စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Laptop အပူလွန်ကဲခြင်း



 

Laptop အသုံးပြုသူတွေဟာ Laptop အပူလွန်ကဲမှုအတွက် အမြဲတမ်းပူပန်နေကြရပါတယ်... Laptop တွေကိုအသုံးပြုတဲ့အခါ ဂရုတစိုက်ကိုင်တွယ်နိုင်မှသာလျှင် တာရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ်... Laptop အသုံးပြုသူတွေရဲ့ ၉၀ % နီးပါးဟာ အပူလွန်ကဲမှုပြဿနာနဲ့ ရင်ဆိုင်ကြရပါတယ်... အပူလွန်ကဲမှုကြောင့် laptop ရဲ့ လုပ်ဆောင်မှုတွေချို့ယွင်းပြီး အတွင်းပိုင်းစက်ပစ္စည်းတွေလည်း ပျက်စီးနိုင်ပါတယ်... သင့်ရဲ့ laptop အပူလွန်ကဲမှုမဖြစ်အောင်နဲ့ အေးမြမှုကို တတ်နိုင်သလောက် ထိန်းထားနိုင်မယ့်နည်းလမ်းလေးတွေကို ဒီကနေ့ ဆွေးနွေးပေးသွားပါ့မယ်...

၁) Power Setting
သာမန်အားဖြင့် laptop တွေကိုသုံးနေတုန်းအားသွင်းထားတတ်ကြပြီး mode ကိုလည်း High performance မှာထားတတ်ကြပါတယ်... ဒီ setting ကြောင့် laptop ဟာ power ကိုပိုပြီးအသုံးပြုတဲ့အတွက် အပူလွန်ကဲမှုတွေဖြစ်စေပါတယ်... ဒါကိုဖြေရှင်းဖို့နည်းလမ်းကတော့ သင့် laptop ကို balanced ဒါမှမဟုတ် power saver mode မှာထားဖို့ပါပဲ... ဒီလိုထားလိုက်ခြင်းအားဖြင့် power ကို လိုသလောက်သာ အသုံးပြုတော့မှာဖြစ်ပါတယ်...

၂) လေဖိသိပ်မှု
ဖုန်ထူတဲ့ပတ်ဝန်းကျင်မှာ laptop တွေကိုအသုံးပြုရင် အအေးပေးစနစ် (ပန်ကာ) တွေထဲကို ဖုန်တွေဝင်ပြီး ပိတ်ဆို့စေပါတယ်... ဒီအခြေအနေဟာ ပန်ကာတွေကို မြင့်မားတဲ့အပူချိန်မှာ ဝန်ပိတာမျိုးဖြစ်စေပါတယ်... ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် လေမှုတ်ကိရိယာတစ်ခုနဲ့ သင့် laptop ရဲ့ လေဝင်လေထွက်စနစ်တွေကို မှုတ်ပေးရပါမယ်... ဒီလိုလုပ်ပေးခြင်းအားဖြင့် ဖုန်တွေကိုဖယ်ရှားနိုင်ပြီး သင့် laptop ကို ဆက်လက်အေးမြစေနိုင်ပါတယ်...

၃) မျက်နှာပြင်
သာမန်အားဖြင့် ကျွန်တော်တို့ laptop တွေကို ခေါင်းအုံးပေါ် ဒါမှမဟုတ် ကော်ဇော/အိပ်ယာခင်းပေါ်တင်ပြီးသုံးတတ်ကြပါတယ်.. ဒီလိုသုံးတာဟာ အလုပ်လုပ်ရာမှာ သက်တောင့်သက်သာဖြစ်စေပါတယ်... ဒါပေမဲ့ ဒီလိုသုံးတာဟာ laptop ရဲ့ လေဝင်လေထွက်စနစ်တွေကို ပိတ်ဆို့ပြီး အပူလွန်ကဲမှုတွေဖြစ်စေနိုင်တယ်ဆိုတာကို တော်တော်များများက မသိကြပါဘူး... ပျော့ပြောင်းတဲ့မျက်နှာပြင်တွေဟာ အပူကို စွန့်ထုတ်နိုင်ခြင်းမရှိဘဲ အတွင်းပိုင်းစက်အစိတ်အပိုင်းတွေဆီကို အပူပြန်ဟပ်စေနိုင်ပါတယ်... Laptop တင်ဖို့ အသင့်လျော်ဆုံးမျက်နှာပြင်ကတော့ ပြားပြီးမာတဲ့ မျက်နှာပြင်တွေပါပဲ... စားပွဲလိုမျိုးပေါ့... ဒီလိုမျက်နှာပြင်တွေကသာ လေနဲ့အပူတွေကို စွန့်ထုတ်ဖို့အထောက်အကူပြုနိုင်ပါတယ်...

၎) Cooling Pad
Coling Pad တွေဟာလည်း သင့် laptop ရဲ့ အပူလွန်ကဲမှုအတွက် သင့်လျော်တဲ့ ကုထုံးတစ်ရပ်ဖြစ်ပါတယ်... ဒါတွေကိုဝယ်ရတဲ့အတွက် ငွေနည်းနည်းတော့ သင်ကုန်ပါလိမ့်မယ်... ဒါပေမဲ့ သင့်မှာ အပူလွန်ကဲမှု ပြဿနာရှိနေတယ်ဆိုရင်တော့ ဒီအတွက် ကုန်ရကျိုးနပ်ပါတယ်...

၅) Laptop power ပိတ်ခြင်း
သင် laptop နဲ့ အလုပ်မလုပ်တော့ဘူးဆိုရင် သင့်အနေနဲ့ standby မှာထားမယ့်အစား ပိတ်ထားသင့်ပါတယ်... Hibernate option ကိုလည်း သုံးနိုင်ပေမဲ့ restart ပြန်လုပ်တဲ့အခါ ပြဿနာတစ်ချို့ဖြစ်တတ်ပါတယ်... အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး နည်းလမ်းကတော့ အသုံးမလိုရင် ပိတ်ထားတာပါပဲ...

------------------------------------------------
Ref: Computer & Mobile (٠ Hacking Tips & Trick ٠)
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...