စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားကစားနှင့်ကျန်းမာရေး


အားကစားလုပ်တာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ လူတိုင်းသိထားကြပေမယ့် လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့် အားကစားမလုပ်နိုင်ကြပါဘူး။ အထူးသဖြင့် ကျွန်မတို့မြန်မာနိုင်ငံမှာပါ။ ဒီပိုစ်.လေးကို ဖတ်ပြီးတဲ.အခါမှာ အားကစား လုပ်ခြင်းရဲ. အကျိုးကျေးဇူးလေးတွေကို သိရှိနိုင်ြ့ပီဆိုရင် အားကစားလုပ်ဖို့ တချို့တလေများ ဆုံးဖြတ်ခဲ့ရင်ပဲ ဒီပို့စ်လးကို တင်ရကျိုးနပ်ပါပြီ။ သာမန်လူတစ်ယောက်ဖြစ်တဲ့ ကျွန်မကလည်း မိမိ လေ့လာ သိရှိသလောက်မျှဝေတဲ. အပေါ်မှာ အမှားပါခဲ.ရင် ခွင်.လွတ်ကြပါလို. ပြောကြားရင်း အားကစားလုပ်လို. ရရှိလာတဲ. အကျိုးကျေးဇူးလေးတွေကို တင်ပြသွားပါမယ်။ ကိုယ်လက်လှုပ်ရှား အားကစားပြုခြင်းသည် ကျန်းမာရေးအတွက်များစွာ အကျိုးပြု တယ်လို. လူတိုင်း သိပြီးသားပါ။ မိတ်ဆွေတို့ တိတိကျကျ လေ့လာမှတ်သားနိုင်အောင် ဆေးပညာ ရှုထောင့်ကနေ ဘယ်လို အကျိုးပြုတယ် ဆိုတာလေးကို လက်ဆင့်ကမ်းဝေမျှလိုက်ပါတယ်။
လေ.ကျင်.ခန်းလုပ်ခြင်းကြောင်. တစ်ချို.ရောဂါတွေကို သက်သာစေတယ် တစ်ချို.သော လူနာတွေကို ရောဂါကနေ ပျောက်ကင်းစေပါတယ်။ ဒါကြောင်.လည်း ဆ၇ာဝန်တွေအနေနဲ. လူနာတွေကို လေ.ကျင်.ခန်းလေး တစ်ခုလောက် မှန်မှန်လုပ်ကြဖို. အဖက်ဖက်ကနေ တိုက်တွန်းနေတာ မိတ်ဆွေတို့ လည်း သိရှိလေ.လာဖူးမှာပါ။ နောက်ဆုံးအနေနဲ. လမ်းလေးမှန်မှန် လျှောက်ဖို.အထိ တိုက်တွန်းကြပါတယ်။ ဒီလိုဘာဖြစ်လို. တိုက်တွန်းနေရသလဲ ဆိုတာ မိတ်ဆွေအနေနဲ. အောက်က အချက်(၆)ချက်ကို ဖတ်ကြည်.လိုက်ရင် နားလည်မယ်လို. ထင်ပါတယ်။

(၁)သွေးလှည်.အဖွဲ.(Cardio Vascular System)
နှလုံးခုန်နှုံးဟာဆိုရင် သာမန်လူတစ်ယောက်မှာဆိုတစ်မိနစ် (၇၅)ကြိမ်ခန်. ခုန်ပါတယ်။ အားကစားသမား တစ်ယောက်ဟာ ဆိုရင် သာမန်လူထက် နှလုံးခုန်နှုံး အနည်းငယ် လျော.ပါတယ်။ ဥပမာ တစ်မိနစ်အကြိမ် (၆၀)ခန်.သာရှိပါတဲ. အတွက် သာမန်လူထက် မောပန်းမှုဒဏ် ကိုခံနိုင်ပါတယ်။ နှလုံးသည် တစ်ကြိမ်တွန်းညှစ်ခြင်းကြောင်. သွေးပမာဏ ၇၀မှ ၈၀ မီလီမီတာ အထိ ထွက်စေပါတယ်။ အားကစားလေ.ကျင်.မှုကြောင်. ယင်းပမာဏကိုများစေတဲ.အတွက် ကိုယ်တွင်းသွေးလှည်.မှု ကောင်းပြီး ရောဂါ ကင်းရှင်းစေပါတယ်။
(၂)အသက်ရှုအဖွဲ.(RespiratorySystem)
သာမန်လူတစ်ယောက်ရဲ့ နားနေစဉ် အသက်ရှုနှုံးဟာ တစ်မိနစ်ကို လေ ပမာဏ ၆လီတာဖြစ်ပြီး အားကစားပြုလုပ်ချိန်မှာ ဆို ၁၂၀မှ၁၅၀လီတာထိ အောင်မြှင်.တက်လာပြီး အောက်ဆီဂျင် အသုံးပြုနှုံး လည်း ၁၀ဆမှ၁၅ဆ အထိမြှင်.တက်လာကာ အသက်ရှုနှုံးဟာ ဆိုရင်လည်း ပုံမှန်၁၀နှင်.၁၈ ကြိမ်ကြား ကနေ ပိုမြန်လာပါတယ်။ တစ်ကြီမ်ရှုသွင်းတဲ. လေပမာဏ ၀.၅လီတာလည်း ထိုထက်များလာပါတယ်။ ဒါကိုကြည်.ခြင်းအားဖြင်. ကိုယ်တွင်းအောက်ဆီဂျင်ကို ပိုမိုရရှိစေပါတယ် ဆိုတာ အားကစားရဲ. အကျိုးကျေးဇူးပါပဲ။
(၃)ကိုယ်အပူချိန်(Body Temperature)
သာမန်အပူချိန်အနေနဲ. ၃၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး အားကစားလုပ်ရှားမှု ပြုနေစဉ်မှာ ကိုယ်အပူချိန် အနည်းငယ်တက်လာပြီး လုပ်ငန်းအားလုံး ကောင်းမွန်စွာ လုပ်ကိုင်နိုင် မှာဖြစ်ပါတယ်။
(၄)ဟော်မုန်းပြောင်းလဲမှု(HormonalChanges)
အားကစားလုပ်ခြင်းကြောင်. ကြီးထွားဟော်မုန်းဂလူကာဂွန်။ ကက်တီကောအေမင်း နှင်.ကော်တီကို စတီးရွိုက် ဟော်မုန်းများ သွေးတွင်းများစေပါတယ်။
(၅)သွေးတွင်းပြောင်းလဲခြင်း(Blood Change)
သွေးနီဥများ ၊သကြားဓာတ်ပါဝင်မှုများ၊ဖက်တီးအက်ဆစ်များဟာ ဆိုရင် အားကစားလုပ်ခြင်းကြောင်. သွေးတွင်းမှာ များလာစေပြီး အောက်ဆီဂျင် သယ်ယူပို.ဆောင်မှု ပိုကောင်းလာကာ စွမ်းအင်တွေကို ရရှိစေပါတယ်။
(၆)ဇီဝဓာတုဖြစ်စဉ်(Biochemical Change)
အားကစားပြုလုပ်စဉ် ဂလူးကို.စ်ပိုလာပြီး အသည်းနှင်.ကြွက်သားများတွင် သိမ်းထားသော ဂလိုင်ကိုဂျင် ဖြိုခွဲမှုများလာပါတယ်။ အားကစားသမားတွေဟာ သာမန်လူတွေထက် အသည်းနှင်.ကြွက်သားမှာ ဂလိုက်ကိုဂျင် ပိုထိန်းသိမ်းနိုင်ပါသည်။

နောက်ထပ်မတူတဲ. အချက်တွေကတော. သာမန်လူတွေနှင်. နှိုင်းယှဉ်လိုက်ရင် အားကစားသမားတွေဟာ (၁)နှလုံးခုန်နှုံးလျော.ပါတယ် (၂)နှလုံးညှစ်အားကောင်းပါတယ် (၃)သွေးလည်ပတ်စီးဆင်းမှု ကောင်းခြင်း (၄)ရှုသွင်းသော လေပမာဏ များပါတယ် (၅)ကြွက်သားတွေ သန်မာတယ် (၆)သွေးနီဥ အေ၇အတွက်များပြီး သွေးအားကောင်းစေခြင်း (၇)စွမ်းအင်သိမ်းဆည်းမှု ပမာဏ ပိုကောင်းခြင်း (၈)အချိန်ကြာမြှင်.စွာ အားကစား ပြုလုပ်နိုင်ခြင်း (၉)သွေးတွင်းအဆီဓာတ် လျော.နည်းစေခြင်း (၁၀)စိတ်ဓာတ် ခိုင်မာခြင်းဇွဲရှိခြင်း၊ စီတ်ရှည်ခြင်း၊ သည်းခံခွင်.လွတ်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာတွေပါ တိုးတက်စေတာကြောင့် အားကစားတစ်ခုခုကို ပြုလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...