"ခလေးကိုရိုက်နှက်ခြင်းရဲ့ အကျိုးဆက်များ"
 
 
 ကျွန်မတို့ ပတ်ဝန်ကျင်မှာ အမြဲတွေ့ရတာကတော့ ခလေးက နည်းနည်း အပြစ်လုပ်တာနဲ့
 ပြောဖို့ထက် လက် နဲ့ ပဲဖြစ်ဖြစ် တုတ်နဲ့ပဲဖြစ်ဖြစ် ဆွဲရိုက်တော့တာပါပဲ။ 
တစ်ချို့ကိစ္စတွေက နားလည်အောင်ရှင်းပြတာနဲ့ ရပါတယ် ရိုက်မှ 
ရင်ထဲစွဲပြီမှတ်မိတာပါမဟုတ်ပါ။ ရိုက်လိုက်မှပဲ ခလေးရဲ့ ရွဲတတ်တဲ့စိတ်ကို နိုးကြားလာအောင်လုပ်လိုက်တာနဲ့ အတူတူပဲ ပြီးတော့
 ခလေးကို ရိုက်လိုက်လို့ ကြောက်သွားတာ မဟုတ်ပါဘူး ခလေးက တုတ်ကို 
ကြောက်တာပဲရှိတာပါ လူကို မကြောက်တတ်တော့ပါဘူး ရိုက်လိုက်တဲ့ အတွက် ခလေး နဲ့
 မိဘကြားမှာ ဆိုးကြိုးတွေ အများကြီးရှိလာနိုင်ပါတယ်။ ကျွန်မဆိုလိုတာက 
ခလေးကို သွန်သင်ဆုံးမလို့ မရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ခလေးတွေကို 
ရိုက်လို့တော့ရပါတယ် ဒါပေမယ့် ဒေါသတကြီး ဆွဲရိုက်တာမျိုးမဟုတ်ပဲနဲ့ 
ဘာလုပ်လို့ရိုက်တယ် ဘာကြောင့် ရိုက်ခံရတယ်ဆိုပြီး 
နားလည်အောင်ပြောစေချင်တာပါ ဒေါသကြောင့်ရိုက်ရင် ခလေးက ငိုလေ ဒေါသကပိုထွက်လေ
 ပိုရိုက်လေဖြစ်ပြီး ခလေးက ကိုယ်ဘာကြောင့်ရိုက်ခံရတယ်ဆိုတာကို မသိတော့ပဲ နာတာကိုပဲသိပြီး ဆိုကြိုးတွေ ဖြစ်လာနိုင်လို့ပါ။
 
 ခလေးတွေကို ဓလေ့ထုံစံတွေနဲ့လိုက်လျှောညီထွေနေတတ်အောင်
 ၊ အမှုအကျင့်ကောင်းတွေနဲ့ ကြီးပြင်အောင်၊ ဘယ်လိုလုပ်ရင် အန္တရာယ်ရှိတယ် 
ဘယ်လိုလုပ်ရင် အန္တရာယ် မရှိဘူးဆိုတာသိအောင်၊ လိုချင်တာကို 
ခိုးယူတာမျိုးမဟုတ်ပဲ တောင်းယူတတ်အောင်၊ လူကြီးမိဘတွေကို ရိုသေတတ်အောင် 
သေချာ ရှင်းပြပြောဆိုတတ်ဖို့လိုပါတယ်
 အဲလိုမှ မဟုတ်ပဲ ကိုယ့်စိတ်ထဲမတွေ့တာနဲ့ ခလေးကို နင်ဒီလို 
လုပ်စရာလာဆိုပြီး ဆွဲမရိုက်သင့်ပါဘူး။ ဘာလို့ဆို ကိုယ့်က မသင်ပြထားရင် 
ခလေးက မသိနိုင်တာမို့ ခလေးရဲ့ အပြစ်မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ 
ခလေးတွေ ဆိုတာ လောက အသစ်ကို စတင်ဝင်ရောက်ပြီး စူးစမ်းလေ့လာနေကျပြီး 
သူတို့ရဲ့ ဦးနှောက် ဥာဏ်မှီသလောက်ကို သူတို့လုပ်ချင်တာကို 
စမ်းသပ်လုပ်ကြည့်နေကြတာ အဲဒါကို ကိုယ့်က သူတို့ မှားရင်တောင် အမှားထဲက 
သင်ခန်းစာယူတတ်အောင် ရှင်းပြသင်ကြားပေးမှ မှန်မှာလေ အဲလိုမဟုတ်ပဲ 
ရိုက်လိုက်မယ်ဆိုရင် ခလေးက ကိုယ့်ကို ရွံ့ကြောက်ကြီးကြောက်သွားနိုင်သလို ခလေးရဲ့ ဥာဏ်ရည်ကိုလဲ တုံးအောင်လုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။
 
 ရိုက်နှက်ခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ မိဘ နဲ့ သားသမီးကြား ချစ်ခင်လေးစားခြင်းတွေ၊ မိဘ အလိုကျလုပ်ပေးချင်တဲ့စိတ်လေးတွေ ပျောက်ပြီး ရွံ့ကြောက်ကြီးကြောက်ပြီး ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်လာတတ်ပါတယ်။
 ခလေးဟာ သူများကိုလဲ ရိုက်နှက်လိုက်ဖို့ ၀န်မလေးတော့ပါဘူး 
ကိုယ်ရိုက်ခံရသလို သူများကိုလဲ ရိုက်ချင်တဲ့စိတ်လေးတွေ ကိန်အောင်းလာတတ်ကာ 
သူငယ်ချင်းတွေ ကြားမှာ အဆင်မပြေဖြစ်လာတတ်ပြီး ပေါင်းသင်းဆံဆက်ရေးညံ့လာတတ်ပါတယ်။
 ပြီးတော့ ခလေးရဲ့ စိတ်ဟာ မထုံတတ်သေးဖြစ်လာပြီး ပြန်မပြော 
နားမထောင်ဖြစ်လာတတ်ပြီး ကောင်းတဲ့စိတ်ကလေးတွေ မရှိတော့ပဲ အစွမ်းအစတွေ 
ပျောက်ကွယ်လာကာ ဆိုးတဲ့လမ်းကြောင်းကို ဦးတည်သွားတတ်ပါတယ်။
 
 
ခလေးကို မရိုက်ပဲ နားလည်အောင်ပြောပြီး လိုအပ်မှ ဆုံးမတာ က အကောင်းဆုံးပါ။ 
ခလေးကို နားလည်အောင် အမှားအမှန်ရှင်းပြပြီး ဒါက ဘယ်လုပ်သင့်တယ် 
ဒီလိုလုပ်တာတော့မကောင်းဘူး နောက်လုပ်ရင်တော့ မေတို့က ဒဏ်ပေးမှာနော် သမီးက 
လိမ္မာရဲ့သားနဲ့ မဟုတ်ဘူးလာဆိုတာမျိုးပြောမယ်ဆိုရင်
 မိဘ နဲ့သားသမီး ကြားက ပြသာနာ လျှော့နည်းသွားမှာပါ။ ခလေးကို 
ရှင်းပြလိုက်တဲ့အတွက် ရိုက်နှက်လို့ ရသွားမယ့် စိတ်ဓာတ်ရာထက် 
ကိုယ်ရှင်းပြတာကို ခေါင်းထဲမှာ မှတ်မိသွားမယ်ဆိုရင် ခလေးရဲ့ ဥာဏ်ရည်ဟာ 
ပိုပြီးဖွံ့ဖြိုးလာမှာပါ။ ပြီးတော့ လိမ္မာ ယဉ်ကျေး ဥာဏ်ရည်ထက်မြက် တဲ့အပြင် 
မိဘစကားကို နားထောင်တတ်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။
 
 ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ
 
 ခလေးလေးရဲ့ စိတ်ဒဏ်ရာ နဲ့ မျက်ရည်
https://www.facebook.com/photo.php?fbid=420741614690342&set=a.351047714993066.7 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment