စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောင်းမနေခင်ကပင် သတင်းစာများ ကောင်းစွာဖတ်နိုင်သော မြန်မာကလေးငယ်



စာသင်ကြား ပေးခြင်း မရှိသေးသော ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးမှ သတင်းစာ နှင့် အခြားသော စာများကို ကောင်းစွာ ဖတ်ပြနေ၍ မြင်တွေ့ရ သူတိုင်း အံ့အားသင့်လျက် ရှိကြောင်း သိရသည်။ 


အဆိုပါ မောင်စိုင်းနေတိုး သည် ယခုလက်ရှိ တောင်ကြီးမြို့တွင် နေထိုင်လျက် ရှိပြီး ဧပြီလ ၂၈ ရက်က တောင်ငူမြို့နယ် ၊ ကေတုမတီ မြို့သစ်သို့ မိသားစု နှင့်အတူ အလည်... ရောက်ရှိစဉ် အဆိုပါ ထူးထူး ခြားခြား အဖြစ်ကို ကိုယ်တိုင် မြင်တွေ့ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 " သူ ၄ နှစ်သား အရွယ်က တောင်ကြီးမှာ အပြင်ထွက်တော့ ဆိုင်းဘုတ် တစ်ခုကို ဖတ်တယ် ၊ ရောင်နီဦး အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ဆိုပြီး သူဖတ်တယ် ၊ ကျွန်တော့် အထင် သူပြောသံ ကြားတာနဲ့ လိုက်ရွတ်တယ် လို့ပဲ အောက်မေ့ နေတာ ၊ အိမ်ရောက်တော့ ကပ်ထားတဲ့ မြန်မာပြည် မြေပုံကို ဒါက ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ကယား ပြည်နယ် ၊ မွန်ပြည်နယ် ဆိုပြီး ထောက်ပြီး ပြောပြတော့ အံ့သြ သွားပါတယ် ၊ စာဆို တစ်လုံးမှ သင်ပေး ထားရတာ မရှိသေးပါဘူး .... " ဟု ဖခင် ဖြစ်သူက ပြောပြသည်။ 

 မောင်စိုင်းနေတိုး သည် နေ့စဉ်ထုတ် သတင်းစာ တွင် ပါရှိသည့် စာသားများအား အမှားအယွင်း မရှိ ဖတ်ပြနေ သဖြင့် လာရောက် ကြည့်ရှုသူ အားလုံး အံ့အားသင့်လျက် ရှိကြောင်း သိရှိရသည်။

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...