စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မတောင့်မတ, မကြောင့်မကြ


အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊
ထိုအခါ နတ်သားတစ်ယောက်သည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍
ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင်ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက်
မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-

''တော၌နေကုန်သော (ကိလေသာ) ငြိမ်းအေး၍ အကျင့်မြတ်ကို ကျင့်ကုန်သော အရှင်တို့အား ဆွမ်းတစ်ထပ်သာ သုံးဆောင်ကြပါကုန်လျက် အဘယ်အကြောင်းကြောင့် ကိုယ်အရေအဆင်းသည် ကြည်လင်ပါသနည်း''
ဟု (လျှောက်၏)။

အကြင်အရှင်တို့သည် . .
• လွန်ပြီး (လာဘ်) ကို မစိုးရိမ်ကုန်၊
• မရောက် သေးသော (လာဘ်) ကို မတောင့်တကုန်၊
• ဖြစ်ဆဲ (လာဘ်) တို့ဖြင့်သာ မျှတကုန်၏၊
ထိုအကြောင်းကြောင့် (ထိုအရှင်တို့အား) ကိုယ်အရေ အဆင်းသည် ကြည်လင်၏။

• မရောက်သေးသော (လာဘ်) ကို တောင့်တခြင်းကြောင့်လည်းကောင်း၊
• လွန်ပြီး (လာဘ်) ကို စိုးရိမ်ခြင်းကြောင့်လည်းကောင်း၊ ထိုအကြောင်းနှစ်မျိုးကြောင့် သူမိုက်တို့သည် 'ရိတ်ဖြတ်အပ်ပြီးသော စိမ်းစိုသော ကျူပင်ကဲ့သို့' ခြောက်ကပ်ကုန်၏ဟု (ဟောတော်မူ၏)။

( ဒေဝတာသံယုတ်။ အရညသုတ် )

3 Treasures: Buddha, Dhamma & Sangha

https://www.facebook.com/photo.php?fbid=411578768939960&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...