စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗိုက်ပြည့်ရင်လျှောက်မတွေးနဲ့နော်

> တစ်ခါ တစ်လေမှာ လူတွေဟာ ပေါက်တတ်ကရတွေတွေးတတ် ကြပါတယ် ။ အားအားယားယား
> အလုပ် မရှိတွေးနေကြတာပါ ။ အဲဒီလို ပေါက်တတ်ကရတွေတွေးနေလို့လဲ
> မဖြစ်သင့်တာတွေဖြစ်လာ တာပေါ့ ။
> အဲ….ဗိုက်ဝ လာတာနဲ့  စတွေးပါတယ် ။ ပြဿနာက အဲဒီမှာစတာပါ
> ဒီနေ့ ဟင်းချက်ရတာ ပင်းပန်းလိုက်တာ ၊ ထမင်းဆိုင်က ဟင်းကြီးကလည်း
> ဆားပေါ့လိုက်တာ ဘာညာ ပေါ့ ။ မိန်းမရှိရင်သိပ်ကောင်းမှာပဲ … အဲ ပြဿနာက အဲလို။
> လိုရာကိုဆွဲတွေးပြီး တော့ ခေါင်းစဉ်ပါတပ်လိုက်သေးတယ် 'အချစ်' တဲ့။ တော်
> တော်ပေါက်ပေါက်ရှာရှာ တွေးတဲ့လူတွေ ။
> ဥပမာ နယူတန်ဆိုတဲ့သိပံ္ပ ပညာ ရှင်ကိုပဲကြည့် ။ ပန်းသီးတစ်လုံးပြုတ်ကျလာတာကို
> သူကဗိုက်ဝနေတော့ ပေါက်ကရတွေ တွေးပါလေ ရော ။ ဆာနေတဲ့လူသာဆို
> စားလိုက်မှာပေါ့ ။ နောက်ပြီး အမှန်ဆိုသူတွေးသင့်တာက ဒီနေ့ပန်းသီး
> ပေါက်ဈေး ဘယ်လောက်လဲ ။ ဒီပန်းသီးတွေခူးပြီး ဈေးမှာသာ ချရောင်းလိုက်ရ ၊
> အရင်းမစိုက်ပဲ အမြတ်ကြီးပါပဲလား ဘာညာပေါ့ ။ ဒါမှမဟုတ်
> ငါဒီအပင်အောက်လာထိုင်တာကို အပင်စောင့်ရုက္ခစိုး က မကြိုက်လို့လား ။
> အရှင်ရုက္ခစိုးနတ်မင်းကြီးရယ် ကျွန်တော့်သားလေးကိုဗွေမယူပါနဲ့ ၊
> ကျွန်တော့် မိန်းမကိုပဲ အတည်ယူပါ ၊ ကျွန်တော့်မှာ နောက်စမောလေး
> တွေ့နေလို့ ပါ…..ဘာညာပေါ့…။
> ဒါမှမဟုတ် ပန်းသီး ဆိုတော့ ကြာသပတေး၊သောကြာ ၅၆ ကျလာတာက တနင်္လာဆိုတော့ ၂
> အဲဒီတော့ ၅၆၂ ဆိုပြီး နီးရာဒိုင်ဆီပြေး ရှိသမျှလေးအောပြီး ရင်ခုန်နေပေါ့
> ပေါက်ရင်တော့ စည်ဘီယာ ဆိုင်ထိုင်မယ် ၊ ပန်းကုံးစွပ်မယ် ၊
> နိုက်ကလပ်တက်မယ် ၊ 501 ၀ယ်ဝတ်မယ်၊ Dr.Martin ၀ယ်စီးမယ် ပေါ့ ။ အခုတော့
> မဟုတ်ပါဘူး ။ ကမ္ဘာကြီးနဲ့ ပန်းသီးပင်က အပြိုင်လွန်ဆွဲရင်း ကမ္ဘာကြီးကပဲ
> အတွင်း အားကောင်းလို့ နိုင်သွားသလိုလို။ ပြီးတော့ သူကတွေးရုံတင်မက
> လျှောက်ပြောသွားတော့ အခုနောက် လူတွေ ကဒုက္ခရောက်ရတာပေါ့ ။"ဖိ" ပြီး
> "စစ်"တဲ့ အဲဒီ "ဖိစစ်" ဆိုတာကြီး မှာနယူတန် ရဲ့ 'First Law ' ' Second Law' '
> ‘’ Third Law ' တွေသင်ပြီဆို ကျောင်းသားတွေက သူ့ကိုကြိတ်ပြီး စိတ်ဆိုးနေကြတာ
> သူကတော့ မသိပါဘူး
> နောက်ရှိပါသေးတယ် အက်ဒီဆင် ဆိုတဲ့လူ ၊ သူ့ဟာသူ ဘာဆင်ပဲဖြစ်ဖြစ်ပေါ့ ။
> သူကမီးလုံးတွေ မီး ချောင်းတွေ တွေးပြီးတီထွင်ခဲ့တာ ၊ နယူတန် လောက်တော့
> မဆိုးဘူးပေါ့ ။ ဘောလုံးပွဲလေးဘာလေး ကြည့်ရင် ကညာတော့ သူ့ ကိုကျေးဇူးအတင်သား ။
> ဒါပေမယ့် ညကိုးနာရီ ချိန်းတွေ့ နေတဲ့ သမီးရည်းစားနှစ်ယောက်ကိုမေးကြည့် 
> အက်ဒီဆင် ရဲ့ မီးသီးလိုလား ? လို့
> အလုပ်ကနေ ည ၈နာရီမှာပြန်လာတဲ့ လူတစ်ယောက် ၊ ကားမှတ်တိုင်ကနေ အိမ်ကို
၁၅ မိနစ်လောက် လျှောက်ရဦးမှာ၊
> ကျန်းမာရေးကလဲပေါ်လာပြီ ။ ပတ်ဝန်းကျင်ကိုလည်း အားနာ ရှက်ကလည်းရှက် ၊
> အက်ဒီဆင် ကြီးကလည်းရှိနေတော့ သူ့ခမျာ ကွတတ ကြီးနဲ့ပဲ အိမ်ကို
> မအီမလည်ကြီးပြန်ခဲ့ ရပါလေရော ။ ခင်ဗျားဆိုရင်ကော အဲဒီလူနေရာမှာ အဲဒီ
> အက်ဒီဆင်ဆိုတဲ့လူကြီးကို ကျေးဇူးတင်မှာလား ? ။ကဲ အဲဒါကြောင့်ပြောတာ ၊
> ပေါက်ကရတွေ မတွေးပါနဲ့လို့
> ဗိုက်ဝနေရင် aku lo........လျှောက်မရေးနဲ့ naw........ တွေးရုံပဲတွေး။
ကညာတို့ ကတော့ လျှောက်ရေးတတ်ပါဘူးနော်...လျှောက်ပဲ တွေးတာ...အဟီး
မျှဝေတာပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...