မျောက်ချောပင် ရွာကလေးသည် အိမ်ခြေ ၈၀-ခန့် သာ ရှိပါသည်။ထိုရွာသည် အနောက်ရိုးမမှ စီးဆင်းသော ချောင်းနံ ဘေး၌ တည်ရှိပါသည်။ထိုချောင်းသည် နွေရာသီတွင် ရေနည်းသော်လည်း မိုးရာသီ၌ မိုးကြီးလျှင် ရေအလွန်များပြီး တောင်ကျရေ စီးလည်း အလွန်သန်ပါသည်။ရွာသူရွာသားမ
ထိုရွာကလေးတွင် ဖိုးပြားတို့ မိသားစု နေထိုင်ကြပါသည်။ဖိုးပြားတို
“ဟေ့ကောင် ဖိုးပြား၊တို့ လည်း ဟိုဟင်း မစားရတာ ကြာပြီကွ။ငါတို့ လည်း ရှာဝယ်တာ၊ဘယ်မှာမှ မရဘူး၊မင်းကြိုးစားကြည့်ပါဦ
ဖိုးပြား ရောက်သည်နှင့် အသင့် စောင့်နေကြသော လှထူးတို့ အဖွဲ့ က အလျင်အမြန် ကိုင် တွယ် ချက်ပြုတ် ကြသည်။ ခွေးသားဟင်း ကျက်သည့်အခါ အသင့်ယူလာသော အရက်များနှင့် သူငယ်ချင်း တစ်စု ပျော်ရွှင်စွာ စားသောက်ကြလေ သည်။မိုးသည် တဖွဲဖွဲ ရွာနေရာမှာ တဖြည်းဖြည်း သည်းထန် လာသည်။“ဟေ့ကောင် ဖိုးပြား၊မင်းရွာမပြန်နဲ့ ၊ချောင်းရေတိုးလိမ့် မယ်”ဟု လှထူးက ပြောသည်။ “မဖြစ်ဘူး သူငယ်ချင်း၊ငါ့မိန်းမက အစောကြီး လယ်ထဲ ဆင်းရတယ်။သူသွားတော့ ကလေးတွေ စားဖို့ သောက်ဖို့ ငါပဲ ချက်ရတယ်ကွာ။ဒီချောင်းရေလော
“ကဲ မှောင်စ ပျိုးလာပြီ။လက်စ သတ်လိုက်ကြစို့ ကွာ။ဖိုးပြား၊ဒီမှာ မအိပ်ရင် ဖိုးထောင် လိုက်ပို့ လိုက်။မင်းက လူလွတ်ဆို တော့ မနက်မှ ပြန်လာလဲ ရတယ်။မင်းအိမ်ကို တို့ ပြောလိုက်မယ်”ဟု လှထူးက အစီအစဉ် ဆွဲသည်။လက်ကျန် အစားအသောက် များကို သူတို့ တစ်တွေ အကုန် ရှင်းလိုက်ကြသည်။ထို့ နောက် တဲအတွင်းမှ လူ ၅-ယောက် ဒယီးဒယိုင်နှင့် ထွက်လာကြသည်။ လှထူးနှင့် အဖော် နှစ်ယောက်မှာ သူတို့ ရွာဘက်သို့ ပြန်ပြီး ဖိုးပြားနှင့် ဖိုးထောင်မှာ ချောင်းကမ်းဘက်သို့ လျှောက်လာကြသည်။ အာလေး၊လျှာလေးကြီးများဖြင့်
ရေလယ်သို့  ရောက်သောအခါ ဖိုးပြားသည် ရေညှိတက်နေသော ကျောက်တုံးကို နင်းမိပြီး ယိုင်လဲသွားသည်။ “ဟာ……လုပ်ပါဦး သူငယ်ချင်း”ဟု တစ်ချက် အော်လိုက်၏။ထိုအခါ ဖိုးထောင်က လှမ်းဆွဲလိုက်သော်လည်း အမှောင်ထဲ တွင် ဖိုးပြားကို မဆွဲမိဘဲ သူပါ အရှိန်လွန်၍ လဲကျသွားသည်။ရေစီးကလည်း ကြမ်း၊အရက်မူးသည့် အရှိန်ကလည်း ရှိသဖြင့် နှစ်ဦး စလုံး တလိမ့်ခေါက်ကွေး မျောပါသွားသည်။ နောက်တစ်နေ့ တွင် ဖိုးပြားနှင့် ဖိုးထောင်တို့ ရေနစ် သေဆံုးကြောင်း သတင်း ကြားရပါလေတော့၏။ သူငယ်ချင်း နှစ် ယောက်၏ ကံကြမ္မာကား “ကံတူ အကျိုးပေး”ဟု ဆိုရမည် ဖြစ်ပါတော့ သတည်း။
တင်ထွန်းအောင်(ရွှေရဲမြေ)
https://www.facebook.com/photo.php?fbid=161880233981771&set=a.131750700328058.2
No comments:
Post a Comment