စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေ့နေရာကနေ ခံစားဖူးမှ သိ

Thursday, December 22, 2011 at 7:06pm
သောင်ပြင်ပူပူ ချောင်းစပ်တစ်ခုတွင် ဖြစ်သည်။

‘ဟဲ့ကောင်မလေး နေပူတယ် အထဲဝင်နေ’
သူမ အမေကလှမ်းပြောပါတယ်၊

‘အို ကျုပ်ဘာသာပူတာ အမေ့နဲ့ ဘာဆိုင်လို့တုန်းတော့်’

သစ်ပင်ရိပ်တွင် ချထားသော မြေးလေးကို အဖွားဖြစ်သူက
နေပူထဲ ပြောင်းထားလိုက်သည်၊
ချောင်းစပ် အ၀တ်လျှော်နေတဲ့ သမီးဖြစ်သူက လှမ်းအော်ပါသည်၊

‘အမေ ကျုပ်သားလေးကို ဘာလို့ နေပူထဲ ထားရတာတုန်း’

ပြာပြာသလဲပြေးလာပြီး နေပူထဲက သားလေးကို အမြန်ယူကာ
နေရိပ်ထဲပြေးဝင်လာပါတယ်၊

‘အေး မယ်မင်းကြီးမ နင့်သား ငါ့မြေးလေးနေပူတာ နင် မခံစားနိုင်သလို၊
ငါ အမေဖြစ်သူကလဲ နင်နေပူနေတာကို မကြည့်ရက်နိုင်ဘူးဟ’ဲ့ တဲ့၊

သမီးဖြစ်သူက သူမ အမေကို မော့ကြည့်တယ်၊
ပြီးတော့ ရင်ခွင်ထဲက သားလေးကိုလဲ ငုံ့ကြည့်တယ်၊
အမေရယ် တဲ့။
ပူငွေ့တွေ အရိပ်ထနေသော ချောင်းစပ်တွင် မေတ္တာရေစီးသံတို့ လွင်နေသည်။
· ·

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...