စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ နေ့သစ် တစ်နေ့ကို ဖြတ်သန်းခြင်း ”



ကျနော်တို့တွေဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့ ကြားကာလ “ဘဝ” ဆိုတဲ့ အချိန်ကာလကို ဖြတ်သန်းနေကြရတာပါ ။

တစ်ရက်၊ တစ်နေ့ဆိုတာ ဘဝကြီး တစ်ခုလုံးရဲ့ ဘဝအစိတ် အပိုင်းလေး တစ်ခုလို့ သတ်မှတ် ကြည့်ကြပါစို့ ...

မနက် အိပ်ယာထတယ်၊ ဘဝတစ်ခု စတင်တယ်၊ တစ်နေ့တာ ကြုံတွေ့မှုတွေကို ဖြတ်သန်းပီး တစ်နေ့တာရဲ့ ဘဝတစ်ခုကို ဖြတ်ကျော်တယ်၊ ညရောက်တော့ အိပ်ယာဝင်တယ်၊ တစ်နေ့တာရဲ့ ဘဝတစ်ခု အဆုံးသတ်ကို ရောက်သွားတာပါပဲ ....

ဒီလိုပါပဲ ကျနော်တို့တွေရဲ့ ဘဝဟာ တစ်နေ့တာ ဘဝပေါင်း များစွာနဲ့ ပေါင်းစပ် ဖွဲ့ဆည်းထားခြင်းပါ။

အဲဒီအတွက် မနက်ဖြန်ဆိုတာ စိတ်ထဲက မေ့ပျောက်ထားပီး ဒီနေ့ ပိုင်ဆိုင်ထားတဲ့ တစ်နေ့တာ ဘဝလေးမှာ စိတ်ချမ်းသာမှုတွေ ရအောင် ရှာရမယ်၊ မေတ္တာစိတ် ပြည့်ဝစွာဖြင့် ပြောဆို ဆက်ဆံမယ်၊ ကောင်းမှုတွေ ကောင်းကျိုးတွေကို အတတ်နိုင်ဆုံး သယ်ပိုးမယ်၊ မိမိ ပတ်ဝန်းကျင်ကို မေတ္တာ အလှနဲ့ တန်ဆာဆင်မယ်၊ နွေးထွေး ဖြူစင်တဲ့ အပြုံးနဲ့ အရောင်ခြယ်မယ် ...

- လောဘတွေ ..
- ဒေါသတွေ ..
- မာန်မာနတွေ ကို အတတ်နိုင်ဆုံး နည်းပါးအောင် (သို့) ကင်းစင်နိုင်အောင် ကြိုးစားမယ် ..

ကဲ .. အဲဒီလိုလေးတွေ ဖြည့်ဆည်းထားတဲ့ တစ်နေ့တာ ဘဝလေးမှာ ဘာတွေများ အလို မကျစရာတွေ ကြုံလာအုံးမလဲ .. အဲဒီ တစ်နေ့တာ ဘဝလေး အဆုံးသတ်မှာရော ဘယ်လောက် အေးချမ်းစွာနဲ့ အနားယူ အိပ်စက်နိုင်မလဲ ...

တကယ်တော့ အားလုံးသော သတ္တဝါတွေမှာတော့ အတ္တ၊ မာန ဆိုတာတော့ ရှိကြတာပဲလေ။ ဒါပေမယ့် ဖြစ်မလာတာ ၊ ရမလာတာကို ပူဆွေး သောကရ ဖြစ်နေရင်တော့ ကောင်းကျိုးထက် ဆိုးကျိုး (စိတ်အနာတရ) ဖြစ်တာကလွဲလို့ ဘာများ ရရနိုင်မှာတဲ့လဲ ...

အဲဒီတော့ တစ်နေ့ သေရမယ်၊ သေဖို့ တစ်နေ့ပီး တစ်နေ့ ဖြတ်သန်းနေရတယ်၊ အဲဒီအတွက် လက်ရှိ တစ်နေ့တာ ဘဝလေးမှာ စိတ်ကို ဖြူစင်စွာနဲ့ ...

“ ကောင်းမှု မြတ်နိုး ကောင်းအောင်ကျိုး၍
ကောင်းကျိုး ကိုယ်၌ တည်စေမင်း ” ဆိုသလို ကြိုးစား ဆောက်တည် သွားကြပါစို့ ...

တောသားလေး

https://www.facebook.com/photo.php?fbid=161777483992046&set=a.131750700328058.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...