စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူသိနည်းသော ကွန်ပြူတာ ဖခင်



ပုံမှာ တွေ့နေရတဲ့ ပုဂ္ဂိုလ်ကြီးပါ။ အမည်ကတော့ Charles Babbage လို့ ခေါ်ပြီး ကွန်ပြူတာများရဲ့  ဖခင် (Father of the Computer) လို အသတ်မှတ် ခံထားရပါတယ်။

အင်္ဂလန်ဖွား အင်္ဂလိပ်လူမျိုး သင်္ချာဆရာ တစ်ဦးပါ။ ပုံသေတော့ ပြောလို့ မရဘူး။ ဟိုးအရင် သိပ္ပံပညာရှင်တွေက ဘက်စုံ တော်ကြတယ်။ သူဆိုရင်လည်း သင်္ချာပဲ အထူးပြုတာမဟုတ်ပါဘူး။ စိတ်ပညာ၊ စက်မှု အင်ဂျင်နီယာနဲ့ အခြားသော တီထွင်ပညာရပ်များကိုလည်း တက်မြောက် ကျွမ်းကျင်ပါတယ်။

၁၈၃၂ ခုနှစ်က သူ ပထမဆုံး ကွန်ပြူတာ တီထွင်တယ်လေ။ ကွန်ပြူတာ ဆိုတဲ့ နာမည်ကိုပဲ သူပဲစပေးတာပါ။ အဓိပ္ပါယ်ကတော့ လက်တင် ဘာသာ စကားမှာ ဂဏန်းပေါင်းစပ် (Calculator) ဖြစ်ပါတယ်။ ဒါကို Calculator လို့ ဒဲ့မသုံးပဲ Computer လို့ အသုံးပြုခေါ်ဝေါ်ပြီး အပေါင်းအနှုတ်အမြောက် အစားရတဲ့ စက်တစ်လုံး လေး ဖြစ်ခဲ့ပါတယ်။

လက်ရှိ ပရိုဂရမ်သွင်းလို့ရတဲ့ ကွန်ပြူတာများရဲ့  အဓိက ပင်ရင်း Concept ကိုလည်း Charles ပဲ တီထွင်ဖန်တီးခဲ့တာပါ။ ဒါကို အခြေခံလို့ အမျိုးမျိုး ပြန်လည်ပေါ်ထွန်းလာခြင်း ဖြစ်ပါတယ်။ ၁၉၅၀ နောက်ပိုင်း ကျတော့ ဟောခန်းတစ်ခုစာ ရှိတဲ့ CPU တွေပေါ်လာကုန်ပါတယ်။

Charles Babbage ကတော့ ၁၈၇၁ ခုနှစ် အောက်တိုဘာမှာ တင် ကွယ်လွန်ခဲ့တာပါ။ အသက် ၇၉ နှစ်အရွယ်မှာပါ။ ယနေ့တိုင် သူ့ကို ကွန်ပြူတာများရဲ့  ဖခင်ကို အသိမှတ်ပြု လက်ခံ ထားကြကြောင်း သိရပါတယ်။

အင်မတန် လေးစား၊ အားကျဖို့ ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ အောက်ပါ လခ့်မှာ သူ့အကြောင်း ပြည့်ပြည့်စုံစုံ ဖတ်ရှု နိုင်ပါတယ်။

http://en.wikipedia.org/wiki/Charles_Babbage

Aung Kham (TSJ team)

https://www.facebook.com/photo.php?fbid=420244191406751&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...