောက်ဆုံးစစ်ဆေးမှုအနေဖြင့် တစ်ဦးချင်းကို သထ္တုခန်းမကျယ်တစ်ခုဆီသို့ခေါ်ဆောင်သွားပြီး သေနတ်တစ်လက်ပေးလေ၏။
...

အရာရှိ ။ ။" မင်းတို့ဘယ်လိုအခြေအနေနဲ့ပဲကြုံကြုံအားလုံးအမိန့်ကိုလိုက်နာရမယ်ဆိုတာသိတယ်မဟုတ်လား, ဒီအခန်းထဲမှာမင်းရဲ့မိန်းမ ထိုင်ခုံတလုံးပေါ်မှာထိုင်နေလိမ့်မယ် သူ့ကိုပစ်သတ်လိုက် "
ပထမယောင်္ကျား ။ ။ " ခင်ဗျားဘာတွေလာပြောနေတာလဲ. ကျုပ်မိန်းမကိုတော့မသတ်နိုင်ဘူး။ "
အရာရှိ ။ ။ "ဒါဆိုမင်းမဖြစ်နိုင်ဘူး။"
ဒုတိယောက်ျားအလှည့်တွင်လည်းအလားတူအမိန့်ပေးလေသည်။ ဒုတိယလူလည်း သေနတ်ယူကာအခန်းတွင်းသို့ဝင်လေသည်။ ငါးမိနစ်ခန့်ငြိမ်သက်သွားပြီးနောက်... မျက်ရည်တွဲလဲဖြင့်ပြန်ထွက်လာလေသည်။
ဒုတိယယောက်ျား ။ ။ "ကျွန်တော်ကြိုးစားပြီးပြီဗျာ... ဒါပေမဲ့ကျွန်တော်မိန်းမကိုတော့မသတ်ရက်ဘူး"
အရာရှိ ။ ။ "ဒါဆိုမင်းမှာလဲလိုအပ်တဲ့အရည်အချင်းမရှိဘူး.. မင်းမိန်းမကိုခေါ်ပြီးပြန်တော့"
နောက်ဆုံးအမျိုးသမီးအလှည့်တွင်လည်း၎င်း၏လင်ယောက်ျားဖြစ်သူကိုသတ်ရန်အမိန့်ပေးပြန်၏။
အမျိုးသမီးလည်း သေနတ်ယူကာအခန်းတွင်းသို့ဝင်လေသည်။ ထိုနောက် သေနတ်ပစ်ခတ်သံများတချက်ပြီးတချက်ကြားရလေသည်။ ၎င်းနောက် အော်ဟစ်သံများ၊ ကွဲရှသံများနှင့် နံရံကိုထုနှက်သံများကိုကြားရလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်တိတ်ဆိတ်သွားပြီး တံခါးကိုဖြေးညှင်းစွာပွင့်သွားပြီးအမျိုးသမီးထွက်လာလေသည်။
နဖူးပေါ်မှချွေးများကိုသုတ်လိုက်ပြီးနောက် ပြောလိုက်ပုံက
"ရှင်တို့ကကျည်တွေကို ဗလာတွေထည့်ထားတာကိုး
ကျွန်မမှာသူ့ကိုခုံနဲ့မနည်းရိုက်သတ်လိုက်ရတယ်

နောက်တာ......
စကားထစ်တဲ့သူတွေက တစ်ခါတစ်လေတော့လည်း တော်တော်ရီရတယ်ဗျ...
ဇာတ်လမ်းကဒီလိုဗျ...
(၈)လွှာမှာ နေတဲ့စကားထစ်တဲ့သူတစ်ယောက်ရှိတယ်ဗျ...
သူကအစအနောက်တအားသန်တယ်....
တစ်နေ့တော့ သူ့အိမ်အတွက် ရေခဲသေတ္တာတစ်လုံးကိုဝယ်လာတယ်ဗျ..
... အဲ.. ဆိုင်ကအလုပ်သမားနှစ်ယောက် လိုက်ပို့ပေးတာပေါ့..
(၇)လွှာလည်းရောက်ရော.. သူကစကားတစ်ခွန်းပြောလိုက်တယ်....
" ဟေ့.. ဒီ.ဒီ..ဒီ…မှာ..ကျ..ကျ…နော်တို့…တိုက်မှား…မှား..လာတာ…နဲ့…
တူ..တူ."
ရေခဲသေတ္တာသယ်တဲ့သူကလည်း ဒေါသကြီးကြီးနဲ့ ပြန်ပြောလိုက်တယ်...
"ဟာဗျာ..ဒီမှာမောရတဲ့အထဲခင်ဗျားကလည်း"
"ခဏ…ခဏ..လေးပါ…ကျ…ကျ…နော်…"
"တော့တော်ဗျာ..အောက်ရောက်မှပြောတော့"
လို့ပြောပြီး အောက်ဆုံးကိုပြန်ရောက်လာတော့
"ကဲ… ပြော ဘယ်တိုက်လဲ"
စကားထစ်တဲ့သူက ပြောလိုက်ပုံမှာ
" ကျ ..ကျ..နော်…က… နောက်..နောက်..တာ.." တဲ့

လာကြိုတာမဟုတ်
မီးရထားဘူတာရုံတခု၌ ဇနီးသည်အား ယောကျာ်းဖြစ်သူက လာကြိုသည်။ ယောကျာ်းဖြစ်သူသည် သုန်မှုန်နေသည်ကို တွေ့ရသဖြင့် ဇနီးသည်က ပြောလိုက်သည်။
ရှင်က ပြုံးတောင်မှ မပြုံးနိုင်ပါလား၊ ဟိုဘက်ကစုံတွဲကို ကြည့်စမ်းပါ၊ ကြင်နာနေလိုက်တာ၊ ဘယ်လောက်များ ပျော်စရာကောင်းသလဲ။
ဟ...ဒီယောကျာ်းက သူ့မိန်းမကို လိုက်ပို့တာကွ၊ လာကြိုနေတာ မဟုတ်ဘူး။
.
....သွားနုတ်မယ်.....
တစ်နေ့ သွားဆရာဝန် တစ်ဦးထံဖုန်းလာပါတယ်.....
ဖုန်းဆက်သူ……ဆရာဆီမှာသွားနှတ်ရင်ဘယ်လောက်ကုန်မလဲ
ဆရာဝန်………..အကောင်းဆုံးနှုတ်မယ်ဆိုရင်ဒေါ်လာ ၅၀ ပါ
ဖုန်းဆက်သူ……ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………..အင်း ဒီထက်ဈေးနည်းတာဆို ထုံဆေးမထိုးဘူး နည်းနည်းတော့နာမယ်
ဒေါ်လာ၄၀ ကျမယ်
ဖုန်းဆက်သူ……..ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………..ဒီထက်နည်းတာဆို လက်ထောက်ဆရာဝန်နဲ့နှုတ်ရမယ်
စိတ်တော့ချရပါတယ်ဒေါ်လာ ၃၀ နဲ့ ရမယ်
ဖုန်းဆက်သူ……ဒီထက်နည်းတာရှိသေးလား
ဆရာဝန်…………..ဒီထက်နည်းချင်ရင်တော့ ဒရ၀မ်နဲ့နှုတ်ရမယ် …
တော်တော်တော့နာမယ် … လက်ရာလည်းမကောင်းဘူး ၂၀နဲ့ရမယ်
ဖုန်းဆက်သူ…….ဒီထက်နည်းတာတော့မရှိတော့ဘူးပေါ့
ဆရာဝန်………………..အင်း မရှိတော့ဘူး
ဖုန်းဆက်သူ…………. အဲ့ဒါဆို သူနဲ့ပဲ နှုတ်မယ်ဆရာ… ခဏနေ ကျွန်တော့မိန်းမကိုလွှတ်လိုက်မယ်။....
ဆရာဝန်……………….အမ်…။

ရှက်စရာကြီး----:P
စိတ်ရောဂါအထူးကုဆေးခန်းတွင် ဖြစ်သည်။
"ဒေါက်တာ၊ ကျွန်တော်လေ မနေ့က ခြေထောက်မှာ ၀တ်ထားတဲ့ ခြေအိတ်ကလွဲလို့ ကိုယ်ပေါ်မှာ အ၀တ်အစား ဘာမှမကပ်ဘဲ လမ်းပေါ်လျှောက်ပြေးမိတယ်။ ရှက်လိုက်တာ ဆရာရယ်"
"အရင်တုန်းက ဒီလိုပဲ ပြေးဖူးသလား"
"မကြာခဏပါပဲ"
"အဲဒီတုန်းကကော အခုလိုပဲ ရှက်စိတ်ဝင်မိသလား"
"ဟင့်အင်း။ အခုတစ်ခါပဲ"
"အဲဒါဆို ဘာဖြစ်လို့ အခုမှ ရှက်စိတ်ဝင်ရတာလဲ"
"ကျွန်တော့်ခြေအိတ်တစ်ဖက် အပေါက်နဲ့ဖြစ်နေလို့ပါ-----------------အဟိ
"မြေးနဲ့စားမှာ".....
တစ်ခါကရွာတစ်ရွာတွင်
အလွန်နုံသော
ဦးနုံဆိုသော
လူတစ်ယောက်ရှိသည်။
တစ်နေ့ သူဟာမြို့ကို
သူ့မြေးနှင့်အတူဈေးဝယ်လာရင်း
ဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲကြော်
ဝင်စားကြသည်။
ဆိုင်ထဲရောက်သောအခါ
စာပွဲထိုးက
"ဦးကြီးက တူနဲ့စားမှာလား?"
ထိုအခါ-ဦးနုံကမကျေမနပ်နှင့်
ပြောလိုက်ပုံက—
"ငါက တူနဲ့ မစားဘူး
မြေးနဲ့စားမှာကွ"--------------ခိခိ
ကိုက်ချက်......
လူနှစ်ယောက် အရက်ဘားတွင် အရက်သောက်နေကြသည်။ ရေချိန်အတော်လေး ကိုက်လာသောအခါ ပထမလူက
“ဟေး ငါ့မျက်လုံးကို ငါကိုက်ပြမယ်ဆို မင်းယုံမလား။”
ဒုတိယလူက သူညာဖက်မှာထိုင်နေတဲ့ ပထမလူကို တချက်ကြည့်လိုက်တယ်။ နောက် ဒီလူမူးနေပြီလို့ တချက်တွေး လိုက်ရင်း
... “မယုံဘူးဗျာ။”
“ဒါဆို အရက်တပုလင်းကြေးလောင်းမလား။”
“လောင်းတယ်ဗျာ။စိန်လိုက်။”
ပထမလူက သူ့ရဲ့ ဘယ်ဖက်က မျက်လုံးအတုကို ထုတ်ပြီး ကိုက်ပြလိုက်သည်။ သို့ဖြင့် ဒုတိယလူက အရက်တလုံး ပေးလိုက်ရသည်။ ပထမလူက အရက်ဆက်သောက်ရင်း ပုလင်းတ၀က်ကျိုးတဲ့အခါမှာ
“ဟေး ကျန်တဲ့ မျက်စေ့တလုံးကို ငါထပ်ကိုက်ပြမယ်ဆိုရင်ကော မင်းလောင်းအုံးမလားကွ။”
ဒုတိယလူက ပထမလူကို တချက်ထပ်ကြည့်လိုက်သည်။ ပထမလူကတော်တော်ကြီးမူးနေပြီ။ နောက် ဒီလူ မျက်လုံးနှစ်လုံး စလုံးတော့ အတုမဖြစ်နိုင်ဘူးဟု တွေးလိုက်သည်။ သို့နှင့်
“လောင်းမယ်။ ဒီတခါ အရက် နှစ်လုံးကြေး”
ဒုတိယလူစကားဆုံးသည်နဲ့ ပထမလူက “အိုကေ။” ဟုဆိုလိုက်သည်။
ထို့နောက် သွားအတုတွေကို ထုတ်ပြီး ကျန်မျက်လုံးကို ထပ်ကိုက်ပြလိုက်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...