စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စဥ့်ကိုင်မှ ကိုးနှစ်ကြာ မပုပ်မသိုး ဆရာတော် ရုပ်ကလာပ်တော် ဖူးမြော်သူ များပြား

စဥ့်ကိုင်မှ ကိုးနှစ်ကြာ မပုပ်မသိုး ဆရာတော် ရုပ်ကလာပ်တော် ဖူးမြော်သူ များပြား

By Pyi Myanmar
စဥ့်ကိုင်မှ ကိုးနှစ်ကြာ မပုပ်မသိုး ဆရာတော် ရုပ်ကလာပ်တော် ဖူးမြော်သူ များပြားကျောက်ဆည် ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ ကျောက် ဆည်မြို့ ၏ မြောက်ဘက် သုံးမိုင် ခန့် (ရန်ကုန်- မန္တလေး ကားလမ်း မှ ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း သို့ သွားရာ လမ်းခွဲ) မှ ယင်းလမ်းခွဲအတိုင်း လေးမိုင် ခန့်သွားသော် ရှမ်းကန်ရွာ၊ ရွှေဂူဇမ္ဗူအေး မေတ္တာဝါဒီကျောင်းတိုက်သို့ ရောက်၏။
ထိုကျောင်းတိုက်တစ်နေရာတွင် သက် တော် ၉၅ နှစ်၊ သိက္ခာတော် ၇၅ ဝါ၌ ပျံလွန်တော်မူခဲ့သော ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လ၏ မပုပ်မသိုးသည့် ရုပ် ကလာပ်တော်တည်ရှိရာ စံကျောင်းတော် ရှိ၏။ ဆရာတော်ကြီးသည် သက္ကရာဇ် ၁၃၆၅ ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပြီး ကိုးနှစ်ကြာသည့် ယနေ့အထိ ရုပ်ကလာပ် တော်မှာ ပုပ်သိုးခြင်းအလျှင်းမရှိ အနံ့ အသက်လုံးဝမရှိဘဲ ဆံပင်များပင် ရှည် ထွက်လာနေ၍ ရိတ်ပေးရသည်ဆို၏။
ဆရာတော် ဦးကောသလ္လသည် မန္တလေးမြို့လေးပြင်လေးရပ် ဆရာတော် ကြီးများထံ၌ ပရိယတ္တိ စာပေများ လေ့လာ သင်ယူခဲ့ပြီး မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များတွင် စာပေပို့ချခြင်းအပြင် ရှမ်းကန်တောင် ကျောင်း၌ လောကီ၊ လောကုတ် စာပေ များ သင်ကြားပေးခြင်း၊ အဆိုပါ တိုင်း ဒေသကြီးနှစ်ခုရှိ မြို့နယ်များတွင် ဘုရား များတည်ခြင်း၊ အချို့ဘုရားစေတီ များအား ပြုပြင်မွမ်းမံထီးတင်ခြင်း၊ အနော်ရထာမင်း တည်ထားခဲ့သော ရွှေဂူကြီးရွှေဘုန်းပွင့် ရုပ်ပွားတော်မြတ်ကြီး ကို ပြာသာဒ်၊ စေတီတော်မြတ်နှင့် မုခ်ဦး၊ ဓမ္မာရုံကြီးများ ဆောက်လုပ်လှူဒါန်းခြင်း စသောကုသိုလ် ကောင်းမှုများစွာကို ဆောင်ရွက်တော်မူခဲ့ သည်။ ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်ကို မှန်ခေါင်းဖြင့်ထားရှိပြီး လာရောက်ဖူးမြော်သူများအား လက်ရှိဆရာ တော် ဦးဝိစိတ္တသာရနှင့် ဦးပဉ္စင်းများက စံကျောင်းတော် ဖွင့်ပေးကာ ကူညီပေး လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...