စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တတိယမြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ ဖိုရမ် ဟောင်ကောင်၌ ကျင်းပ

တတိယမြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ ဖိုရမ် ဟောင်ကောင်၌ ကျင်းပ

By Venus News Journal
တတိယမြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ ဖိုရမ် ဟောင်ကောင်၌ ကျင်းပတတိယမြောက် ကမ္ဘာ့ဗုဒ္ဓ ဘာသာ ဖိုရမ်ကို ဧပြီလ ၂၆ ရက် နေ့က ဟောင်ကောင်တွင် ဖွင့်လှစ်ခဲ့သည်။ အစည်းအဝေးသို့ နိုင်ငံများနှင့် ဒေသ ၅၀ ကျော်မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များနှင့် ပညာရှင် ၅၀ဝ၀ ကျော် တက်ရောက်ပြီး ငြိမ်းချမ်းသော ကမ္ဘာနှင့် သဟဇာတ ဖြစ်သော ကမ္ဘာ တည်ဆောက် ရာတွင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားဖွင့်ပွဲ အစပိုင်း တွင် ဟောင်ကောင် ဗုဒ္ဓဘာသာ အသင်းဥက္ကဋ္ဌ ခေါ့ကွမ်၊ တရုတ်ဗုဒ္ဓ ဘာသာ အသင်းဥက္ကဋ္ဌ ချွမ်ယင်၊ ၁၁ ဆက်မြောက် ပန်ချင်လားမား ဘိုင်ကျင်အာဒီနီ ကွိုင်ဂျီဂျာဘူတို့ ဦးဆောင်လျက် ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာ ယုံကြည်သူ ထောင်ပေါင်း များစွာနှင့် ဂုဏ်သရေရှိ ဧည့်သည် များသည် စကြမုနိ ဗုဒ္ဓရုပ်ပွားတော် ရှေ့၌ ဦးသုံးကြိမ် ညွှတ်ပြီး အကျော် ကြားဆုံး ဗုဒ္ဓကျမ်းစာများ အနက် တစ်ခုဖြစ်သည့် မေတ္တာသုတ်ကို ရွတ်ဆိုခဲ့ကြသည်။
တရုတ်ထိပ်တန်း နိုင်ငံရေး အကြံပေးအရာရှိ ကျိဟာကျိလင် က အစည်းအဝေးဖွင့်ပွဲသို့ ဂုဏ်ပြု စာတစ်စောင်ပေးပို့ရာ ယင်းစာကို တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော် မတီ ယူနိုက်တက် တပ်ဦးလုပ်ငန်း ဌာနအကြီးအကဲ ကျူဝီကွမ်က ပရိ သတ်များသို့ ဖတ်ပြခဲ့သည်။
တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသား ကော်မတီဥက္ကဋ္ဌ ကျိယာက ၄င်း၏ စာထဲတွင် ပိုမို သနားကြင်နာမှု ရှိသော လူမှုဆက်ဆံရေးများ၊ လူမှု ရေးပိုမိုသဟဇာတရှိသော၊ ပိုမိုငြိမ်းချမ်းသော ကမ္ဘာကြီးတစ်ခုဖန်တီး ရန် အစည်းအဝေးကိုယ်စားလှယ် များအား တိုက်တွန်းခဲ့သည်။
ကမ္ဘာ့ဗုဒ္ဓဘာသာ ဖိုရမ်သည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး တိုးမြှင့်ရန်နှင့် ဗုဒ္ဓဘာသာ ထွန်းကားရေး အတွက် အရေးပါသော နေရာတစ်ခု အဖြစ် ကြီးထွား ရောက်ရှိ လာသည်။
ဤအစည်းအဝေး၏ ဦးတည်ချက် ဖြစ်သော သဟဇာတရှိသည့် ကမ္ဘာ ကြီးတစ်ရပ်ဆီသို့ ဦးတည်လျက် ဘုံမျှော်မှန်းချက်နှင့်လုပ်ဆောင်ချက် များသည် ခိုင်မြဲသော ငြိမ်းချမ်းရေး နှင့် ဘြွုံကယ်ဝချမ်းသာသည့်ကမ္ဘာ တစ်ရပ်ဆီသို့ လက်တွဲလုပ်ဆောင် ရန် နိုင်ငံအားလုံးရှိ ဗုဒ္ဓဘာသာဝင် များကို တပ်လှန့်နှိုးဆော်ရာ ရောက် မည်မှာ သေချာသည်ဟု ကျိယာ ကျိလင်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်းကလည်း အစည်း အဝေးသို့ စာတစ်စောင်ပေးပို့ခဲ့ သည်။ စာထဲတွင် မစ္စတာဘန်က အစည်းအဝေးတွင် တင်သွင်းသည့် အကြံပြုချက်များသည် ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူ့အခွင့် အရေးအဓိကကဏ္ဍကြီးသုံးရပ်တွင် ကုလသမဂ္ဂ၏ အလုပ်အတွက် အထောက်အကူ ပြုမည်ဟု ပြော ကြားခဲ့သည်။
အသက် ၉၃ နှစ်အရွယ်ရှိ ဟောင်ကောင် ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ခေါ့ကွမ်က တန်းတူညီမျှမှု၊ြွကယ်ဝချမ်းသာမှု၊ ပျော်ရွှင်မှုနှင့် သဟဇာတဖြစ်သည့် ပိုမိုကောင်းမွန် သော ကမ္ဘာကြီးတစ်ခုဖန်တီးရန် ပံ့ပိုးမှုများပြုလုပ်ရန်နှင့် ဘုံနားလည် မှုတစ်ရပ်ရရှိရေး လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
တရုတ်ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ချွမ်ယင်က သဟဇာတဖြစ်မှု သည် လူသား အားလုံးမျှဝေခံစား သည့် မျှော်မှန်းချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစည်းအဝေး ဖွင့်ပွဲ အပြီးတွင်နာမည်ကျော် တရုတ်အဆိုတော် ဝမ်ဖေ့က မေတ္တာသုတ်သီချင်းကို သီဆိုခဲ့သည်။ အစည်းအဝေး ဦး တည်ချက်သီချင်း "ဘုံမျှော်မှန်းချက် နှင့် လုပ်ဆောင်ချက်" ကိုလည်း ဟောင်ကောင်အနုပညာရှင်အများ အပြားတို့က သီဆိုဖျော်ဖြေခဲ့ကြသည်။
တရုတ်ဒေသကြီးလေးခုက ပူးတွဲကမကထပြုသော နှစ်ရက် ကြာ ဗုဒ္ဓဘာသာဖိုရမ်သည် ကမ္ဘာ့ဗုဒ္ဓဘာသာတွင် အဆင့်မြင့် ဆွေးနွေး မှုအတွက် တန်းတူညီမျှ ပွင့်လင်းသော စင်မြင့်နေရာတစ်ခု တည်ဆောက်ရန်ရည်ရွယ်သည်။
ပထမ ဆုံးဖိုရမ်ကို ၂၀ဝ၆ ခုနှစ်တွင် တရုတ် ပြည်အရှေ့ပိုင်း ဇီကျန်ပြည်နယ်၌ ကျင်းပပြီး ဒုတိယအကြိမ် ဖိုရမ်ကို ၂၀ဝ၉ ခုနှစ်တွင် တရုတ် (တိုင်ပေ) နှင့်ကပ်ရပ် ကျန်းဆု ပြည်နယ်၌ ဖွင့် လှစ်ခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...