စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပင်လယ်သမုဒ္ဓရာအလားထင်မှားလောက်သည့် ရေကူးကန်ကြီး (မိုက်တယ်)

ပင်လယ်သမုဒ္ဓရာအလားထင်မှတ်ရသည့်ရေကူးကန်


ချီလီနိုင်ငံက ရေကူးကန်ကြီးတခုဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အနက်ဆုံး ရေကူးကန်ကြီးအဖြစ် ဂင်းနစ်စံချိန် တင်ခဲ့ပါတယ်။



ချီလီ နိုင်ငံ၊ Algarrobo မြို့က ပစ္ဆိဖိတ် ကမ်းခြေမှာ တည်ဆောက်ထားတဲ့ San Alfonso del Mar အမည်ရ ရေကူးကန်ကြီး ဟာ ပင်လယ်၊ သမုဒ္ဓရာအလား ထင်မှတ်မှားနိုင်ပါတယ်။ ရွက်လှေတွေ၊ မော်တော် ဘုတ်တွေ စီးပြီး အနားယူအပန်းဖြေဖို့ အတွက် တကယ့်ကို ပင်လယ်သမုဒ္ဓရာလို ခံစားရနိုင်ပါတယ်တဲ့။




ရေဂါလန်ပေါင်း ၆၆ သန်း ဖြည့်သွင်းရတဲ့ ဒီရေကူးကန်ကြီးဟာ ပစ္ဆိဖိတ် သမုဒ္ဓရာထဲက ရေတွေကို သန့်စင် သွင်းထုတ်ဖို့ ကွန်ပျူတာ စနစ်တွေသုံးပြီး စီမံထားတာဖြစ်သလို ဒီရေကူးကန်ကြီးကို ၅ နှစ်တာ အချိန်ယူ တည်ဆောက်ခဲ့ပြီး ကုန်ကျ စာရိတ်ကတော့ အမေရိကန်ဒေါ်လ ၁.၅ ဘီလျံတောင် ရှိခဲ့ပါတယ်။




ဧက ၂၀ ကျယ်ဝန်းတဲ့ ရေကူးကန်ကြီဟာ အိုလံပစ်ရေကူးကန်ပေါင်း ၂၀ ပေါင်းလိုက်တာနဲ့ ညီမျှပြီး အနက်ဆုံးနေရာက ၁၁၅ ပေရှိပါတယ်။ တနှစ်ကို ထိမ်းသိမ်းပြုပြင်စာရိတ်က အမေရိကန် ဒေါ်လာ ၂.၇ သန်းလောက် ကုန်ပါတယ်တဲ့။




တကယ့် အံ့ဘွယ် ရေးကူးကန်ကြီးတခုဖြစ်ပါတယ်။














ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...