စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကုန်ကျစရိတ် သက်သာသော ဂက်စ်မီးဖိုငယ်များ ကျေးလက်ဒေသများတွင် ရောင်းချ



    ကျေးလက်နေ တောင်သူများ နွေစပါး ပေါ်ချိန်၌ ငွေလှိုင်ချိန်တွင် အိမ်နီးချင်း နိုင်ငံများမှ ထုတ်လုပ်သော အိမ်သုံး ပစ္စည်းများကို အစုအဖွဲ့အလိုက် ကျေးလက် တစ်ခွင် လှည့်လည် ရောင်းချလျက် ရှိရာ ဂက်စ်မီးဖိုငယ် ၊ ထမင်း - ဟင်းများကို ပူနွေးအောင် ထိန်းသိမ်း ထားနိုင်သော ဓာတ်ဗူးငယ်များ ၊ စတီးချိုင့်များ နှင့် အခြား အိမ်သုံး ပစ္စည်း အမျိုးမျိုးကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။ 


       အဓိက အားဖြင့် လောင်စာထင်း ရှားပါးသော ဒေသများတွင် SEVO Portable Gas Cooker 3.1 KW 2700 ဂက်စ်မီးဖို များမှာ အလွန် အသုံးဝင် သည်ကို တွေ့ရပြီး အတွင်း၌ ပါဝင်သော ဂက်စ်ဗူးငယ် ဖြင့် နေ့စဉ် ချက်ပြုတ် အသုံးပြု ရာတွင် ၁၅ ရက်ကြအောင် အသုံးပြု နိုင်သည်ကို တွေ့ရသည်။ ဂက်စ်ဘူး တစ်ဘူးလျှင် ကျပ် ၁၅၀၀ တန်ကြေး ရှိပြီး ဂက်စ် ပြန်လည် ဖြည့်သွင်းလျှင် ကျပ် ၅၀၀ သာ ကုန်ကျမည် ဖြစ်သည်။ 

             လောင်စာထင်း အကုန်အကျ သက်သာ သကဲ့သို့ မီးဖိုချောင် ကိုလည်း သန့်ရှင်းအောင် ထားနိုင်ကြောင်း သိရသည်။ အဆိုပါ ဂက်စ်မီးဖိုငယ်အား တစ်ခုလျှင် ကျပ် ၃၈၀၀၀ ဖြင့် ရောင်းချလျက် ရှိရာ ကျေးလက်နေ တောင်သူများ စိတ်ဝင်စား ကြိုက်နှစ်သက် ကြကြောင်း သိရှိရသည်။

ဒီနေရာမှ ကူယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...