စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိုးကြိုးအန္တရာယ်မှ ကာကွယ်ရေးအတွက် ဆောင်ရွက်ရန်အချက်များ

(က) အိမ်အပြင်တွင်ရောက်ရှိနေပါက အိမ်ထဲသို့ ချက်ချင်းပြေးဝင်ပါ။
(ခ) ကွင်းပြင်တွင်ထီးတည်းကြီးမနေရန်၊ စောင့်ကြောင့်ထိုင်ပါ၊ ဒူးခေါင်းနှစ်ဖက် ပေါ်လက်များတင်ထားပါ၊ခေါင်းငုံ့ထားပါ။
(ဂ) သစ်ပင်၊ဓာတ်တိုင်နှင့် သံထည်ပစ္စည်းများ အနီးတွေမနေရန်။
(ဃ) ရေးကူးကန်၊ရေကန်၊မြစ်ချောင်း၊အင်းအိုင် စသည့်နေရာများတွင် ရှိနေခဲ့လျှင် ရေထဲကချက်ချင်းတက်ပြီးလုံခြုံနေရာကိုရှာပြီးနေရန်။
(င) အဆောင်အအုံများ၏ အလယ်တွင်သာနေရန်၊ ရေပိုက်များနှင့်ရေဆေးခွက် များအနီးတွင် မနေရန်(မိုးကြိုးလျှပ်စစ်မီးမှ တစ်ဆင့်ဓာတ်လိုက်တတ်သည်)။
(စ) ကားထဲတွင်ရောက်နေပါက ကားထဲတွင်သာဆက်နေရန်။
(ဆ) တယ်လီဖုန်းဆက်သွယ်ပါက တယ်လီဖုန်းလိုင်းမှတစ်ဆင့် မိုးကြိုးထိမှန်နိုင်သဖြင့် ကြိုးဖုန်းများမသုံးရန်။
(ဇ) အဆောက်အအုံများမိုးကြိုးလွှဲများတပ်ဆင်ထားရန်။
(ဈ) တီဗွီ၊လျှပ်စစ်ထမင်းအိုး၊လျှပ်စစ်မီးပူ၊လျှပ်စစ်မီးဖိုစသည့် လျှပ်စစ်နှင့်ဆိုင်သော အိမ်အသုံးအဆောင်ပစ္စည်းများကိုပိတ်ထားရန်။
(ည) လျှပ်စီးလက်သည်ကို မြင်သည်နှင့်(၁)မှ(၃၀)အထိ ရေတွက်ကြည့်ပါ။(၃၀)မပြည့်ခင် မိုးကြိုးပစ်သံကြားရပါက အမြန်ဆုံးအိမ်ထဲသို့  ပြေးဝင်ပါ။(ဤလက္ခဏာသည် မိမိ၏ အပေါ်တည့်တည့်တွင်မိုးကြိုးမုန်တိုင်း ရောက်နေခြင်းဖြစ်ပါသည်။)
(ဋ္ဋ) မိုးကြိုးပစ်တာရပ်ပြီး နာရီဝက်ကျော်ကြာမှ အိမ်အပြင်သို့ ထွက်ရပါမည်။
မှတ်ချက်။ ။ ကြေးမုံသတင်းစာမှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...