စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သေဆုံးနေသော်လည်း သွေးပူနွေး နေသေးသည့် မွေးရှည် ဆင်မကြီး တစ်ကောင် ရုရှား သုတေသီများ တွေ့ရှိ



ရုရှား အရှေ့မြောက်ပိုင်း တက္ကသိုလ်၊ ရုရှားမြောက်ပိုင်း အသုံးချ ဂေဟဗေဒ ဌာနနှင့် ရုရှား ပထဝီဝင် ဆိုင်ရာအဖွဲ့ အစည်းတို့မှ သုတေသီများသည် မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သော အမွေးရှည် ဆင်မ အသေ တစ်ကောင်ကို Novosibirsk ကျွန်းစု၏ Lyakhovsky ကျွန်းဆွယ်ပေါ်တွင် ရှာဖွေ တွေ့ရှိခဲ့ကြသည်ဟု အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။

ဆင်မကြီးအား တွေ့ရှိချိန်တွင် ဆင်မကြီး၏ တစ်သျှူးများသည် အကောင်း ပကတိ နီးပါးရှိနေကြောင်း၊ ယင်းဆင်မကြီးသည် အသက် ၅ဝ နှစ်နှင့် ၆ဝ နှစ် ကြားတွင် သေဆုံးခဲ့ဖွယ် ရှိသည်ဟု ခန့်မှန်းရကြောင်းနှင့် စိတ်ဝင်စားစရာ ကောင်းသည့် အချက်မှာ ဆင်မကြီး၏ ကြွက်သား တစ်သျှူးများကို သဘာဝအတိုင်း အနီရောင် အနေအထားဖြင့် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်ဟု သိပ္ပံပညာ ရှင်များက ပြောကြားသည်။

အဆိုပါ ဆင်မကြီးအား တွေ့ရှိချိန်တွင် ဆင်မကြီး၏ ခန္ဓာကိုယ် အောက်ပိုင်းသည် ရေခဲပြင် ဖြစ်လုနီးပါး

 အခြေအနေ ရှိနေပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကိုမူ ရေခဲပြင်ပေါ်၏ မျက်နှာပြင် အပေါ်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း အသုံးချဂေဟ ဗေဒဌာန၏ အမွေးရှည် ဆင်ပြတိုက်မှ ပြတိုက်မှူး ဆမ်ယန်ဂရီဂေါရီး ယက်စ်က ပြောကြားသည်။

သုတေသီများသည် ဆင်မကြီး၏ သွေးနမူနာ ပုံစံများကို တာရှည်ခံဆေး အကူအညီဖြင့် စမ်းသပ်ပြွန်များ အတွင်း၌ စုဆောင်းခဲ့ကြသည်။ ဆင်မကြီး၏ သွေးရောင်မှာ အနက်ရောင် ဖြစ်ပြီး ၎င်းသွေးကို ဆင်မကြီး၏ ဝမ်းဗိုက် အောက်ပိုင်းရှိ ရေခဲနေသော အခန်းများမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ သွေးနမူနာကို ရယူနိုင်ရေး အတွက် ရေခဲနေသော အခန်းများကို ခွဲထုတ်ခဲ့ရာတွင် သွေးများသည် ¤င်းအခန်းများအတွင်း မှ ပူနွေးစွာဖြင့် စီးဆင်းကျလာသည်ကို အံ့အားသင့်ဖွယ် ကောင်းစွာ တွေ့မြင်ခဲ့ရကြောင်း၊ သွေးကို စုဆောင်းနေချိန်တွင်  ပတ်ဝန်းကျင်၏ အပူချိန်မှာ မိုင်းနပ်စ် ၁ဝ ဒီဂရီသာလျှင် ရှိခဲ့ကြောင်း သုတေသီတစ်ဦးက    ပြောကြားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...