စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စမတ်ဖုန်းများတွင် Touchscreen ဘယ်လို အလုပ်လုပ်သလဲ


စမတ်ဖုန်းများတွင် အသုံးပြုနေသည့် Capacitive Touchscreen ဘယ်လို အလုပ်လုပ်သလဲ

ထိတွေ့မှုသုံး မျက်နှာပြင် တပ်ဆင်ထားတဲ့ ဖုန်းနဲ့ tablet များကို အသုံးပြုရာမှာ လက်ချောင်းတွေကို အသုံးပြုရပါတယ်။ အထူးပြုလုပ်ထားတဲ့ Stylus Pen ကလွဲလို့ သာမန် ဘောပင်တို့ ၊ ခဲတံတို့လို့ အရာဝတ္ထုတွေနဲ့ တွဲဖက်သုံးစွဲလို့ မရနိုင်ပါဘူး။ ဒါဟာ ဘာကြောင့်ပါလဲ။

ထိတွေ့မှုသုံး မျက်နှာပြင်များဟာ လူ့အရေပြားရဲ့ ထူးခြားတဲ့ လျှပ်စစ်ဓာတ်ကူးမှုပုံစံပေါ် မူတည်ပြီး အလုပ်လုပ်လို့ ဖြစ်ပါတယ်။ Capacitive Touchscreen လို့ ခေါ်တဲ့ ဒီထိတွေ့မှုသုံး မျက်နှာပြင်တွေမှာ ပါဝင်တဲ့ ဓာတ်ကူးအလွှာပါးဟာ သင့်ရဲ့ လက်ချောင်းများမှာ သိုမှီးထားတဲ့ လျှပ်စစ်ဓာတ်ပေါ် မူတည်ပြီးတော့ တုန့်ပြန်ဆောင်ရွက်တာ ဖြစ်ပါတယ်။

ထိတွေ့မှုသုံး မျက်နှာပြင်များမှာ အလွှာ ၂ လွှာ ပါဝင်ပြီး တစ်ခုကတော့ အတွင်းပိုင်းမှ ပစ္စည်းတွေကို ဓာတ်ကူးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ မှန်သားပြင်နဲ့ အပေါ်လွှာအဖြစ် ဓာတ်ကူးခြင်းကို အားပေးတဲ့ Indium Tin Oxide လိုမျိုး အလွှာပါးတစ်ခုတို့ ပါဝင်ပါတယ်။

လူ့ခန္ဓာကိုယ်ဟာ သဘာဝအလျောက် ဓာတ်ကူးခြင်းကို အားပေးပါတယ်။ ဒီထူးခြားတဲ့ အချက်ကြောင့် အထက်ဖော်ပြပါ မျက်နှာပြင်ကို ထိတွေ့လိုက်တဲ့အခါ လျှပ်စစ်စက်ကွင်းတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်သွားပြီး မျက်နှာပြင်ကို ဓာတ်ကူးစေပါတော့တယ်။ ဤဓာတ်ကူးမှု အသွင်သဏ္ဍာန်ပေါ် မူတည်ပြီး မိမိလက်ညှိုးညွှန်ရာကို မျက်နှာပြင်က တုန့်ပြန်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း လူ့အရေပြားလို့ ထူးခြားတဲ့ ဓာတ်ကူးမှုသဏ္ဍာန် ဖန်တီးနိုင်ခြင်း မရှိတဲ့ ပလတ်စတစ် (သို့) သတ္တုပစ္စည်းများဟာ ထိတွေ့မှုသုံး မျက်နှာပြင်များပေါ်မှာ အလုပ်မလုပ်တာ ဖြစ်ပါတယ်။

လူသားနှင့် ကွန်ပြူတာ ဆက်စပ်ပေါင်းကူးမှုဆိုင်ရာ Berkshire စွယ်စုံးကျမ်းကြီးကမူ - "Capacitive touchscreens use a single layer of material and detect changes in the amount of electric charge that can be stored to determine where the user is touching.” ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...