စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Apple အောင်မြင်နေရခြင်း၊ လူကြိုက်များနေရခြင်း အကြောင်းတစ်ချက်


=========================================
Apple ကို ဘာလို့လူကြိုက်များနေသလဲဆိုတာကို မေးစရာမလိုအောင် လူတိုင်းသိပါတယ်။ ကုန်ပစ္စည်းရဲ့ ထူးခြား- unique ဖြစ်မှု၊ ထုတ်ကုန်သစ်များ မိတ်ဆက်ကာ နည်းပညာသစ်များ လမ်းခင်းပေးနိုင်မှု အစရှိသဖြင့်တို့ကြောင့် စတိဗ်ဂျော့ကော Apple ပါ ကမ္ဘာမှာ လေးစားလောက်ဖွယ် ပုဂ္ဂိုလ်နဲ့ ကုမ္မဏီ အဖြစ် တည်ရှိနေပါတယ်။ ဘာလို့လူတွေ Apple ကိုအရူးအမူးဖြစ်ရလဲလို့ အဖြေရှာကြည့်ပါတယ်။

အရူးအမူးဖြစ်ရတဲ့အကြောင်းအရင်းထက် လူတွေရဲ့ လက်ထဲကို ပိုရောက် လာစေတဲ့ အကြောင်းတစ်ချက်တော့ တွေ့ရှိခဲ့ပါတယ်။ ဒါကတော့ Apple ရဲ့ ကြော်ငြာစနစ်ပဲ ဖြစ်ပါတယ်။ ယင်းကြော်ငြာစနစ်ထဲမှာ အထိရောက် ဆုံး ကြော်ငြာစနစ် တစ်ခုပါဝင်ပါတယ်။ ဒါကတော့ ရုပ်ရှင်တွေထဲမှာ Apple ကုန်ပစ္စည်းများ ကို ထည့်သွင်းခြင်း ဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် တွန်ခရုခ်ပါဝင်တဲ့ Mission Impossible :Ghost Protocol မှာ မြင်တွေ့နိုင်ပါတယ်။ iPad နဲ့ ပရိုဂျက်တာချိတ်ပြီး လူကိုမမြင်အောင် ဖုန်းတဲ့ ဇာတ်ဝင်ခန်း စာဖတ်သူတို့ မှတ်မိမယ် ထင်ပါတယ်။

၁၉၉၀ ခုနှစ် နောင်းပိုင်းကာလက စလို့ Apple ရဲ့ ကုန်ပစ္စည်းများ ကို ဟောလိဝုဒ်ရုပ် ရှင်တွေထဲမှာ စတင်ကြော်ငြာပါတယ်။ စပွန်ဆာပေးပါ တယ်။ အောင်မြင်သွားတဲ့ ကြော်ငြာက ၁၉၉၆ ခုနှစ် Mission Impossible မှာ စတာ ဖြစ်ပါတယ်။ တွန်ခရုခ်က Apple ကွန်ပျူတာ တစ်လုံးနဲ့ ဇာတ်ဝင်ခန်း ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း ထွက်သမျှ Mission Impossible ရုပ်ရှင်တွေထဲမှာ Apple ကုန်ပစ္စည်းကိုပဲ အသုံးပြုစေပါတယ်။ ပထမ Mission Impossible တုန်းက အမေရိကန်ဒေါ်လာ ၅ သိန်းလောက် ကုန်သွားတယ်လို့ ဆိုပါ တယ်။ ခေတ်ကာလတွေပြောင်း လာပြီး ကြော်ငြာကြေး မြင့်လာတာနဲ့အမျှ Apple က ပို အကုန်ကျခံထားပါတယ်။

The Girl in the Dragon Tatoo, Fast and Furious ရုပ်ရှင်စီးရီး တို့အပြင် လက်ညိုးထိုး မလွဲလောက် အောင်ကို ဟောလိဝုဒ်ရုပ်ရှင် စီးရီး တော်တော် များများမှာ Apple ရဲ့  ကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။ iPhone, iPad, Mac, iPod တို့အပြင် အခြား Apple ကုန်ပစ္စည်းတော်တော်များများပါဝင်ပါတယ်။ ရုပ်မြင်သံကြားလိုင်းက တီဗီ ဇာတ်လမ်းတွဲတွေ မှာလည်း စပွန်ဆာပေး ထားပါတယ်။ ၂၀၀၉ ခုနှစ်ထဲမှာတင် ရုပ်မြင်သံကြားလိုင်းမှာ ၆၁၃ ခါ ၂၀၁၁ ခုနှစ်မှာ ၈၉၁ ခါ ပါဝင်ပြီး တစ်နှစ်ထပ် တစ်နှစ် ရုပ်မြင်သံကြားလိုင်း ထဲမှာနေရာ ယူလာပါတယ်။ အများအားဖြင့်တော့ အမေရိကန် ရုပ်သံလိုင်း များလည်း ဖြစ်ပါ တယ်။ ဟောလိဝုဒ်ရုပ်ရှင်မှာလည်း ထိုနည်းတူစွာပဲ ဖြစ် ပါတယ်။ ယမန်နှစ် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား ၁၀ ကားမှာ ၄ ကားနှုန်း (ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်း) သော ရုပ်ရှင်တွေ ထဲမှာ Apple ကုန်ပစ္စည်းများကို အသုံးပြုစေပါတယ်။

Apple ပြီးရင် ထက် အကုန်ကျခံတာကတော့ Dell ကွန်ပျူတာ၊ General Motor ကား၊ Ford ကားကုမ္မဏီတို့ ဖြစ်ပါတယ်။ Apple ပြီးရင်တော့ Dell က နံပါတ် ၂ နည်းပညာကုန်ပစ္စည်း စပွန်ဆာ ပေးသူ ဖြစ်ပါတယ်။ နည်းပညာ ကုန်ပစ္စည်းထုတ်လုပ်သူတို့ဟာ လူတို့ရဲ့ စိတ်ပိုင်းဆိုင် ရာ လွမ်းမိုးမှု ဗျူဟာကို အသုံးချလိုက်ခြင်း ဖြစ်ပါတယ်။

ရုပ်ရှင်တွေမှာတင်မဟုတ်ပဲ သီချင်းဗီဒီယို MTV တွေအထိပါ Appleကုန်ပစ္စည်း လွမ်းမိုးနေမှုကို အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။

ဇာတ်ကားတစ်ကားမှာ မင်းသား သို့မဟုတ်၊ မင်းသမီး သို့မဟုတ် ဇာတ်လမ်း မှာ ပါဝင်သူ တစ်ဦးဦးက ယင်း ကုန်ပစ္စည်းကို အသုံးပြုပြတဲ့အခါ ကြည့်ရှုသူ အနေနဲ့ စိတ်ပါဝင်စားပြီး မသိစိတ်ထဲမှာ လွမ်းမိုးသွားတတ်ပါတယ်။ ဒီအချက်ကိုအခြေခံပြီး Apple လည်း ကုန်ပစ္စည်း များကို ရုပ်ရှင်တွေထဲမှာ ထည့်သွင်းလာခြင်း ဖြစ်ပါတယ်။

ယင်းကြော်ငြာနည်းလမ်းဟာလည်း Apple က စတင်ပြု လုပ် အောင်မြင်ပြီးနောက် အခြား နည်းပညာ ကုမ္မဏီများ၊ ကားကုမ္မဏီများ လည် လိုက်လံကြိုးပမ်းလာကြပါတယ်။ ရုပ်ရှင် ထုတ်လုပ်သူများအနေနဲ့ ရုပ်ရှင်ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာတဲ့အပြင် အပိုငွေပါရရှိ တဲ့အတွက် ကုန်ပစ္စည်း စပွန်ဆာပေးမှုကို လက်ခံထားပါတယ်။ ယင်းကြော်ငြာနည်းဟာ အမေရိကန်မှာတင် မဟုတ်တော့ပဲ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ပျံနှံ့ခဲ့ပါတယ်။

အနီးစပ်ဆုံး အိန္ဒိယ ဘောလိဝုဒ်ရုပ်ရှင်လောကတောင် ကမ္ဘာ့ နည်းပညာပစ္စည်း နဲ့ အခြား ကုန်ပစ္စည်း စပွန်ဆာများ ဝိုင်းဝိုင်းလည်နေပြီး တဖြည်းဖြည်း အောင်မြင်လာခဲ့ပါတယ်။ စီးပွားရေး အခွင့်အလမ်း များလာတဲ့ အခါ နောက်ဆိုရင် ကမ္ဘာ့ ကုန်ပစ္စည်းကုမ္မဏီကြီးများ ဟာ မြန်မာပြည်ရဲ့  ရုပ်ရှင်လောကအထိ ဝင်ရောက်လာမယ်လို့ လည်း မျော်လင့်ရပါတယ်။
---
အောင်ခမ်း (ရိုးရာလေး)

Ref: YoYarLay

https://www.facebook.com/photo.php?fbid=422409044523599&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...