စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







HTC ဖုန်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ်(မြန်မာပြည်သား) ပီတာချူးနှင့် တွေ့ဆုံခြင်း

HTC ဖုန်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ပီတာချူးနှင့် တွေ့ဆုံခြင်း
မန္တလေးမြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က အီလက်
ထရောနစ်ပြင်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ခဲ့ဖူးသူ ဦးဝင်းသန်းဆိုသူသည်
ယနေ့ကမ္ဘာ့စမတ် ဖုန်းထုတ်လုပ်မှူတွင် ထိပ်တန်းရောက်နေသည့် HTC
ဖုန်းကုမ္ပဏီ၏ အမှူဆောင်အရာရှိချူပ်တစ်ဦးဖြစ်နေပြီး နိုင်ငံတကာ
စီးပွားရေးဂျာနယ် The Wall Street က သူ့အား The Next Steve
Jobs ဟုသုံးနှုန်းခဲ့သည်။ ယခု ပီတာချူးဟု တစ်ကမ္ဘာလုံးတွင်
လူသိများနေသည့် ဦးဝင်းသန်းခေါ် Mr. peter chou သည် ရန်ကုန်ရှိ သူ၏သူငယ်ချင်း
မိတ်ဆွေများနှင့် လာရောက်တွေ့ဆုံခဲ့ စဉ် မြန်မာမီဒီယာများနှင့် ခေတ္တတွေဆုံခိုက် 7 Day news
မှယနေ့ မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုများအပေါ်သူ၏ အမြင်များအား မေးမြန်းထာမှု အချို့ကို
ဖေါ်ပြပေးလိုက်ပါသည်။
မေး။       ။

အန်ကယ့်အနေနဲ့ မြန်မာပြည်ရောက်တဲ့အချိန်မှာ အိုင်စီတီ အသိုင်းအဝိုင်းကသူတွေနဲ့လည်း
စကားပြောဖြစ်တယ်။ နောက်ပြီးတော့ ဒီကအခြေအနေတွေကိုလည်း အထိုက်သင့်လေ့လာပြီး
ပြီဆိုတော့ အိုင်စီတီ business ကိုသုံးသပ်မယ်ဆို ဒီမှာဖြစ်နေတဲ့ အခြေအနေတွေကို
ဘယ်လိုမြင်ပါသလဲ။


ကျွန်တော့အနေနဲ့ ဒါကိုသုံးသပ်နိုင်ဖို့က စောပါသေးတယ်။ ကျွန်တော့သူငယ်ချင်းသောင်းတင်နဲ့
သူငယ်ချင်းတွေဆီကနေ ဒီကအခြေအနေတွေကို အများကြီးလေ့လာဖို့ လိုပါသေးတယ်။ ဒါပေမဲ့
ကျနော်မြင်တာ လမ်းကြောင်းမှန်ပေါ်ကတော့ ကောင်းနေပါပြီ။ ခုအင်တာနက်တွေလဲပွင့်နေပြိ 3G
တွေလဲရနေပြီဆိုတော့ တကယ့် အချိန်ကောင်းပါပဲ။
မေး။         ။

အဲဒါဆို အားရလောက်အောင် တိုးတက်လာတဲ့ ပြောင်းလဲမှုတွေကို ဘာတွေများတွေ့မိပါသလဲ။

PETER CHOU-       ။ကျွန်တော့် အမြင်အရတော့ မြန်မာပြည်အနေနဲ့ 4G နက်ဝခ်ကို
တိုက်ရိုက်ပြောင်းသင့်ပါတယ်။ ဒါရသွားရင်တော့ အရမ်းကောင်းမှာပါ  ဘယ်လိုပြောရမလဲ။ လူတွေကို
 ပေးဖို့အတွက် သောက်ရေတွေ ပို့ပေးမယ်ဆိုရင် သောက်ရေကောင်းလည်း ကောင်းရမယ်။
လမ်းလည်းကောင်းရမယ်။ သောက်ရေလည်းမကောင်း သောက်ရေကိုသယ်သွားရမယ့် လမ်းကလည်း
မကောင်းရင် ကျန်တာတွေ အကုန်မကောင်းနိုင်ဘူးလေ။ အဲ့ဒီသဘောပါပဲ။ ဒါကြောင့် ကျွန်တော်
ထင်တာက လမ်းကောင်းကောင်းနဲ့ ရေကောင်းကောင်းလုပ်ဖို့က အရေးကြီးတယ်ဆိုတာပဲ။ ကျွန်တော်
အဲ့ဒါကို လူကြီးတွေကိုပြောနေတာ သူတို့ကလည်းသဘောတူပါတယ်။





ဓာတ်ပုံ - နေလင်းအောင် (7Day News Journal)
မေး ။      ။

ပြည်တွင်းဆက်သွယ်ရေးနဲ့ပတ်သတ်ပြီးတော့ ဖုန်းတွေ ဈေးအပေါဆုံးဖြစ်ဖို့ မီဒီယာတွေကမေးရင်
ဆက်သွယ်ရေးက ပြန်ဖြေတာက Infrastructure မလုံလောက်တာရယ် ၊ ဥပဒေအရ မဖြစ်နိုင်တာ
 ရယ်ဆို ပြီး ပြောနေကြတယ်။ ဒီမှာ ၈၈ နောက် ပိုင်းမှာ Infrastructure တွေလည်း
တောက်လျှောက် တည်ဆောက်လာတယ်။ အဲ့ဒီအပေါ်မှာ မလုံလောက်ဘူးဆိုတဲ့ အကြောင်းပြချက်ကို
အန်ကယ့်အနေနဲ့ ဘယ်လိုများ ထင်မြင်ချက်ပေးချင်ပါသလဲ။

အခု ဝန်ကြီးတွေက Infrastracture Frame Work အသစ်တွေလုပ်နေတယ်။ အဲ့ဒီ Frame Work
အသစ်တွေပြီးသွားရင်တော့ သူ့အလိုလို ကောင်းသွားမှာပါ။ အခုဟာက ဈေးကွက်က အရမ်းကျဉ်းနေ
တယ်လေ Only 5 percent ပဲရှိတယ်။ အဲဒီတော့ အခြေခံအဆောက်အအုံဆိုတာက အရမ်းနည်းပြီး
ကွာလတီလဲမကောင်းဘူး။ Network လွမ်းခြုံနိုင်မှုကလည်း မကောင်းဘူး။ အဲဒါတွေကြောင့်
ခင်ဗျားခေါ်တဲ့အချိန်မှာ ခေါ်မရတာတို့ ပြုတ်ကျတာမျိုးတွေ ဖြစ်နေတာပေါ့။ အခု အရည်
အသွေးကအ ရမ်းဆိုးတယ်။ ဒါကြောင့်မို့ ကျနော် ပြောနေတာက ဒါတွေကို အကြံပေးနေတာလေ။



အန်ကယ် လေ့လာမိသလောက်က အခုလက်ရှိ မြန်မာနိုင်ငံရဲ့ နက်ဝါ့ခ် အခြေအနေ က
တော်တော်လေးနေ တယ်လို့ ဆိုချင်တာပေါ့။


ဟုတ်တယ်။ မကောင်းဘူး။ မကောင်းဘူး။


အခုလက်ရှိ ဒီကိုရောက်နေတဲ့ အချိန်လေးအတွင်းမှာ သိထားရသလောက် မြန်မာနိုင်ငံရဲ့
ဆက်သွယ်ရေး ကဏ္ဍကို ဘယ်လိုသုံးသပ်ပါလဲ။ အဓိက အကြံပြုချင်တဲ့အချက်တွေများ ရှိပါသလား။



အဲ့ဒါနဲ့ပတ်သတ်ပြီး နှစ်ခုရှိပါတယ်။ တစ်ခုက ဒီ Infrastructure ကို တစ်ခါတည်းနဲ့ ကောင်းကောင်း
သာလုပ်။ တစ်ခါတည်းနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး Infrastructure ဖြစ်အောင်သာလုပ်။
အဲ့ဒါမျိုးက အရေးကြီးတယ်လေ။ မကောင်းတဲ့ Infrastructure တော့သွားမလုပ်နဲ့ပေါ့။ အကောင်းဆုံး
 လုပ်။ မြန်မာစာကို မိုဘိုင်းထဲမှာ ဘယ်လို လွယ်လွယ်ကူကူ သုံးလို့ရမလဲ ဆိုတာလဲ အရေးသိပ်
ကြီးပါတယ်။

ဒါဆို မစ္စတာပီတာချူးပြောသလို ကမ္ဘာပေါ်မှာ အကောင်းဆုံး နက်ဝါ့ခ်ကိုရဖို့ အချိန်
ဘယ်နှစ်နှစ်လောက် ယူရမှာလဲ။


နှစ်နှစ်သုံးနှစ်လောက်ဆိုရပြီ။ တကယ်လုပ်ချင်တယ်ဆို နှစ်နှစ်သုံးနှစ်လောက်ဆိုရပြီ။


ဒါဆိုဒါနဲ့ပတ်သတ်ပြီ လူကြီးတွေနဲ့လည်း စကားပြောဖြစ်တယ်ဆိုတော့ အစိုးရကရော လုပ်ချင်
စိတ်ရှိတယ်လို့ မြင်ပါသလား။


ရှိပါတယ်။ လုပ်ချင်စိတ်ရှိပါတယ်။ ဝန်ကြီးတွေက အင်မတန်မှ လုပ်ချင်ပါတယ်။

အဲ့လိုသာဆို ရှိပြီးသား Infrastructure တွေကိုအကုန် လုံးဝ ဖြုတ်ပစ်လိုက်ရမှာလား။
အသစ်ပြန်ဆောက်ရမှာလား။

ဒါက နည်းနည်းရှုပ်တယ်လေ။  အဲ့ဒါက ခဏလေးတော့ရှုပ်မှာပေါ့။ ဒါပေမဲ့ အနာဂတ်မှာဆို ရင်
ကောင်းမှာပေါ့။ အဲ့ဒါ က ရေရှည်ကိုကြည့်ရမယ်လေ။ ခဏရှုပ်တာက ကိစ္စမရှိပါဘူး။


Infrastructure အသစ်ဆိုရင် အကောင်းဆုံးပဲလို့ပြောချင်တာပေါ့။


ဟုတ်တယ်။ ဟုတ်တယ်။ အမှန်ဆို ကျွန်တော်လာလုပ်ဖြစ်ရင် ကျွန်တော် အဲ့ဒါကို လုပ်ဖြစ်မှာ။ ဒါဆို
လူတွေလည်းဝမ်းသားမှာပဲလေ။ ငါတို့ဆီက ကမ္ဘာပေါ်မှာ အကောင်းဆုံး နက်ဝါ့ခ်ဆိုပြီးတော့။


အန်ကယ်တို့ ငယ်ငယ်က ဗရုတ်လုပ်တတ်တာလေးတွေနဲ့ ပတ်သတ်ပြီး စင်ပေါ်မှာတုန်းကလည်း ပြော
သွားတော့  ငယ်စဉ် ကျောင်းသားဘဝတုန်းက ဒီက အခုပြန်တွေ့နေတဲ့ သူငယ်ချင်းတွေနဲ့ အမှတ်တရ
 အဖြစ်အပျက်လေးတွေများ ရှိခဲ့ပါသလား။


မှတ်မှတ်ရရက ဒီမှာနေခဲ့တဲ့ နောက်ဆုံးနှစ်မှာ ကျွန်တော်နဲ့ သောင်းတင် (ကေအမ်ဒီ ကွန်ပျူတာ
ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသောင်းတင်) က ကျွန်တော်တို့နေခဲ့တဲ့ စဥ့်ကူဆောင်မှာ နေခဲ့ကြတယ်။
အဲ့ဒီတုန်းကကျွန်တော်တို့ အပျော်လွန်ခဲ့ကြတယ်။ ရုပ်ရှင်တွေလည်း သွားကြည့်ခဲ့ကြတယ်။ သူက
စာတော်တယ်။ အရင်ကဆို ပထမပဲ။ အဲ့ဒီနှစ်က သူအများကြီးကျတာပဲ။ အဲ့ဒီနောက် ကျွန်တော်
ထိုင်ဝမ်သွားတော့ သူကစာရေးတယ်ကျွန်တော့်ကို ငါပထမရပြန်ပြီတဲ့။ အဲ့တုန်းက သိပ်ပျော်တယ်လေ
သူငယ်ချင်းတွေနဲ့။ ရုပ်ရှင်တွေသွားကြည့်ကြတယ်။ (အားပါးတရရယ်မောလျက်)


တကယ်လို့များကျွန်တော်တို့နိုင်ငံမှာ Show Room တွေဘာတွေ လုပ်လာနိုင်မယ်ဆိုရင်  မြန်မာနိုင်ငံ
သားတွေ အတွက် Special Discount တွေဘာတွေ လုပ်ပေးဖို့ အစီအစဉ်ရှိများ ရှိပါသလား။


Show Room မျိုးက လောလောဆယ်အစီအစဉ်မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို
ပြန်ပြီးတော့ ကြည့်ရပါဦးမယ်။


Credit: နေလင်းအောင်၊ ယုဇနကိုကို (7Day News Journal)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...