ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများ
 Sunday, May 26, 2013
 
 ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့
 ၏ ကမ္ဘာပေါ်ရှိ စီးပွားအင်အား ကြီးနိုင်ငံ၅၀အတွက် ၂၀၁၃ခုနှစ် 
ခန့်မှန်းစာရင်းဇယားအချက် အလက်များအား ပြည်တွင်း အသားတင်ထုတ်လုပ်မှုကိုအခြေ 
ခံ၍တွက်ချက်မှုအရ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ သုံးနိုင်ငံမှာ 
အောက်ပါအတိုင်းဖြစ်သည်။
 
 
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ အဖြစ် စင်ကာပူနိုင်ငံရပ်တည်နေ ပြီး 
နှစ်စဉ်တစ်ဦးချင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးမှာ ၆၁၅၆၇ 
ဒေါ်လာဖြစ်သည်။ယခုနှစ်များ အတွင်း စင်္ကာပူ၏စီးပွားရေး 
တိုးတက်မှုမှာလျင်မြန်လျက်ရှိပြီး စင်္ကာပူသည်စီးပွားရေးလုပ်ငန်း များ၏ ဗဟိုအချက်အခြာ ဌာန တစ်ခုဖြစ်လာနေသည်။
 
 ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူသည် ဆွစ်ဇာလန်အား ကျော်လွန်၍ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံ အဖြစ်ရပ်တည်နေသည့်နိုင်ငံမှာ
 နော်ဝေးနိုင်ငြံဖစ်ပြီး ၎င်း၏တစ်ဦး ချင်းပြည်တွင်း အသားတင် ထုတ် 
လုပ်မှုတန်ဖိုးမှာ ၅၆၆၆၃ဒေါ်လာ ဖြစ်ကာ ဥရောပတိုက်၏အချမ်း သာဆုံးနိုင်ငံလည်း 
ဖြစ်သည်။ နော်ဝေးနိုင်ငံသည်လည်း ဆွစ်ဇာ လန်နိုင်ငံကဲ့သို့ပင် ဥရောပတိုက် 
၏ကြွေးမြီးပြဿနာများအတွင်း စီးပွားရေးတည်ငြိမ်စွာရှိနေပြီး
 နိုင်ငံ၏ ရေနံထွက်ရှိမှုကြောင့် အမျိုးသား အသားတင်ထုတ် လုပ်မှုတန်ဖိုးမှာ 
၂၀၁၃ခုနှစ်ပထမ လေးလပတ်အတွင်းဝ.၇ ရာခိုင် နှုန်းတိုးတက်ခဲ့သည်။အချို့သော နော်ဝေးနိုင်ငံသားများကတိုင်ပြည်
 ၏ရေနံနှင့်စွမ်းအင်အပေါ်အား ထားနေရမှုသည် တစ်ချိန်ချိန်တွင် 
ဒုက္ခတွေ့နိုင်သည်ဟု သတိပေး ပြောကြားကြသော်လည်း ယခု အချိန်အထိတွင်မှု 
နော်ဝေးနိုင်ငံ သည်စီးပွားရေးကောင်းမွန်နေ သေးပြီး ယခုနှစ်အတွင်း စီပွား 
ရေး၂.၇၅ရာခိုင်နှုန်းတိုးတက်လာ လိမ့်မည်ဟုလည်းခန့်မှန်းထားသည်။
 
 ကမ္ဘာ့တတိယအချမ်းသာဆုံး နိုင်ငံမှာ အမေရိကန်ပြည်ထောင် စုဖြစ်ပြီး 
နှစ်စဉ်တစ်ဦးအသားတင် ထုတ်လုပ်မှုတန်ဖိုးမှာ ၅၁၂၄၈ ဒေါ်လာဖြစ်သည်။အမေရိကန် 
ပြည်ထောင်စုသည် စီးပွားရေး ကျဆင်းနေရာမှ တဖြည်းဖြည်း 
ချင်းပြန်လည်နာလံထူလာပြီး အမေရိကန်ပြည်သူအများစုမှာ သက်တောင့်သက်သာ လူနေမှု 
အဆင့်အတန်းဖြင့်နေထိုင်လျက်
 ရှိကာ အလုပ်လက်မဲ့ ရာခိုင်နှုန်း မှာလက်ရှိအချိန်တွင် ၇.၅ ရာခိုင်နှုန်း 
ဖြစ်သော်လည်းနိုင်ငံ၏ အနာဂတ်အလားအလာကောင်း မွန်ကြောင်း အပြည်ပြည်ဆိုင်ရာ 
ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်း ထားသည်။၎င်း၏ ခန့်မှန်ချက် 
အရ၂၀၁၈ခုနှစ်တွင်တစ်ဦးချင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာ၆၃၀၀၀ရှိလာမည်ဖြစ် သည်။
 
 ဥက္ကာအောင်
 The Hot News
https://www.facebook.com/photo.php?fbid=421145184649985&set=a.351047714993066.7 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment