စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြင်တတ်ပါစေ...



တစ်ခါတုန်းက မျက်လုံးတစ်ဖက်နဲ့ ခြေထောက်တစ်ချောင်းပဲရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိသည်။

တစ်နေ့ တော့ သူက ပန်းချီဆရာအားလုံးကို ခေါ်ပြီး သူ့ ရဲ့  အလှပုံကို ဆွဲခိုင်းတယ်။ ဒါပေမယ့် ဘယ်သူကမှ မဆွဲတတ်ဘူးဖြစ်နေတယ်။ မျက်လုံးတစ်ဖက်နဲ့ ခြေထောက်တစ်ချောင်းမှာ ချို့ ယွင်းချက်ရှိနေတဲ့ ဘုရင်ကြီးရဲ့ ပုံကို လှလှပပ ဖြစ်အောင် ဘယ်လိုဆွဲရမှန်းမသိဘူး ဖြစ်နေကြတယ်။

နောက်ဆုံးမှာတော့ ပန်းချီဆရာတွေထဲက တစ်ယောက်က ဘုရင်ကြီး ရဲ့ ပုံကို ဆွဲပေးဖို့ သဘောတူလိုက်ပြီး အလွန်ပဲ အဆင့်အတန်း ရှိလှတဲ့ ပန်းချီကိုဆွဲလိုက်တယ်။

အဲဒီပုံကို မြင်တွေ့ ရတဲ့သူမှန်သမျှဟာ သူ ရဲ့ ပြောင်မြောက်လွန်းတဲ့ လက်ရာကြောင့် အံ့သြသွားကြတယ်။

သူဆွဲတဲ့ပုံကတော့ ဘုရင်ကြိးက သားကောင်ကို ပစ်ဖို့ ချိန်ရွယ်နေတဲ့ပုံပဲ ဖြစ်တယ်။ မျက်လုံးတစ်ဖက်ကမှိတ်နေပြီး၊ ခြေထောက် တစ်ဖက်က ကွေးညွတ်နေတဲ့ပုံပဲပေါ့။




ကျွန်မတို့ တွေဟာ သူတပါးရဲ့ ပုံကို ဆွဲနေတဲ့အခါမှာ ဒီ ပန်းချီဆရာလို ဘာလို့ မဆွဲနိုင်ရမှာလဲ။ သူ့ ရဲ့ အားနည်းချက်တွေကို ဖုံးထားပြီး အားသာချက်ကို မြင်တတ်ပေးဖို့ ပဲလိုပါတယ်။



အင်တာနက်ကနေဖတ်လိုက်ရတဲ့ ပုံပြင်လေးကို ပြန်ဆိုထားတာပါ။ မူရင်းအင်္ဂလိပ်လိုလည်း ထည့်သွင်းပေးထားပါတယ်

စနိုး


A SHORT MORAL STORY.....

There was a King who had 1 Eye and 1 leg..

He asked all the painters to draw a beautiful portrait of him. But none of them could -- how could they paint him beautifully with the defects in one eye and one leg.

Eventually one of them agreed and drew a classic picture of the King.

It was a fantastic picture and surprised everyone..

He painted the King AIMING for a HUNT. Targeting with ONE Eye Closed and One Leg Bent ...

MORAL : Why cant we all paint pictures like this for others. Hiding their weaknesses and highlighting their strength

ဘာသာပြန်ပုံပြင်များ

https://www.facebook.com/photo.php?fbid=161871597315968&set=a.131750700328058.2

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...