စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သားဖွား ဝေဒနာကို အမျိုးသားများ ကြုံတွေ့ ခံစားနိုင်ပြီ


===============================

ဝါရှင်တန် မေ ၁၇
အမျိုးသမီးများ သားဖွားချိန်တွင် တွေ့ကြုံ ခံစားရသော နာကျင်မှု ဝေဒနာကို ကိုယ်တိုင် ခံစားကြည့်လိုသည့် အမေရိကန် ပြည်ထောင်စုမှ အမျိုးသား နှစ်ဦးသည် မိခင်များနေ့တွင် သားဖွားမီးယပ် ပါရဂူ တစ်ဦးဖြစ်သူ ဒေါက်တာ ဂျူလီမာတာနှင့် ဆက်သွယ်၍ ကွန်ပျူတာ လှုံ့ဆော်မှုကို ခံယူကာ အမျိုးသမီးများ ခံစားရသည့် သားဖွား ဝေဒနာကို ခံစား ခဲ့ကြသည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ 


အဆိုပါ အမျိုးသား နှစ်ဦးသည် မီချီဂန်ပြည်နယ် ထရွိုင်မြို့မှ ဖြစ်ပြီး ၎င်းတို့သည် သားဖွားမှု ဝေဒနာကို ကိုယ်တွေ့ ခံစားကြည့် ခဲ့ရာတွင် ပထမဆုံး အနေဖြင့် ၎င်းတို့၏ ဝမ်းဗိုက်ပေါ်၌ လျှပ်ခေါင်းများကို တပ်ဆင် ခဲ့ရသည်ဟု သိရသည်။ ထို့နောက်တွင် သားဖွားမှု ဝေဒနာ အဆင့်များ အနက် ဒုတိယ သို့မဟုတ် တတိယ အဆင့်ဟု ဆရာဝန်များ သတ်မှတ်ထားသည့် နာကျင်မှု အဆင့်ကို အမျိုးသား နှစ်ဦးက ကိုယ်တွေ့ ခံစားခဲ့ရပြီး ၎င်း အဆင့်တွင် အမျိုးသား နှစ်ဦးသည် နေမထိ ထိုင်မသာ ဖြစ်ကာ လူးလွန့်ပြီး အသက်ရှူသံမှာလည်း မြန်လာ ခဲ့သည်ဟု သိရသည်။ 

ယခု နာကျင်မှု အဆင့်သည် ဒုတိယ အဆင့်သာ ရှိသေးသည်ဟု သူနာပြု ဆရာမက ပြောကြား ခဲ့ချိန်တွင် စမ်းသပ်ခံ အမျိုးသား နှစ်ဦးအနက် တစ်ဦးက မိမိ ဝမ်းဗိုက်ကို တစ်စုံ တစ်ဦးက လွှဖြင့် ဖြတ်နေ သကဲ့သို့ ခံစား ရသည်ဟု ပြောကြားခဲ့သည်။

 ထို့နောက်တွင် နာကျင်မှု ပိုမို ပြင်းထန်လာကာ အမျိုးသားများ သည် လူးလွန့်နေသည့် အဆင့်မှ ညည်းညူသည့် အဆင့်သို့ ပြောင်းသွား ခဲ့သည်ဟု သတင်းတွင် ဖော်ပြ ထားသည်။ အဆိုပါ နာကျင်မှု ဝေဒနာကို အမျိုးသား နှစ်ဦးသည် နှစ်နာရီကြာ ခံစား ခဲ့ရပြီး ယင်းနောက်တွင် ၎င်း၏ ဇနီးဖြစ်သူ သားဖွား ဝေဒနာကို မည်ကဲ့သို့ ဖြေဖျောက် ပေးရမည်ကို မစဉ်းစား နိုင်တော့ကြောင်း စမ်းသပ်ခံ တစ်ဦးက ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

https://www.facebook.com/photo.php?fbid=162031857299942&set=a.13175070

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...