စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာအများစု ဗုဒ္ဓဘာသာဖြစ်ပါလျက် ဒါနပြုပါလျက် ဆင်းရဲရခြင်းအကြောင်း (၁၁)ချက်







 (၁) လိုအပ်သော နေရာတွင် မလှူဘဲ ၊ မလိုအပ်သော နေရာတွင် စုပြုံ၍ လှူကြခြင်း။
(၂) သမ္ပဒါလေးပါး ချို့ယွင်းခြင်း။
(၃) စီးပွားရှာရာ မေတ္တာ၊စေတနာကို အဓိက မထားဘဲ၊ငွေကြေးကိုသာ အဓိကထားခြင်း။
(၄) ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း။
(၅) မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိခြင်း။
နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်ထားခြင်း ၊လောင်းကစားလုပ်ခြင်း ၊သေရည်သေရက်
သောက်ခြင်း တို့ဖြင့် အောက်ခြေလွတ်လာတတ်ကြသည်။ ထို့ကြောင့် ခေတ်သစ်စကားပုံတစ်ခု ပေါ်နေ၏။
(မြန်မာ ကောင်းစား တစ်မွန်းတည့်)
(၆) အချိန်တန်ဖိုး မသိခြင်း။
လူဘ၀နေရသမျှ အချိန်တိုင်းမှာ ဥစ္စာ ၊ ကုသိုလ် ၊ ပညာ ဗဟုသုတ ဤသုံးမျိုးအနက် တစ်မျိုးမျိုးကို
အမြဲတမ်း ရနေရမည်။
(၇) ကိုယ့်ထက်သာလျှင် မနာလိုခြင်း။
ကိုယ့်ထက်သာသူ အပေါ် ၀မ်းသာလျှင် “မုဒိတာကုသိုလ် ” ဖြစ်သည်။မနာလိုလျှင် “ဣဿာအကုသိုလ်” ဖြစ်သည်။ကုသိုလ် ယူလို့ရပါလျက် အကုသိုလ်ယူခြင်းသည် စိတ်ဓါတ် လူစဉ်မမီခြင်းပင် ဖြစ်သည်။
(၈) စာပေ ဗဟုသုတ မရှိသောကြောင့်
(၉) ဒေသန္တရ ဗဟုသုတ မရှိသောကြောင့်
(၁၀) ခေါင်းဆောင်စိတ် မရှိသောကြောင့်
(၁၁) ကိုယ့်အားကိုယ်ကိုး လိုစိတ် မရှိသောကြောင့် ။

- (ဆရာတော် အရှင်ဇ၀န - မေတ္တာရှင်၊ ရွှေပြည်သာ)

[ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)၏ စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေများ စာအုပ်မှ - ]

Dhamma Danã Source ►www.facebook.com/youngbuddhistassociation.mm

https://www.facebook.com/photo.php?fbid=411926298905207&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...