စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြုတ်-မျော-ပေါ်-လွတ် တရားများ


PLEASE CLICK SAYADAW PICTURE FOR  PDF file.

နမားဆရာတော်ရေးသားခဲ့သော စာအုပ်များမှရေးသားတင်ပြထားပါသည်။

မဂ္ဂင်လမ်းသို့ 

မျောတရား = သမထလုပ်သူများ သွားရာ
မြုတ်တရား= အာရုံ ၆ပါး လိုက်စား အကုသိုလ်များသာလုပ်သူ
ပေါ်တရား= ဒါန၊ သီလကုသိုလ်များလုပ်သူ
လွတ်တရား= မဂ္ဂင်လမ်း (ရုပ်ကို လှေကဲ့သို့ သုံး၊ စိတ်အားဉာဏ်အားနဲ့ အဆက်မပြတ်လှော်)

နံပါတ် ၅ ပုဂ္ဂိုလ်


မဂ္ဂင်လမ်းသို့ သာ


သကဒါဂါမ် ပုဂ္ဂိုလ်
ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူး၏၊
ဤလောက၌ တချို့ သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့ ၌ သဒ္ဓါသည်ကောင်း၏၊ ဟီရိ၊သြတ္တပ္ပ၊သုတ၊စာဂ၊ဝီရိယ၊ပညာသည်ကောင်းမြတ်ကြ၏၊ထို့ ကြောင့်ပေါ်လာသည်၊
ထိုပုဂ္ဂိုလ်သည် ၃ ပါးသောသံယောဇဉ်အနှောင်အဖွဲ့ တို့ မှအကြွင်းမဲ့ကုန်ခြင်းကြောင့် ရာဂ၊ဒေါသ၊ မောဟတို့ ခေါင်းပါးခြင်းကြောင့် တကြိမ်သာလျှင်ကာမဘုံသို့ လာ၍ ဝဋ်ဒုက္ခ တို့ ၏ အဆုံးကိုပြုသော သကဒါဂါမ်ဖြစ်၏၊

အသိဥာဏ်ဖြင့်         ပညာကိုလေ့လာကာ       နှလုံးသွင်းကျင့်ကြံရမည်


သံဝေဂဉာဏ်ဖြစ်အောင် ကိလေသာများခေါင်းပါးစေရန်- မြင်ပြီးသိပြီးသားအနိစ္စအကြမ်းစားများကို အနုစားဖြစ်အောင် ဆင်ခြင်ပွားများရသည်၊ ရေလှုပ်လျှင် ရေပေါ်မှ အမှိုက်သရိုက်များ လှုပ်ရသကဲ့သို့  ဤခန္ဓာကိုယ်ကြီးသည်လည်း လေဝင်လေထွက် ဝါယောဓာတ်ကိုမှီ၍ နေနေရ၏၊ ဤဝါယောဓာတ်ရှိမှသာ ခန္ဓာကိုယ်ကြီးအသက်ရှင်နိုင်သည်၊ ဤဝါယောဓာတ်ဖြစ်လိုက် ပျက် လိုက်ဖြစ်နေသကဲ့ သို့ ခန္ဓာကိုယ်ရှိ ရုပ်နှင့်နာမ်တို့ သည် တသွင်သွင် စီးနေသောမြစ်ရေသည် သမုဒ္ဒရာပင်လယ်သို့ ရှေ့ ရှုပြီးစီးနေသကဲ့သို့ ဖြစ်လိုက် ပျက်လိုက်နှင့်နေသော ဤရုပ်စဉ် နာမ်စဉ် သည်လည်း သေဖို့ ရာရှေ့ ရှုပြီး အမြဲတမ်းဖောက်ပြန်နေသည်ပါကလားဟု သံဝေဂဉာဏ် ရင့်အောင် ပွားများပေးရမည်၊
 
ခြေတလှမ်းလှမ်းတိုင်း သေဘို့ ရာနီးနီးလာပြီဟုသတိချပ်၍အမှတ်ဆက်ဆင်ခြင်နိုင်ရမည်။
သတ်ဖို့ ရာအတွက် နွားသတ်ရုံသို့ ဆွဲငင်သွားသောနွားသည် ပထမခြေလှမ်းထက် ဒုတိယခြေလှမ်းက သေဖို့ ရာနီးသကဲ့ သို့ ဖြစ်မှု ပျက်မှုများသည် ခြေလှမ်းနှင့်တူသည်၊

တနေ့ ထက်တနေ့ ၊တနာရီထက်တနာရီ၊ တမိနစ်ထက်တမိနစ် သေဖို့ ရာ နီးနီးလာသည်ဟု ရှု
တနေ့ ထက်တနေ့ ၊ တနာရီထက်တနာရီ၊ တမိနစ်ထက်တမိနစ် သေဖို့ ရာ နီးနီးလာပါကလားဟု သံဝေဂဉာဏ်ရရန် ဆင်ခြင်ပေးရမည်၊


 


သစ်ပင်လေးများသည် ထွက်ခါစတွင် နီနီ၊ ၎င်းမှ စိမ်းဝါဝါ၊ ၎င်းမှ အစိမ်းနု၊ ၎င်းမှ အစိမ်းရင့်၊၎င်းမှ ဝါပြီးကြွေကျသကဲ့သို့  ငါ၏ခန္ဓာကိုယ်သည်လည်းမွေးခါစကနီနီလေး၊ ၎င်းမှ ကြီးစ-ကြီးလာ၊ ရင့်စ-ရင်လာ၊ အိုစ-အိုလာကာ သေရမှာပါကလားဟု ဆင်ခြင်ပေးရမည်၊


ဝိပဿနာရှုသည်မှာ ဉာဏ်ရှင်ထား၍ ဖလားအရောင်တင်လျှင်ပွတ်သကဲ့သို့ ဖလားကိုဘယ်လက်ဖြင့် မြဲမြဲကိုင်ပြီး ညာလက်ကဖလားကို အတွင်းအပြင်နှံ့ အောင်ပွတ်ရသလို

အသိနှင့်သတိက ရုပ်နာမ်ကို မြဲမြဲအာရုံပြု ထားပြီး

ဉာဏ်က မမြဲပုံကို ဥပမာအမျိုးမျိုးတင်စားပြီးရှုရသည်၊
ဤကဲ့သို့ ရှုပါများလျှင် ကာမရာဂနှင့် ဗျာပါဒတရားများခေါင်းပါးလာမည်၊
ခေါင်းပါးသည်ဆိုသည်မှာ ဤသို့ တည်း၊ ပုထုဇဉ်ဘဝတုံးကဒေါသဖြစ်လာလျှင်သတ်ချင်သည်၊
သကဒါဂါမ်ဖြစ်ပြီးသော် ဒေါသဖြစ်က မသတ်ချင်ပါ၊ စိတ်တော့ဆိုးသေးသည်၊


ပုထုဇဉ်၏ဒေါသ သကဒါဂါမ်၏ဒေါသ
ပုထုဇဉ်ဘဝတုံးက ဒီအာရုံကို မရလျှင်သေရမလောက်ပင်ပန်းသည်၊
သကဒါဂါမ်ဖြစ်ပြီးသော် ရလျှင်လဲယူမည်၊ မရလျှင်လည်းအရေးမကြီးဖြစ်သွားသည်၊ဤသည်ကို ကာမရာဂနှင့် ဗျာပါဒတရားများခေါင်းပါးလာသည်၊လောဘ၊ ဒေါသတို့ လျော့နည်းလာသည်ဟုဆို၏၊




ပုထုဇဉ်လိုတာမရလျှင် သကဒါဂါမ်လိုတာမရလျှင်
ဤသည်ကား ချမ်းသာမှုကိုပို၍ခံစားရစေတော့သည်၊


နံပါတ် ၆ ပုဂ္ဂိုလ်

အနာဂါမ် ပုဂ္ဂိုလ်
ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်မိသောနေရာသို့ ရောက်၏၊
ဤလောက၌ တချို့ သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့ ၌ သဒ္ဓါသည်ကောင်း၏၊ ဟီရိ၊သြတ္တပ္ပ၊သုတ၊ စာဂ၊ဝီရိယ၊ပညာ သည်ကောင်းမြတ်ကြ၏၊ထို့ ကြောင့်ရေပေါ်ပေါ်လာရသည်၊
ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်အနှောင်အဖွဲ့ ငါးပါးတို့ ၌အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုမည်၊ ထိုဘုံမှပြန်လည်ခြင်းသဘောမရှိသူ အနာဂါမ်ဖြစ်၏၊
အနာဂါမ်မဂ်ဖြင့် ကာမရာဂနှင့် ဗျာပါဒတရားနှစ်ပါးစလုံးကို အကြွင်းအကျန်မရှိအောင် သတ်သောမဂ်ဖြစ်သည်၊
သောတပတ္တိမဂ်ဖြင့်မြင်ခဲ့ပြီးသော အနိစ္စကိုမဏ္ဍိုင်ထားပြီး မတင့်တယ်မှုနှင့် ဂရုဏာတရားကိုတွဲဖက်၍ ပွားပေးရသည်၊ သောတပတ္တိမဂ်ဖြင့်မြင်ခဲ့ပြီးသော အနိစ္စကိုအရင်ပွား၊ ဆင်ခြင်ရှုပွားပုံက
ဤခန္ဓာသည် ဘီလူးကလူယောင်ဖန်ဆင်းထားသကဲ့သို့ ၊


အပြင်မှအမြင်                          အတွင်းကျကျသိနေလျှင် ဘာတခုမှ နှစ်သက်စရာမရှိပါ၊

အပြင်ကတင့်တယ်လှပသယောင်ထင်ရသော်လည်း အတွင်းတွင် ကြောက်စရာကောင်းလှ၏၊ အမြဲတမ်းဖောက်ပြန်ပျက်စီးနေ၏၊ အလွန်ရွံစရာကောင်းလှ၏ ၊ ဟူ၍ အနိစ္စနှင့်မတင့်တယ်မှုကို တွဲပြီးရှုပါလေ၊(ဤသည် ကာမရာဂကိုသတ်ခြင်းဖြစ်၏)

တဖန် ငါ၏ရုပ်တရားကြီးသည် အမြဲတမ်းဖောက်ပြန်ပျက်စီးနေသကဲ့သို့  သတ္တဝါတိုင်း၏ ရုပ်တရားသည်လည်း ဖောက်ပြန်ပျက်စီးနေသဖြင့် သနားစရာသတ္တဝါများပါကလား ဟူ၍ အနိစ္စနှင့် ဂရုဏာကိုတွဲ၍ရှုပါလေ။(ဤသည် ဗျာပါဒ ခေါ် ဒေါသကိုသတ်ခြင်းဖြစ်၏)
အနိစ္စနှင့်မတင့်တယ်မှုကိုတလှည့်ရှုလိုက်၊အနိစ္စနှင့် ဂရုဏာကိုတလှည့်ရှုလိုက် နှင့် ရှုဖန်များလာလျှင် သံဝေဂဉာဏ်များရင့်လာကာ ကာမရာဂ ဗျာပါဒတရားတို့ သည် အကြွင်းမဲ့ချုပ်သွားလိမ့်မည်၊
ယခင်တုန်းက ကာမရာဂ၊ ဒေါသမီးများသည် ယခုတွင် ထိုမီးများမလောင်တော့သဖြင့် သက်သာရာ သန္တိသုခ ချမ်းသာကို ရရလေတော့သည်၊
နံပါတ် ၇ ပုဂ္ဂိုလ်

ရဟန္တာ ပုဂ္ဂိုလ်
ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူးမြောက်၏၊ ကမ်းတဘက်သို့ ရောက်၏၊ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ တည်၏၊ မကောင်းမှုကို မပြုပြီဖြစ်၏၊
ဤလောက၌ တချို့ သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့ ၌ သဒ္ဓါသည်ကောင်း၏၊ ဟီရိ၊သြတ္တပ္ပ၊သုတ၊စာဂ၊ဝီရိယ၊ပညာသည်ကောင်းမြတ်ကြ၏၊ထို့ ကြောင့်ပေါ်လာသည်၊
ထိုပုဂ္ဂိုလ်သည် အာသဝေါတရားတို့ ၏ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို အခုဘဝ၌ ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍နေ၏၊
အရဟတ္တမဂ်သည် ဘဝရာဂနှင့်တကွ ကိလေသာအားလုံးကိုသတ်သောမဂ်ဖြစ်သည်၊ သို့ အတွက် သောတပတ္တိမဂ်တုန်းက မြင်ခဲ့သော အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတို့ ကို တလှည့်စီဆင်ခြင်ကာ ခန္ဓာကိုယ်ကိုနောက်ထပ်မရချင်အောင် သူနာကိုဥပမာထား၍ ရှုရမည်၊




သူနာကဲ့သို့ ရှု
ဤခန္ဓာကိုယ်ကြီးသည် အနှစ်မရှိသောကြောင့် မခိုင်မာ၊ မခိုင်မာသောကြောင့်မမြဲ၊ မမြဲသောကြောင့်ဆင်းရဲ၏၊ မမြဲသောကြောင့် အိုရ၏၊ နာရ၏၊ သေရ၏၊ ချစ်သူနှင့်ကွဲရ၏၊ စင်စစ်မှာမမြဲမှုသည်ပင် အိုအောင်၊ နာအောင်၊ သေအောင် နှိပ်စက်၍နေသည်မည်၏၊ သူသတ်ယောကျား အမြဲတမ်းဓားမိုးစံနေရသော သူနှင့်တူ၏၊
ယနေ့ မနက်ဖန်သေရတော့မည်ဟု အထင်ရောက်အောင်ရှုရမည်၊ ခန္ဓာကိုယ်ကိုပြုပြင်တိုင်း သူနာကိုဥပမာထား၍ ပြုပြင်ရမည်၊
ထမင်းစားသောအခါ သူနာဆေးစားသည်နှင့်တူပါကလားဟုလည်းကောင်း၊
ရေချိုးသောအခါ သူနာကိုဖန်ဆေးသည်နှင့် တူပါကလားဟုလည်းကောင်း၊
အဝတ်ဝတ်သောအခါ သူနာကို ပတ်တီးစီးသည်နှင့် တူပါကလားဟုလည်းကောင်း၊
အိမ် - ကျောင်းများကိုလည်းဆေးရုံ နှင့်တူပါကလားဟုလည်းကောင်း၊
ခန္ဓာကိုယ်ကို ငြီးငွေ့ ၍ နောက်ထပ်မရချင်အောင် ဆင်ခြင်ရမည်၊

မီးလောင်နေသောအိမ်ကြီးကဲ့သို့ ရှု
ဤခန္ဓာကိုယ်ကြီးသည် ဇရာမီး အမြဲလောင်နေသောကြောင့် မီးလောင်နေသောအိမ်ကြီးနှင့်တူပါကလား ဟူ၍ ရှုဖန်များလတ်သော် သံဝေဂဉာဏ် ရင့်သန် လာသောအခါ ထိုမီးလောင်သောအိမ်ကိုလဲ မလိုချင်တော့၊ ထိုအိမ်ထဲသို့ လဲ မဝင်ချင်တော့ သလို ခန္ဓာကိုယ်ကြီးကို မလိုချင်သောစိတ်၊ မရချင်သောစိတ် ဖြစ်၍လာလေတော့သည်၊
ဘဝရာဂမီးချုပ်၍ ကိလေသာအားလုံးပယ်သတ်ကာ အပူများချုပ်၍ အပူ၏ဆန့် ကျင်ဖက် အငြီမ်းပရမတ် အအေးဓာတ် နိဗ္ဗာန်သို့ ရောက် ရလေသည်၊
ညစ်နောက်ပူဆွေးခြင်းကင်းသောမြတ်စွာဘုရား၏ သန့် ရှင်းကြည်လင်သော နှလုံးရေကြည်တော်ကို ရိုသေစွာဖြင့် လက်စုံမိုး ဦးထိပ်ထား၍ ရှစ်ခိုးကတော့လိုက်ပါ၏ အရှင်ဘုရား၊

အဖိုးမဖြတ်နိုင် အကျိုးမြတ်များအောင် ဘုံမျိုးမြင့်ကာ ဉာဏ်ပွင့်ပြီးနိဗ္ဗာန်သို့ ရောက်စေတတ်သော တရားတော်မြတ်များကို ရိုသေစွာဖြင့် လက်စုံမိုး ဦးထိပ်ထား၍ ရှစ်ခိုးကတော့လိုက်ပါ၏

ကျောက်တလုံးတောရဆရာတော်ဘုရား အရှင်ဝါသေဋ္ဌာဘိဝံသမြောက်ဦးဆရာတော် အရှင်ဝါယမိန္ဒ နှင့်တကွ အားလုံးသောသံဃာ တော်အရှင်မြတ်များကို ရိုသေစွာဖြင့် လက်စုံမိုး ဦးထိပ်ထား၍ ရှစ်ခိုးကတော့လိုက်ပါ၏
အရိယာအရှင်မြတ်တို့ တွေ့ သော အပူငြီမ်းရာ နိဗ္ဗာန်သို့ သာရောက်ရပါစေဘုရား၊
ကျေးဇူးရှင် ကျောက်တလုံးတောရဆရာတော်ဘုရား အရှင်ဝါသေဋ္ဌာဘိဝံသ၏
ဓမ္မလက်ဆောင်စကား( ဒီဇင်ဘာ ၂၄ ရက် ၂ဝဝ၉)
ဒီလောကအမှောင်တွင်းတော့ - ရှောင်ကွင်းလို့ ပယ်ပြီ
ရောင်ကင်းတဲ့ ကေသီနယ် - အေကသီ ဆင်မြန်း
သမုဒယ ဝဋ်ကျိုးနှောင်ကို - ဇွတ်မတိုးပေါင်အခုတော့ ရွယ်မှန်း။
မှတ်ချက်-http://www.nandathitsa.com/မှကူးယူတင်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...