စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်ပျော်နေစဉ် ဟောက်တတ်သူများ ကင်ဆာရောဂါ အန္တရာယ်ပိုရှိ တဲ့




snorer



သာမန် အနေအထားမျှ ဟောက်လေ့ရှိသူများကမူ သေသည်အထိ ပြင်းထန်သော ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ (၂)ဆ၊ ကျယ်ကျယ်လောင်လောင် စူးစူးဝါးဝါး ဟောက်တတ်သူများကမူ (၄.၈)ဆထိ ပိုများကြောင်း သုတေသန ရလဒ်များက ဖော်ထုတ် တွေ့ရှိခဲ့
အိပ်ပျော်နေစဉ် ဟောက်တတ်သူများသည် သာမန်အခြေအနေထက် ကင်ဆာရောဂါဖြင့် သေဆုံးရန် ရာခိုင်နှုန်း ပိုများကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အိပ်နေချိန်တွင် ညင်ညင်သာသာ ဟောက်လေ့ရှိသူများသည် သာမန်လူများထက် ကင်ဆာရောဂါဖြင့် သေဆုံးနိုင်ခြေ (၀.၁)ဆ ပိုများတတ်ကြောင်း ပညာရှင်များက ဆိုသည်။ သာမန် အနေအထားမျှ ဟောက်လေ့ရှိသူများကမူ သေသည်အထိ ပြင်းထန်သော ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ (၂)ဆ၊ ကျယ်ကျယ်လောင်လောင် စူးစူးဝါးဝါး ဟောက်တတ်သူများကမူ (၄.၈)ဆထိ ပိုများကြောင်း သုတေသန ရလဒ်များက ဖော်ထုတ် တွေ့ရှိခဲ့သည်။ သိပ္ပံပညာရှင်များက ဟောက်ခြင်းနှင့် ကင်ဆာတို့ကြား ဆက်စပ်မှု ရှိနေကြောင်း အတည်ပြု ဖော်ထုတ်ခဲ့သည်။



လွန်ခဲ့သော (၂၂)နှစ်အတွင်း ရှင်သန်နေထိုင်ခဲ့သူ (၁၅၂၂)ဦး၏ အိပ်စက်မှု ပုံစံများနှင့် ကျန်းမာရေး မှတ်တမ်းကို အခြေခံကာ ယခုရလဒ်ကို ကောက်ချက်ချ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်ချက်များအရ ဟောက်ခြင်းသည် အောက်စီဂျင် ပြတ်လပ်မှုကို ထင်ဟပ်စေပြီး ယင်းအနေအထားသည် ကင်ဆာဖြစ်စေသည့် အကြိတ်များ ကြီးထွားမှုကို အားပေးသည်ဟု သိရသည်။ ၀စ်ကိုဆင် တက္ကသိုလ်၏ ဆေးပညာနှင့် ပြည်သူ့ကျန်းမာရေး ဌာနမှ ဒေါက်တာ ဂျာဗီယား နိုင်တိုက "ဒီတွေ့ရှိချက်ကို အရင်ကတည်းက တိရစ္ဆာန်တွေနဲ့ စမ်းသပ်ပြီး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ခုဟာကတော့ လူတွေမှာပါ တူညီတဲ့ သက်ရောက်မှုရှိကြောင်း ပြသနိုင်ခဲ့တာပါ"ဟု ရှင်းပြခဲ့သည်။ ပညာရှင်များက မတူညီသော အသက်အရွယ်၊ လိင်နှင့် ကိုယ်အလေးချိန်ရှိသော သူများ၏ အိပ်စက်မှု အနေအထားကို စနစ်တကျ လေ့လာခဲ့ကြောင်းလည်း သိရှိရသည်။




ဟောက်တတ်တဲ့သူငယ်ချင်းမိသားစုများအတွက် ပြန်မျှဝေပါတယ်။ (သတိထားနော်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...