စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖတဆိုး သမီးငယ် လေးများ ဆယ်ကျော်သက် အရွယ်တွင် စိတ်ကျရောဂါ ပိုမိုဖြစ်ပွား နိုင်ဖွယ်ရှိ



လူမှန်း သိတတ်စ အရွယ် ကလေးငယ် ဘ၀ကပင် ဖခင်၏ အုပ်ထိန်းမှု မရရှိ ခဲ့သည့် မိန်းကလေးငယ် လေးပုံတစ်ပုံ နီးပါးခန့်သည် ဆယ်ကျော်သက် အရွယ်တွင် စိတ်ကျရောဂါ ခံစားရလေ့ ရှိကြောင်း ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ ဖတဆိုး မိန်းကလေးများ အနက် ၂၃ ရာခိုင်နှုန်း ခန့်သည် အသက် ငါးနှစ် မပြည့်မီ မှာပင် ၎င်းတို့ မိဘများနှင့် ခွဲခွာ ခဲ့ရပါက ၎င်းတို့ အနေဖြင့် ဘ၀၏ နောက်ပိုင်း အချိန် များတွင် အလွန်အမင်း ငြီးငွေ့ စိတ်ပျက်မှု သို့မဟုတ် ၀မ်းနည်းမှု ကဲ့သို့သော လက္ခဏာများ ပြသ တတ်ကြောင်း သုတေသီ များက တွေ့ရှိခဲ့သည်။ ထိုသို့သော လက္ခဏာ များကြောင့် ၎င်းတို့သည် အနာဂတ်တွင် ၎င်းတို့ထက် ပိုမို အသက်ကြီးသော မိန်းကလေး များနှင့် နှိုင်းယှဉ် ပါက စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာ ၅၀ ရာခိုင်နှုန်း နီးပါး ပိုမို ကြုံတွေ့နိုင်ဖွယ် ရှိကြောင်း ယခင်က လေ့လာချက် များတွင် အတည်ပြု ပြောကြားထားသည်။

အဆိုပါ လေ့လာချက် များတွင် ဖခင်နှင့် အတူ မနေထိုင် ခဲ့သော မူလတန်းကြို ကျောင်းသူ ကလေးများသည် မိတ်ဆွေ အပေါင်းအသင်းနှင့် အခြား မိသားစုဝင် များ၏ အထောက်အပံ့ ပေးမှုကို အနည်းငယ်သာ ရရှိနိုင်ဖွယ် ရှိသောကြောင့် အချို့ ကိစ္စရပ် များကို ဖြေရှင်းရာတွင် ဆိုးဆိုးရွားရွား ဖြေရှင်းတတ်ကြောင်း ဖော်ပြထားသည်။

မိမိတို့သည် ဖခင်နှင့် အတူ ကြီးပြင်းလာခြင်း မရှိသည့် ငါးနှစ် မပြည့်မီ အရွယ်ရှိ ကလေးငယ် များစွာ ပါဝင်သော အဖွဲ့ တစ်ဖွဲ့ကို လေ့လာရာ မိန်းကလေး များသည် မေး သမျှ မေးခွန်းတိုင်း နီးပါးကို ““ဟုတ်ကဲ့”” ဟုသာ ဖြေဆို ခဲ့ကြပြီး ၎င်းမိန်းကလေး များသည် ယေဘုယျ အားဖြင့် အခါလည် အရွယ်ကပင် ဖခင်နှင့် အတူနေထိုင် ခဲ့ရခြင်း မရှိသူများ ဖြစ်ကြသည်ကို တွေ့ရှိရကြောင်း ဘရစ္စတို တက္ကသိုလ်မှ အိုင်ရင်း နာကယ်လ်ပင်က ပြောကြားထားသည်။

မိဘ နှစ်ပါး၏ အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် ပထမ ငါးနှစ် အရွယ်မှာပင် ဖခင်နှင့် ခွဲခွာ နေကြရသော မိန်းကလေး များသည် ဘ၀၏ နောက်ပိုင်း အချိန်များတွင် စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာ ရပ်များ ပိုမို ကြုံတွေ့နိုင်ဖွယ် ရှိသည်ကိုလည်း မိမိတို့ အနေဖြင့် တွေ့မြင် ထားကြောင်း အိုင်နာကယ်လ်ပင်က ပြောကြားထားသည်။

http://myawady.com.mm/health/globalhealthnews/item/14454-2013-05-21-09-21-02

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...