စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝမ်းပျက်ဝမ်းလျှော ရောဂါအတွက် ဆေးဖက်ဝင်အပင်များ


ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းအရည်များသွားနေခြင်းကိုဆိုလိုပြီး၊ ရောဂါပိုးများကြောင့်အဖြစ်များသည်။
ဝမ်းပျက်ဝမ်းလျှော ရောဂါသည် ကလေး၊ လူကြီးမရွေးတွင်ဖြစ်နိုင်ပြီး၊ အသက်၅နှစ်အောက်ကလေးများ တွင်
ပို၍ဖြစ်လေ့ရှိပါသည်။


ဝမ်းပျက်ဝမ်းလျှော ရောဂါကိုဆေးဖက်ဝင်အပင်များနှင့်ကုသရာတွင်ဝမ်းပျက်ဝမ်းလျှောခြားကြောင့် ဆုံးရှုံးသွားသော
ရေနှင့် ဓာတ် အဆားများကို ပြန်လည်ဖြည့် ဆည်းပေးခြင်းနှင့်ပိုးများအပေါ်ထိရောက်သော ဆေးပင်များနှင့် ကုသခြင်း
တို့ဖြစ်သည်။ ဆုံးရှုံးသွားသော ဓာတ်ဆားများပြန်လည်ဖြည့်ဆည်းပေးရန် အုန်းစိမ်းရည်၊ ကွမ်းရွက်ပြုတ်ရည် အား
သကြား ၈ဇွန်း(သို့) ထန်းလျက် ၈လုံးနှင့် အိမ်သုံးဆားဇွန်းတစ်ဝက်ခန့်ကိုရေကျက်အေး ၂ပုလင်းရော၍ သောက်သုံးခြင်း
အပြင် ထမင်းရည်လည်းသောက်သုံးနိုင်သည်။


ရောဂါပိုးအပေါ်ထိရောက်သော ဆေးပင်များမှာ နနွင်း၊ ခန်းတောက်၊ ကွမ်း၊ ဖန်ခါး၊ ဇီယာရွက်ထူ၊ ဆီးဖြူသီး၊ တမာ၊
သလဲသီး၊မင်းကွတ်သီး၊ပေါက်ပန်းဖြူပင်တို့ဖြစ်သည်။ အထက်ပါဆေးပင်များကို သောက်သုံးနေစဉ်ပြင်းထန်သော
ရောဂါလက္ခဏာများ မှတစ်ခုခုကိုတွေ့ရှိပါက နီးရာဆေးရုံသို့အမြန်ဆုံးပို့၍ ကုသမှုခံယူသင့်ကြောင်း ၂၀၀၉ ခုနှစ်
ဧပြီလ ၃၀ရက်နေ့ထုတ်7 Day News ဂျာနယ် တွင်ဖော်ပြထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...