စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျွန်မနှင့် လူခြောက်ကလေး (လူခြောက်ပုံပါ)

       လူခြောက်တဲ့အမေတို.ငယ်ငယ်တုန်းကပေါ့။
အိမ်ဘေးနားက အဒေါ်ကြီးဆီကို လူခြောက်ကလေးရောက်လာတယ်။
အဲ့ဒီ့ အဒေါ်ကြီးရဲ. အသိမိန်းမတစ်ယောက်ကမွေးတာလေ
ကြောက်လို.ဆိုပြီး အဲ့ဒီ့အဒေါ်ကြီးကိုပေးသွားတာဘဲ။
အမေတို.ကလေးဘ၀တုန်းက အိမ်ထဲမှာ ကစားကြရင် လူခြောက်ကလဲဝင်ကစားတယ်တဲ့။
ဘယ်လိုသိလဲဆိုတော့ တူတူပုန်းတမ်းကစားရင် လူခြောက်ကလဲလိုက်ပုန်းတယ်။ စိန်ပြေးတမ်းကစားတော့မှသိတာ အမေရှေ.ကနေလူခြောက်ကပြေးတာ တစ်နေရာရောက်တော့ လိုက်ကာကြီးကိုဆွဲဖွင့်လိုက်ပြီး ပြေးတယ်တဲ့။ လူလဲမမြင်ရဘဲ လိုက်ကာဘဲပွင့်သွားတာတဲ့။လူခြောက်ကလေးကိုလက်ခံထားတဲ့ မိန်းမကြီးကိုလဲ
ခဏခဏ အိမ်မက်ပေးတယ်တဲ့။ သူဒီနေ.ဘာစားချင်တယ် ဘာလုပ်ချင်တယ်ပေါ့။ တစ်ခါတုန်းက
ပြောင်းဖူးရှားတဲ့အချိန်မှာ အမေရယ်ပြောင်းဖူးကြော်စားချင်လိုက်တာတဲ့။ တိုက်တိုက်ဆိုင် ပြောင်းဖူးလာပေးတာနဲ. ကြုံတယ်တဲ့။ ခရီးသွားရင်လဲ အဒေါ်ကြီးက လူခြောက်ကလေးကို မီးခြစ်ဆံဘူးထဲ ထည့်ထည့်သွားတယ်။ ပြန်လာတော့ အိမ်မက်ပေးတယ် အမေရယ် သားကိုယ်လက်တွေနာလိုက်တာ ဘူးကခုန်တယ်တဲ့။ ဟုတ်ပ ဖွင့်ကြည့်လိုက်တော့ အရေခွံလေးတွေ
ကွာနေတယ်တဲ့လေ။ လူခြောက်ကလေးက တစ်ဖြေးဖြေးအရွယ်ရောက်လာတယ်။ အဒေါ်ကြီးကို အသိပေးတယ် သူဘယ်အရွယ်ရှိပြီဆိုပြီး။ တစ်ဖြေးဖြေးလူပျိုကြီးဖြစ်လာတဲ့အထိပါဘဲ။
နောက်တော့လဲ အိမ်ပြောင်းဘာပြောင်းနဲ. အဆက်သွယ်မရှိတော့တာ အခုချိန်ထိပါဘဲ။
လူခြောက်လေးပုံကိုတော့ တင်ပေးလိုက်တယ်။ ကြိုပြောထားမယ်နော် ခင်ဗျားဟာကြီးက မဖြစ်နိုင်ဘူး ဘာညာကွန်.မန်.တော့ မရေးနဲ.။ မယုံရင် ရတယ် အသဲယားအောင် လုပ်မသွားပါနဲ.။
တစ်ချို.ဆို ဗေဒင်တွေဘာတွေတောင်ဟောတယ်ဆိုဘဲနော်။ ပဲခူးမြို.မှာတော့လက်ရှိဗေဒင်ဟောနေတယ် ။လူခြောက်ဗေဒင်ပေါ့နော်။ ပဲခူးက ဗေဒင်ဆရာမဒေါ်ကြည်ကြည်လိပ်စာကတော့ ဥဿာမြို့သစ်(၁၈)ရပ်ကွက်၊ဗိုလ်မင်းရောင်လမ်း။ပင်စည်မှတ်တိုင်၊အဲနားမေးလိုက်ရင်အကုန်သိပါတယ်။ ။ ကဲယုံတာမယုံတာ ထားပုံလေးကြည့်လိုက်ပါဦးနော်။
ပြန်လည်ရေးသားသူ nai nai 4 မိနစ် အကြာက
အသဲယားအောင်တော့မလုပ်ပါဘူး ကျနော်တွေ့ ဖူးတာအများကြီပါ ထိုင်းနိုင်ငံ ပထုံဌါနီ သလပ်ထိုင်းဈေးကြီးအနီးဘုန်တော်ကြီးကြောင်းမှာအများကြီးရှိတယ်မှန်ဘုံးထဲမှာထည့် ထားတယ် အဲဒီနေရာမှာဘဲလူခြောကိုတွေ့ ဖူးတယ် ကျနော့အသိတယောက်သေသွားလို့ အသုဘ သွားရင်နဲ့ တွေ့ ခဲ့ တာပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...