စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကုန်းဘောင်ခေတ်လက်ရာ ရွှေဆံစွပ်တစ်ခု အပ်နှံမှုအတွက်ဆုချီးမြှင့်






       ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ရှားပင်ကုန်း ကျေးရွာ အနီး ဦးလှိုင်ဇော်ဦး၊ ဦးသိုက်ထွန်း နှင့် ဦးအောင်ဝေဖြိုး တို့သည် ဧရာဝတီ မြစ်ဆိပ်တွင် မြစ်ထဲမှ ကျောက် စရစ်များကို စုပ်ယူ၍ သင်္ဘောပေါ် သို့တင်ရန် ကျောက်များ သယ်ယူရာမှ ကုန်းဘောင်ခေတ် လက်ရာ ရွှေဆံစွပ် တစ်ခု ရရှိခဲ့၍ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ပြည် ဌာနစုမှ တစ်ဆင့် ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန နေပြည်တော်သို့ လာရောက် အပ်နှံ ခဲ့သည်။ 

         ဦးစီးဌာနရှိ ရှေးဟောင်းပစ္စည်း အကဲဖြတ် အဖွဲ့က စစ်ဆေးပြီး မူလ တန်ဖိုး၊ခေတ်ကာလကြေး၊ လက်ရာ ကြေးများ တွက်ချက်၍ ရှေးဟောင်း ပစ္စည်း တွေ့ရှိ အပ်နှံသူအား ဂုဏ်ပြုမှတ် တမ်းလွှာနှင့်အတူ ဆုကြေးငွေ (နှစ်ဆယ့် ခြောက်သိန်း သုံးသောင်းခြောက်ထောင့် ကိုးရာ သုံးဆယ့် လေးကျပ် တိတိ)ကို  မေ ၂၂ ရက်တွင်  ညွှန်ကြားရေးမှူး ချုပ်က နေပြည်တော်၌ ပေးအပ် ချီးမြှင့် ခဲ့သည်။

       ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန  အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ အနှံ့မှ တွေ့ရှိသည့်  ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် ပစ္စည်း များကို လာရောက် အပ်နှံပါက  အဆိုပါပစ္စည်း ၏ ကာလ တန်ဖိုး အပြင် ရှေးဟောင်း လက်ရာ တန်ဖိုး၊ ခေတ်ကာလ တန်ဖိုး များပါ ထပ်ဆောင်းလျက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်လျက်ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...