စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထင်မှတ်မထားသော ဝက်ခြံဖြစ်စေသည့် အကြောင်းအရင်းများ



(၁) လက်ကိုင်ဖုန်း

သင့် iPhone ဒါမှမဟုတ် တခြားဖုန်းတွေက ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေ စုပုံရာ နေရာကြီးဖြစ်တာကြောင့် ပါးပြင်နဲ့ နှုတ်ခမ်းတစ်ဝိုက်မှာ ဝက်ခြံအဖုအပိမ့်တွေ ပေါက်တတ်ပါတယ်။ ဖုန်းကို ဘယ်လ်ကိုစော ဆွတ်ထားတဲ့ ပိတ်စနဲ့ နေ့စဉ် သန့်စင်ပေးပါ။

(၂) ယောဂဖျာ

တခြားသူတွေ သုံးထားတဲ့ ယောဂဖျာကို သုံးပြီး မျက်နှာနဲ့ ဖျာထိတွေ့ရတဲ့ ယောဂကျင့်စဉ်တွေကို ကျင့်တာကြောင့် မျက်နှာမှာ ဘက်တီးရီးယားပိုးတွေ၊ ချွေးနဲ့အဆီတွေ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်တတ်ပါတယ်။ ဒီလိုမဖြစ်ချင်ရင် ကိုယ်ပိုင်ယောဂဖျာကို သုံးပါ။

(၃) မိတ်ကပ်

သတ္တုဆီပါတဲ့ မိတ်ကပ်တွေက ချွေးပေါက်ပိတ်စေနိုင်ပြီး ဝက်ခြံဖြစ်လွယ်စေတာကြောင့် အဆီမပါတဲ့ မိတ်ကပ်ဘရပ်ရှ်တွေမှာလည်း ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ကပ်ငြိနိုင်တာကြောင့် တစ်ပတ်တစ်ခါ ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြော သန့်စင်ပါ။

(၄) အိုမင်းမှုတားခရင်မ်

ရက်တီနောလ်ပါဝင်တဲ့ အိုမင်းမှုတားခရင်မ် အများစုဟာ ဆဲလ်တွေ ပျက်စီးမှုကို လှုံ့ဆော်ပေးပြီး ဝက်ခြံဖု ဖြစ်စေနိုင်ပါတယ်။ ရက်တီနောလ် ပါဝင်တဲ့ ရက်တင်အေကတော့ ဝက်ခြံကုသဖို့အတွက် ဆရာဝန်တွေက ညွှန်ကြားတာကြောင့် ရက်တီနောလ်ပါတဲ့ အိုမင်းမှုတားဆေးက အဆီပြန်တာကြောင့် ဖြစ်မယ်လို့ ဆိုကြပါတယ်။

(၅) ဆေးဝါးများ

စတီးရွိုက်ပါတဲ့ ဆေးတွေက ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လစ်သီးယမ်နဲ့ အိုင်အိုဒင်းတစ်ချို့ ပုံစံတွေကိုလည်း သတိထားပါ။

(၆) ဗောက်ထခြင်း

ဦးခေါင်းမှာ ဗောက်ထတာကြောင် ဝက်ခြံဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဦးရေပြားအစပ်မှာ ဝက်ခြံဖုငယ်တွေ ဖြစ်တတ်ပါတယ်။ ဗောက်ပျောက်စေတဲ့ ရှမ်ပူကိုသုံးပြီး ဗောက်ပျောက်အောင် ထိန်းသင့်ပါတယ်။

(၇) နေကာခရင်မ်

အဆီမပါ ဝက်ခြံပေါက်နိုင်ခြေနည်းတဲ့ နေကာခရင်မ်မျိုးကို ရွေးချယ်ပါ။ မွှေးရနံ့နဲ့ ဆိုးဆေးပါတဲ့ နေကာခရင်မ်ကို သုံးရင် အရေပြားကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်ပါတယ်။ ဇင့်အောက်ဆိုက်ပါတဲ့ နေကာခရင်မ်က တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါတဲ့ နေကာခရင်မ်ထက် ပိုသင့်တော်ပါတယ်။

(၈) ဆံပင်ပုံသွင်းဆေးများ

ဆံပင်ပုံသွင်း ဂျဲလ်တွေ သုံးတာကြောင့် နဖူးမှာ အဆီတွေကပ်ငြိပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဆံပင်ပုံသွင်းဆေးတွေ လိမ်းရင် နဖူးအစပ် ဆံပင်လိုင်းတစ်လျှောက်ကိုပါ မျက်နှာသန့်စင်ဆေးနဲ့ သန့်စင်ပေးသင့်ပါတယ်။

(၉) စိတ်ဖိစီးမှု

စိတ်ဖိစီးမှုကြောင့် အန်ဒရိုဂျင် ဟော်မုန်းများက ဝက်ခြံဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများတာဟာ ကော်တီစောဟော်မုန်းကို အထွက်များစေပြီး အဆီထွက်စေတဲ့ ဂလင်းကို လှုံ့ဆော်ကာ ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများရင် ၁၅ မိနစ်ခန့် အပန်းဖြေပါ။

(၁၀) ခရီးသွားခြင်း

စိုထိုင်းဆ၊ ရာသီဥတုစတဲ့ ပတ်ဝန်းကျင် အပြောင်းအလဲတွေကြောင့် ခရီးသွားတဲ့အခါ ဝက်ခြံဖြစ်နိုင်ခြေ များပါတယ်။ ခရီးသွားတဲ့အခါ ဟိုတယ်က ပေးတဲ့ဆပ်ပြာကို ရှောင်ပါ။ ရေသန့်ဘူးနဲ့ မျက်နှာသစ်ပါ။

(၁၁) သင်ကိုယ်တိုင်

သင့်လက်နဲ့ ဝက်ခြံထိတွေ့မှုကို သတိထားပါ။ သင့်အရေပြားကို ကိုယ့်ဘာသာ မကြာခဏ ထိတွေ့တာကြောင့် လက်ကပိုးတွေ ဝင်ပြီး ဝက်ခြံဖြစ်လွယ်စေပါတယ်။

ကြယ်စင်
BY GOOD HEALTH

https://www.facebook.com/photo.php?fbid=420447608053076&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...