စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျန်းမားရေး ထိခိုက်စေသော အကျင့်ဆိုးများ

  1. Myo Aung shared Ko Ko Lwin's photo.
    Sunday, May 27 at 3:44pm


    ၁၊နံနက်စာမစားတဲ့အကျင့်

    နံနက်စာ စားတာဟာ အလုပ်ခွင်နဲ့စာသင်ကျောင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါတယ်။ နံနက်စာမစားရင် သွေးကြောသကြားဓာတ် လျော့နည်းပြီး မောပန်း ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။


    ၂။ အစာစားပြီး ရေများများသောက်ခြင်း

    အစာစားပြီးခါစမှာ ရေအ၀သောက်ရင် အစာခြေဖျက်မှုကိုအနှောက်အယှက်ဖြစ်စေတတ်တဲ့အတွက် အစာစားပြီးစမှာ ရေတနင့်တပိုးသောက်မည့်အစား တစ်နေ့တာကာလအတွင်း သောက်နိုင်သမျှ မျှသောက်ပါ။


    ၃။ အစားအလွန်အကျွံစားတတ်မှု

    အစားကို နင့်နေအောင်စားရင် အစာအိမ်ဒဏ်ဖြစ်ပြီး အစာအိမ်ရှုံ့ပွမှုကို နှေးကွေးစေပါတယ်။ ဒါဟာ အစာခြေလုပ်ငန်းကို အကျိုးယုတ်စေပါတယ်။


    ၄။ လက်ဖက်ရည်ခါးခါးသောက်တတ်

    အကျရည်ပြင်းတဲ့ လက်ဖက်ရည်ဟာ အစာခြေဖျက်မှုနဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေတဲ့အပြင် ညဘက်အိပ်မပျော်မှုကိုဖြစ်စေပါတယ်။


    ၅။ အရက်အလွန်အကျွံသောက်ခြင်း

    အရက်ဟာ အသည်းနဲ့အစာအိမ်ကို ထိခိုက်စေပါတယ်။ အရက်က ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး သောက်သုံးသူကို ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။


    ၆။ အလွန်အကျွံအိပ်ခြင်း

    အလွန်အကျွံအိပ်ရင်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ အစာခြေဖျက်မှုနဲ့ အာဟာရစုပ်ယူမှု စတဲ့ဇီဝဖြစ်စဉ်နှေးကွေးတာ၊ အာရုံခံမှု စွမ်းရည်လျော့ပါးတာနဲ့ခုခံအားကျဆင်းတာတွေ ဖြစ်လာပြီး နှလုံးနဲ့လေဖြတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။


    ၇။ အချိန်ကြာမြင့်စွာ သွားတိုက်တတ်တဲ့အကျင့်ဆိုး

    အစာစားပြီးတိုင်းသွားတိုက်တာဟာ ခံတွင်းနဲ့သွားရောဂါ၊ အဆစ်အမြစ်နဲ့ ကျောက်ကပ်ရောင်ရမ်းတာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သွားအကြာကြီးတိုက်ရင် သွားဖုံးတွေ ပျက်စီးပြီး သွားဖွံဖြိုးမှုကို ထိခိုက်စေပါတယ်။


    ၈။ မျက်နှာခဏခဏသစ်တတ်တဲ့အကျင့်

    မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို ပျက်စီးစေနိုင်ပြီး ရုပ်လည်းကျစေပါတယ်။ မျက်နှာကို ဆပ်ပြာနည်းနည်းနဲ့ တစ်နေ့သုံးကြိမ်ပဲသစ်တာ အကောင်းဆုံးပါ။


    ၉။ လမ်းလျှောက်လွန်းတဲ့အကျင့်

    လမ်းအလွန်လျှောက်တာဟာ ခြေထောက်ရိုးတွေကို ပျက်စီးစေနိုင်တယ်လို့ ဆိုထားပါတယ်။


    ၁၀။ ဒေါက်မြင့်စီးတဲ့ အကျင့်ဆိုး

    ဒေါက်မြင့်ဖိနပ်တွေဟာ အဆစ်တွေကို စောစီးစွာ ပျက်စီးစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတဲ့ အမျိုးသမီးတွေဟာ ခြေထောက်၊ ခြေမျက်စိ၊ ဒူး ပေါင်ခြံနဲ့ ကျောရိုးနာကျင်မှုကို မကြာခဏ ခံစားရတတ်ပါတယ်။




    LifeStyle မဂ္ဂဇင်းမှ ပြန်လည်ဖော်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...