စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငြိမ်းချမ်းတဲ့ ကာလ


Friday, January 27 at 11:32am
ကမ္ဘာကြီး၏ သက်တန်းကို နှစ်ဆယ့်လေးနာရီ အတွင်း
ထဲ့သွင်းကြည့်မယ်ဆိုရင် ငြိမ်းချမ်းတဲ့ ကာလဆိုတာ
မိနစ်ပိုင်းလောက်ပဲရှိပါတယ်တဲ့၊

နယ်မြေပိုင်ဆိုင်ရေးအတွက် အသက်တွေစတေးပြီး
ငြိမ်းချမ်းရေးကို အရောင်ဆိုးကြပါတယ်၊
သူမှန် ကိုယ်မှန်နဲ့ အမှန်တွေများနေလိုက်တာ၊
ဒါပေမယ့် ညှိမရတဲ့ အမှန်တရားများသာဖြစ်နေတတ်ပါတယ်၊

ယနေ့ကမ္ဘာသည်လဲ ရှေးကလိုပါပဲ ပြောရမှာပါ၊
ပိုင်ဆိုင်မှုအတွက် စစ်ခင်းကြပါတယ် ရေနံလိုလို့ စစ်ခင်းတယ်၊
အမှန်တရားဆိုသော ခေါင်းစဉ်အောက်က
ပိုင်ဆိုင်ဖို့အတွက် လက်နှက်သုံးကြတယ်၊

လူရယ်လို့ မပီပြင်သေးခင်ကတည်းက လက်နှက်တွေက
အတော်တော်ထက်နေတယ်လို့ သုတေသီတွေပြောကြပါတယ်၊
မြေပိုင်ဖို့အတွက် အသက်စတေးကြတယ်၊

ရေပိုင်ဖို့အတွက် လူမဆန်ခဲ့ကြဘူး၊
ဒီအကြောင်းတွေကို အာဖရိကတိုက်ထဲက နိုင်းမြစ်ကြီးသိတယ်၊
ရုရှနိုင်ငံက ဗောလဂါတို့သိတယ်၊
ဂင်္ဂါကြီးလဲ တစ်ခါတစ်ရံ ညီးသံပြုတတ်တယ်၊

သဘာဝအရင်းအမြစ် ရေကို သွေးနဲ့လဲချင်ကြတယ်၊
လူတွေက နောက်တော့ ကမ္ဘာပတ်ပြီး ပင်လယ်ဓါးပြလုပ်ကြတယ်၊
ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ချင်ကြတယ်၊
အခုတော့ လကမ္ဘာပေါ်မှာ မြေရောင်းနေတယ်ကြားရပါတယ်၊


ဗုဒ္ဓဘာသာရှုထောင့်ကနေ ပိုင်ဆိုင်မှုစစ်ကို
ရှင်းပြဖို့ ဇာတ်ကြောင်းတစ်ခုရှိတယ်၊
ဒီအကြောင်းကို ရောဟိနီမြစ်ကောင်းကောင်းသိတယ်၊
သူရဲ့မြစ်ရေပြင် သွေးပြင်ဖြစ် လုလုနီးခဲ့ရတယ်၊

နယုန်လတွင် မိုးရေသည် မစိုပြေသေး၊
ရောဟိနီမြစ်တွင် ရေသည် နည်းနေသည်၊
တစ်ဘက်စီက ကောလိတနယ်ကလဲ ရေတစ်ခါသောက်လိုနေသော
သူတို့လယ်ယာများအတွက် ရောဟိနီမြစ်ကို ပိတ်ပြီး ရေလိုချင်တယ်၊

သက္ကတိုင်းသားတို့လဲ ရေတစ်ခါသွင်းလိုက်ရင်
သူတို့လယ်ယာများ အဆင်ပြေမည်ကို သိသဖြင့် လိုချင်နေသည်၊
အဲဒီတုန်းက ရောဟိနီမြစ်ရေက ဒီခေတ်ရေနံလောက် အရေးကြီးတယ်၊

နောက်ဆုံး သူယူမယ်၊ ငါယူမယ်ငြင်းရင်း
ရောဟိနီမြစ်ကို စစ်တလင်းလုပ်ကြတော့မယ်၊
ရေနံစစ်ပွဲများကို ဘာသာရေးသမားများကဘာမှ မပြောခဲ့ကြဘူး၊
ရောဟိနီ အရေးအခင်းကို ဘယ်သူရှင်းပါ့၊

“ဆွေတော်မျိုးတော်တို့ ဘာကြောင့်စစ်ခင်းမလို့ လုပ်နေကြတာလဲ”၊
ရောဟိနီမြစ်ရေ လိုချင်လို့ပါဘုရား၊

“ရေကဘယ်လောက်တန်ဖိုးရှိသလဲ”
သိပ်မတန်ပါဘူးဘုရား၊

“တန်းဖိုးမရှိတဲ့ ရေအတွက် အသက်စတေးကြတော့မှာလား”၊
ဒီစစ်ပွဲကို မှူးမတ်များလျှောက်ထားချက်အရ စီစဉ်ရခြင်းပါဘုရား၊
တပည့်တော်လဲ သေချာမသိပါဘုရား၊

“ဆွေတော်မျိုးတော်တို့ မဆင်မခြင်မလုပ်နဲ့”၊
တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တဲ့ အပေါ်မှာ အငြှိုးအတေးမထားနဲ့၊
ဆွေတော်မျိုးတော်တို့ဟာ သမိုင်းရှိတဲ့ သွေးရင်းသားရင်းတွေပဲ၊
ကောလိတယနယ်နဲ့ သကျနယ်ကို ရောဟိနီမြစ်ရေလေးကြောင့် မကွဲကြစေနဲ့”၊

ရောဟိနီမြစ်ရေသည် လှိုင်းများခတ်လျှက် စီးဆင်းနေသည်၊
ရေပြင်ကို ဖြတ်တိုက်လိုက်သော လေနုအေးသည်၊
ကမ်းနှစ်ကမ်းက လူများကို အေးချမ်းစေသည်၊
ရောဟိနီကိုမေးကြည့်ပါ၊ သမိုင်းတွင်မယ့် အရေးအခင်းကြီးတစ်ခုကို
မြတ်ဘုရားကိုယ်တော်ဝင်ရောက်ဖြေရှင်းတော်မူခဲ့တဲ့…….။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...