စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စကား.....ပန်းပု


Thursday, May 10 at 5:21pm

စကား.....ပန်းပု
...........................

သူကြီးမင်းခင်ဗျား ကျုပ်တို့ရှေ့ဆက်ရမယ့် ခရီးကလဲ ဝေးနေသေးတော့၊
သူကြီးအိမ်မှာ တစ်ညလောက် တည်ခိုခွင့်ပြုစေချင်ပါတယ်၊

ကျုပ်တို့က ရွာစဉ်လှည့်ဈေးရောင်းနေတဲ့ ခရီးသွားဈေးသည်တွေပါခင်ဗျာ
အေး နေပါဦး၊ ရွာသားရဲ့ ငါ့အိမ်ပေါ်တက်လာတော့
အိမ်လှေကားအတက်မှာ ခွေးရုပ်ကြီးတွေ့ခဲ့မိလားကွဲ့၊

မြင်မိခဲ့ပါတယ်ခမျ၊

ဘယ်လိုနေလဲကွ၊ မင်းအမြင်လေးပြောစမ်းပါဦး၊

ဟုတ်ကဲ့၊ ကျုပ် အမြင်ပြောရရင် မာန်ပါပါတယ်၊
အေး၊ ဆက်စမ်းပါဦး၊
ဒါပေမယ့် လျှာနည်းနည်တွဲနေလားလို့ဘုရား၊
အင်း…..၊

ငါ့အိမ်က အိမ်သားဦးရေများတယ်ရွာသားရဲ့၊
မင်းတို့တည်ခိုဖို့ မဖြစ်လောက်ပါဘူးကွယ်၊
………………..
သူငယ်ချင်း အဆင်ပြေခဲ့လား၊
မပြေပါဘူးကွာ၊ သူကြီးက အိမ်တစ်ညလောက် တည်ခိုဖို့ခွင့်တောင်းတာ
သူ့လက်ရာပန်းပုရုပ်ခွေးကြီးလက်ရာမြောက် မမြောက်မေးတာနဲ့၊
ငါလဲ အမှန်တိုင်း လျှာနည်းနည်းတွဲတယ်ပြောလိုက်မိတာ၊
တည်ခိုလို့မရဘူးပြောလိုက်တာပဲ၊

အော်…၊ ဒီလိုလား၊ ငါပြန်သွားမယ်၊
…………..
သူကြီးခင်ဗျား…

အိမ်သား တစ်ယောက်လောက် ခွေးအကြည့်ခိုင်းပါဦးခင်ဗျား၊
ဟဲ့ ရွာသားရဲ့ လာခဲ့ပါ၊ ရပါတယ်၊
မလုပ်ပါနဲ့ခင်ဗျာ၊ ခွေးကြီးက ကိုက်တော့မယ်၊
အဲ့..လာပါဟ၊ ရွာသားရ၊
ရွာသားရ၊ ဒါ…တကယ့်..ခွေမဟုတ်ဘူး၊ ငါ့လက်ရာပေါ့၊ ပန်းပုအရုပ်ဟ၊

အောင်မလေးလက်ဖျားခါလောက်ပါပေတယ်၊ သူကြီးမင်းရယ်..၊
အံ့ရော..အံ့ရော…၊

မင်းတို့ ခရီးသွားတွေထင်တယ်၊ ငါ့အိမ်နားနားနေနေပေါ့ကွယ်..
တည်းခိုလို့ အဆင်ပြေတယ်၊ အိမ်သားမများဘူးကွဲ့၊

ကျေးဇူးပါသူကြီးမင်းရယ်၊
လိုပါဘူးကွယ်..၊ ခရီးသွားတွေပဲဟာနော့..၊

တစ်ခါတုန်းက ရွာတစ်ရွာက သူကြီးတစ်ယောက်ရဲ့…..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...