ဆံပင်ဖြူမှာကြောက်နေလား
 
 ဥရောပသုတေသီတွေရဲ့ တီထွင်မှုကြောင့် ဆံပင်ကို ပြန်နက်လာစေမယ့် 
ကုသမှုတွေရှိလာခဲ့ပြီ။ သုတေသန သစ်တစ်ရပ်တစ်ခုအရ တွေ့ရှိခဲ့တာကတော့ 
ကွန်ပေါင်းတစ်မျိုးဟာ ဆံပင်အရောင်ကိုနက်မှောင် စေပြီး 
ဆံပင်ကျွတ်ခြင်းကိုလည်း တားဆီးပေးနိုင်တယ် ဆိုတာပဲဖြစ်ပါတယ်။ 
အသက်ကြီးလာလို့ပဲဖြစ်ဖြစ် အသက်ငယ်စဉ်မှာပဲဖြစ်ဖြစ် ဆံပင်ဖြူ လာတယ်ဆိုတာဟာ 
ဆံပင်အမြစ် နေရာလေး မှာ ဓာတ်တိုးမှုဖြစ်စဉ်တွေ ဖြစ်ပွားမှုမြန်လာပြီး ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ်တွေစုပုံလာခြင်းကြောင့် ဖြစ်ပါတယ်။
 အခုတွေ့ရှိခဲ့တာကတော့ စုပုံနေတဲ့ ဟိုက်ဒရိုဂျင်ပါအောက် ဆိုဒ်တွေကို ကွန်ပေါင်းတစ်မျိုးက ဖယ်ရှားပေးနိုင်တယ်ဆိုတာပါပဲ။
 ဆံပင်အခြေမှာစုပုံတာတွေကို ဖယ်ရှားပေးနိုင်တာကတော့ PX-KUS ဆိုတဲ့ 
ဓာတ်ပေါင်းဖြစ်ပြီး အဆိုပါဓာတ်ပေါင်းဟာ အရေပြားရောဂါတွေမှာကလည်း 
ကုသနိုင်တယ်လို့ သိရပါတယ်။ သုတေသနကို ဦးဆောင်ခဲ့တဲ့ University of 
Bradford မှ သုတေသီ Dr. Karin Schallreuer က “ဆံပင်ဖြူတယ်ဆိုတာ 
အသက်ကြီးလာခြင်း၊ မျိုးရိုးလိုက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ 
နာတာရှည်ရောဂါများ ဖြစ်ပွားခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ 
ဘ၀အရည်အသွေးမြှင့်တင်ပေးနိုင်ဖို့ဆိုတာ ဆံပင်တွေကို မူလအရောင်ပြန်ရဖို့က လည်းတစ်ခုအပါအ၀င်ပါပဲ”ဟု ပြော ကြားခဲ့သည်။
 သုတေသနအဖွဲ့သည် ဆံပင်ဆွတ်ဆွတ်ဖြူနေသော လူဦးရေ ၂၄၁၁ဦးကို လေ့လာခဲ့ပါတယ်။ 
ရာခိုင်နှုန်း အတော်များများဟာ အရေ ပြားပြဿနာကြုံနေရာကိုလည်းတွေ့
 ရှိခဲ့ပါတယ်။ နောက်ပြီး တွေ့ရှိခဲ့တဲ့ ဓာတ်ပေါင်း PX-KUS ဟာဆံပင် ဖြူတွေ 
အောက်ခြေက ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ်ကို ဖယ်ရှားပေးနိုင်ပြီး 
ဆံပင်ဖြူနေခြင်းကိုပြန်လည်နက် မှောင်သန်စွမ်းစေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာအဲဒီလို ဖယ်ရှားနိုင်တဲ့ ဖြစ်စဉ်အပြင်အခြား ဓာတ်တိုးဓာတ်လျော့ဖြစ်စဉ်တွေ
 ကြောင့်လည်း ဖြစ်တယ်လို့ Dr. Karin Schallreuter ကရှင်းပြထား ပါတယ်။ 
အခုတွေ့ရှိမှုတွေဟာ ဆေး လက်တွေ့ သုတေသနသာဖြစ်သေး ပြီး လူနာတွေမှာ 
အသုံးပြုနိုင်ဖို့နဲ့ ဘယ်လိုနည်းလမ်းနဲ့ အသုံးပြုလို့ရ မယ်ဆိုတာကို 
ဆက်လက်လေ့လာနေ ပါတယ်။
 ဒီသုတေသနကို FASEB Journal မှာ ဖော်ပြထားတာဖြစ်ပါ တယ်။
 
 သက်ကို
 Ref: ANI
https://www.facebook.com/photo.php?fbid=418708508226986&set=a.35104771499306 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment