စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက်နှင့်ခန္ဓာကိုယ်ကြီးကို ရထားမှတော့...

by Ashin Jotipala on Friday, April 6, 2012 at 12:52pm ·
အေး…ဟုတ်တော့လဲဟုတ်တာပါပဲ၊ ဒါပေမယ့် သားသမီးတွေကလဲ သူတို့မီးနဲ့သူတို့လောင်နေကြတာ၊ ဒို့မှာက ၀မ်းနှစ်ခါးထဲမဟုတ်ဘူးအမောင်ရဲ့၊ ခိုးမှူးကြီးကိုလဲ ပေးရတယ်၊ အာန္တုဧည့်သည်ကိုလဲကျွေးရတယ်၊ သမုဒ္ဒရာထဲကိုလည်း ပစ်ရတယ်၊ ရန်သူကိုလဲကျွေးရတယ်”ဟု ပြန်ပြောလိုက်ပါတယ်။

တစ်ခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းက မိဖုရားပေါင်းများစွာနှင့် မင်းလုပ်၍ အုပ်ချုပ်နေပါတယ်။ မိဖုရားများသော်လည်း တိုင်းရေးပြည်ရေး၊ ဘာသာ၊သာသနာရေးတို့ကိုလည်း အထူးလေးစားသောမင်းတစ်ပါးဖြစ်ပြန်တယ်။
တစ်နေ့သောအခါဝယ် ဘုရင်မင်းမြတ်သည် ဆင်းရဲသားအသွင်ဆောင်၍ မိမိအုပ်စိုးသည့် ကျေးလက်နယ်ပယ်များသို့ဆင်းပြီး မိမိရဲ့ကောင်းကြောင်းသတင်း၊မကောင်းကြောင်းသတင်းများကို လေ့လာပါတယ်။ နောက်ဆုံး ဘုရင်မင်းမြတ်သည် အဘိုကြီး၊အဘွားကြီးနှစ်ဦးသာရှိသော လယ်ယာလုပ်ကိုင်စားသည့် တဲထဲသို့ရောက်သွားပါတယ်။ ထိုအဘိုကြီး၊အဘွားကြီးကလည်း သူတို့အလုပ်မပျက် ဆင်းရဲသားဟန်ဆောင်ထားသောဘုရင်မင်းမြတ်ကို စွမ်းနိုင်သလောက်ဧည့်ခံကျွေးမွေးစကားတွေ ပြောကြပါတယ်။
ဆင်းရဲသာဟန်ဆောင်လာသောဘုရင်မင်းမြတ်သည် အဘိုကြီး၊အဘွားကြီးဘ၀ကိုကြည့်ပြီး သူ့ဘ၀နှင့် နိုင်ယှဉ်ကြည့်လိုက်မယ်ဆိုရင် တော်တော်ကွာတာပဲ၊ ဘုရင်က သူ့ရဲ့စည်းစိမ်းချမ်းသာမူ့တွေကိုတွေးနေလျှက် အဘိုကြီး၊အဘွားကြီးပြောသောစကားများကိုနားထောင်နေပါတယ်။ အဘိုကြီး၊ အဘွားကြီးရဲ့စကားအဆုံး၌ ဘုရင်မင်းမြတ်က ဒီလိုမေးလိုက်ပါတယ်။ “အဘိုကြီး…အိမ်မှာ စားမဲ့၊သောက်မဲ့သူလဲမရှိဘဲနဲ့ အလုပ်တွေကိုဘာလို့လုပ်နေရသလဲပေါ့၊ အဘိုးတို့အရွယ်ဆိုတာ ကျောင်းကန်ဘုရားသွားသင့်ပါပြီ၊ ဒီတာဝန်တွေကို သားသမီးတွေနဲ့ပဲလွှဲသင့်ပါတယ်”လို့ပြောလိုက်ပါတယ်။ အဘိုးက…” အေး…ဟုတ်တော့လဲဟုတ်တာပါပဲ၊ ဒါပေမယ့် သားသမီးတွေကလဲ သူတို့မီးနဲ့သူတို့လောင်နေကြတာ၊ ဒို့မှာက ၀မ်းနှစ်ခါးထဲမဟုတ်ဘူးအမောင်ရဲ့၊ ခိုးမှူးကြီးကိုလဲ ပေးရတယ်၊ အာန္တုဧည့်သည်ကိုလဲကျွေးရတယ်၊ သမုဒ္ဒရာထဲကိုလည်း ပစ်ရတယ်၊ ရန်သူကိုလဲကျွေးရတယ်”ဟု ပြန်ပြောလိုက်ပါတယ်။
ဆင်းရဲသားဟန်ဆောင်ထားသောဘုရင်က အဘိုးကြီးပြောသောစကားများကို နားမလည်သဖြင့် အကျယ်ချဲ့၍ ရှင်းပြပါဦးဟုပြောကြားပါတယ်။ ဒါနဲ့အဘိုးကြီးက- ခိုးမှူးကြီးကိုလဲပေးရတယ်ဆိုတာက တို့တိုင်းသူပြည်သားတွေရဲ့ အိုးအိမ်နဲ့စည်းစိမ်ဥစ္စာတွေကို ဓားမြ၊ သူခိုး၊ ရန်သူမျိုးတို့က မလုမယက်မဖျက်ဆီးနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးတဲ့ တိုင်းပြည်အရှင်ဘုရင်မင်းမြတ်တို့အား အခွန်ဘဏ္ဍာဆက်သရခြင်းကိုဆိုလိုပါတယ်၊တဆက်တည်းမှာပဲ ဘုရင်မင်းမြတ်က- ရန်သူမျိုးတို့ မဖျက်ဆီးနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးသူကို ဘာကြောင့် ခိုးမှူးလို့ ပြောရပါသလဲလို့ ပြန်မေးပါတယ်။ အော်..အဲဒါက ဒီလိုပါကွဲ့..ဆင်းရဲသားများက နဖူးကချွေး ခြေမကျအောင်ရှာဖွေရရှိတဲ့အထဲက ခိုးသား၊ဓားမြတို့လက်ထဲမရောက်ရအောင် ကြိုတင်အခွန်ငွေ ဆက်သရတာကြောင့် ခိုးမှူးကြီးလို့ပြောရတာပါ။
အာန္တုဧည့်သည်ကို ကျွေးရတယ်ဆိုတာက-လူ့လောကသဘာဝမိဘတွေက ကျွေးမွေးနေရတဲ့သားသမီးတွေကိုပြောချင်တာပါ၊ အမှန်စင်စစ်တော့ သူတို့ကဧည့်သည်တွေပါ၊ သူတို့ အရွယ်မရောက်ခင် အိမ်ထောင်မကျခင်သာ မိဘတို့အိမ်မှာ တည်းခိုကြတာ၊ အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျရင်မိဘအိမ်ကခွဲသွားတာများပါတယ်၊ အဲဒါကြောင့်သားသမီးတွေကို အာန္တုဧည့်သည်တွေကို ကျွေးရတယ်လို့ပြောတာပါ။
သမုဒ္ဒရာကိုလဲပစ်ရတယ်ဆိုတာက-သမုဒ္ဒရာဝမ်းတထွာတဲ့၊ ချောင်းကြီး ချောင်းငယ်အသွယ်သွယ်တို့မှ စီးဆင်းလာတဲ့ ရေမှန်သမျှဟာ ပင်လယ်သမုဒ္ဒရာထဲပဲရောက်တာပါ၊ အဲဒီရောက်သမျှ ရေ၊ပင်လယ်သမုဒ္ဒရာက မဆန့်မရှိဘူးပေါ့၊ ဆန့်တာချည့်ဘဲ၊ အဲဒီလိုပဲ… ၀မ်းကလဲ နေ့စဉ်မနက်တထပ်၊ နေ့ခင်းတထပ်၊ မိုးချုပ်တထပ် ဒီကြားထဲ မုန့်ကစားသေး၊ အဖျော်ရည်လေးကသောက်လိုက်သေး၊ အဲဒါတွေ နေ့တိုင်းဆန့်တာချည့်ဘဲ။ အဲဒါကြောင့် ၀မ်းခေါင်းနဲ့တူတဲ့ သမုဒ္ဒရာထဲပစ်ရတယ်လို့ဆိုလိုတာပါ။
ရန်သူကိုလုပ်ကျွေးတယ်ဆိုတာက- ဒါကတော့ အရေးကြီးဆုံးပါပဲ၊ ကိုယ်နဲ့အမြဲအတူ ချစ်သွေးမြူသည့် အိမ်သူသက်ထား ဇနီးမယားအား ပြုစုကျွေးမွေးရခြင်းကို ရန်သူကို ကျွေးရတယ်လို့ဆိုလိုချင်တာပါ။ အမှန်စင်စစ်စဉ်းစားကြည့်ပါလျှင် စိတ်တူကိုယ်တူဆိုပြီး ကြည်ဖြူစွာယူထာကြပေမဲ့ မိမိရဲ့အသက်စည်းစိမ်ကို အများဆုံး အန္တရယ်ပေးနိုင်တာဟာ မိမိရဲ့ဇနီးမယားပါဘဲ၊ မိမိဇနီးမယားဟာ အနီးဆုံးရန်သူပါ၊ ဒါကြောင့် ရန်သူကိုကျွေးရတယ်ဆိုတာဟာ မိမိရဲ့ဇနီးမယားကို ကျွေးရခြင်းဘဲလို့ ပြောတာပါ။ ဆင်းရဲသားဟန်ဆောင်ထားတဲ့ဘုရင်မင်းမြတ်က အဘိုကြီးပြောတာကို နားလည်သဘောကျသဖြင့် ကျေးဇူးတွေလိမ့်ပြီးတင်နေပါတော့တယ်။ ဘုရင်မင်းမြတ်ကလည်း အမှန်အတိုင်း ငါဘုရင်မင်းမြတ်ဖြစ်ပါကြောင်းရင်ဖွင့်သွားပြီး အဘိုးပြောသောစကားများကို ဘယ်သူမှမပြောရန် နုတ်ပိတ်သွားပါတယ်။အကယ်၍ ပြောကြားခဲ့လျှင် အသက်ကိုတောင်ချမ်းသာ မပေးနိုင်ဘူးဟု မိန့်သွားပြန်သေး။
ဘုရင်းမင်းမြတ်က အဘိုကြီးပြောသောစကားကို အလွန်မတန်မှနှစ်သက်တော်မူခဲ့ပါတယ်။ နန်းတော်ရောက်တာနဲ့ ပညာရှိသုခမိန်များကို မေးမြန်ရာ တစ်ယောက်မျှမဖြေနိုင်ခဲ့သဖြင့် ဒီမေးခွန်းများကိုဖြေဆိုနိုင်ရင် (၇)ရက်အချိန်ပေးလိုက်ပါတယ်။ ပညာရှိသုခမိန်များလည်း ဟိုစဉ်းစား၊ ဒီစဉ်းစားရင်နဲ့ နောက်ဆုံးဆင်းရဲသားဟန်ဆောင်ပြီး ဘုရင်မင်းမြတ်သွားခဲ့သော အဘိုကြီးနှင့်အဘွားကြီးရှိရာသို့ရောက်ခဲ့ပါတယ်။ ပညာရှိသုခမိန်ဘယ်လောက်ပင်မေးသော်လည်း အဘိုကြီးမဖြေခဲ့ပေ၊ နောက်ဆုံး၌ အသပြားတစ်ထောင်ပေး၍ အဘွားကြီးထံမှအဖြေကိုရရှိခဲ့ပါတယ်။ အနှစ်ချုပ်အားဖြင့် ဘုရင်မင်းမြတ်မေးသောမေးခွန်းကို ဖြေဆိုနိုင်တယ်ပေါ့၊ ဘုရင်မင်းမြတ်ကလဲ အဲဒီအမတ်ကို ဒီမေးခွန်းအမှန်ဖြေသူကို နန်းတော်သို့ခေါ်တော်မူပါ၊ တကယ်လို့မခေါ်ရင် ပညာရှိသုခမိန်ကို အလုပ်ဖြုတ်မည်ဖြစ်ကြောင်းပြောကြားပါတယ်။ ပညာရှိသုခမိန်လည်း အဖြေမှန်ပြောကြားသော အဘွားကြီးတို့နှစ်ဦးကိုနန်းတော်သို့ခေါ်စေတော်မူပါတယ်။ ဘုရင်မင်းမြတ်ကလည်း ဘယ်သူမှမပြောဖို့ သတိပေးခဲ့တာတောင် မနာခံရကောင်းလားဆိုပြီး အပြစ်မြင်နေမိတော့တယ်။ ထိုစကားကို တစ်စုံတစ်ယောက်သောသူအားပြောကြားလျှင် သေဒဏ်ပေးမည်ဟု ငါပြောကြားခဲ့သည်မဟုတ်ပါလော့။ သင့်တို့အပြစ်နဲ့သင်တို့ကိုအပြစ်ပေးရလိမ့်မယ်ပေါ့။ မင်းကြီးက သတ်ရန်အမိန့်ကိုချမှတ်လိုက်ပါတယ်။ ထိုအချိန်မှာပဲ အဘိုကြီးက-အရှင်မင်းမြတ် သတ်ရင်လဲသေရမှာပါ၊ ထားရင်လဲနေရမှာပေါ့၊ အဲဒီစကားကို ကျွန်တော်မျိုးမပြောကြားကြောင်း ဇနီးမယားသာပြောကြားမိကြောင်းလျှောက်တင်လိုက်ပါတယ်။ အဲဒါကြောင့် ဘုရင်မင်းမြတ်ကိုပြောတာပေါ့၊ ကျွန်တော်မျိုးပြောကြားခဲ့တဲ့စကားလေးရပ်ထဲမှာ ရန်သူမယားကိုလဲ ကျွေးရတယ်ဆိုခြင်းကြောင့် အခု ကျွန်တော်မျိုးလဲကြည်ဖြူစွာပေါင်းသင်းလာသည့် မယားဟာ ကျွန်တော်မျိုးရဲ့အသက်ကို ငွေအသပြာတစ်ထောင်နဲ့လဲလိုက်တဲ့အတွက် ရန်သူကို လုပ်ကျွေးရခြင်းဖြစ်ကြောင်း ထင်ရှားနေပါတယ် ဘုရင်မင်းမြတ်သတိမူသင့်ပါကြောင်းလျှောက်ထားပါတယ်။ အဘိုအိုလျှောက်တင်သောစကားမှန်သဖြင့် ဒေါသပြေပျောက်သွားပြီး လင်မယားနှစ်ယောက်တို့အားဆုလာဘ်များပေးသနားလိုက်ပါလေတော့သတည်း။
တဏှာယ ဇာယတီ သောကော၊တဏှာယ ဇာယတီ ဘယံ၊ တဏှာယ ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။ ဂါထာရဲ့အဓိပ္ပါယ်က- တဏှာကြောင့် စိုးရိမ်မူဖြစ်ရတယ်၊ တဏှာကြောင့်ဘေးဖြစ်ရတယ်၊ တဏှာမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်းမူ့ ဘေးဆိုတာတွေတွေ့စရာအကြောင်းမရှိပါဘူး တဲ့။ မိမိက ခန္ဓာကိုယ်ကြီးကို ရရှိလာတော့ သဘာဝအလျှောက် နေ့စဉ်တော့ ပင်လယ်ကြီးထဲကိုပစ်ချသလိုတော့လုပ်ကျွေးနေရဦးမှာပါပဲ။ “Life is not free from suffering. Life and suffering are inseparable.” ဘ၀ရထားပြီးဆိုမှတော့ ဒုက္ခကလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး၊ ဘ၀နှင့်ဒုက္ခဆိုတာကလည်းခွဲထားလို့မရနိုင်ဘူးလေ။ ဘယ်လိုဖြစ်ဖြစ်ပါလေ..မိမိရဲ့အာန္တုဧည့်သည်တွေကိုလည်းကောင်းကောင်းလုပ်ကျွေးပြီးပါရမီတွေစု ဆောင်းသွားတတ်ဖို့ပါပဲ။ မိမိကဘယ်သူကိုပဲလုပ်ကျွေးရလုပ်ကျွေးရ အဲဒီအပေါ်မှာစိတ်ကောင်းစေတနာကောင်းလေးတွေနဲ့လုပ်ကျွေးတတ်ဖို့ပါပဲလေ။ အထက်ပါဆောင်းပါးလေးကိုသုံးသပ်ကြည့်မယ်ဆိုရင်ဖြင့် လင်နှင့်မယားလည်း သတိထားဖို့အလွန်မတန်မှအရေးကြီးလှပါတယ်။ မိမိဘ၀မှာ ဒီခန္ဓာကိုယ်ကြီးလဲလုပ်ကျွေးရဦးမှာပါပဲ၊ မိမိကပတ်ဝန်းကျင်နဲ့နေမှာတော့ခိုးမှူးကြီးတွေကိုလဲလုပ်ကျွေးရဦးမှာပါပဲ၊ မိမိက တစ်ယောက်မနေနိုင်သေးသမျှ အာန္တုဧည့်သည်တွေကိုလဲလုပ်ကျွေးရဦးမှာဖြစ်သလိုရန်သူတွေကိုလည်းလုပ်ကျွေးရပါလိမ့်ဦးမယ်။ မိမိက ဒီလိုသင်္ခန်းစာလေးတွေအထဲမှ သင်္ခန်းစာယူတတ်ဖို့ပါပဲ။ အာလုံးသောစာဖတ်သူအပေါင်း တဏှာကင်းမှ ဒုက္ခငြိမ်းမှမို့ တဏှာကင်းရာကင်းကြောင်း ပါရမီမြတ်အပေါင်းကို တစ်နေ့နည်းနည်းစုဆောင်းသွားနိုင်ကြပါစေလို့ဆန္ဒပြုရင်………………
လပြည့်ဝန်း (သာစည်)
ဘ၀အရေးစိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။ (2.10.2011)
http://www.lapyae000.com/2011/10/blog-post.html#more
· · Share

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...