စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးငယ်များကို နှုတ်တိုက် သင်ပေးနိုင်တဲ့ ဘုရားဂုဏ်တော် ကိုးပါး

 

ယဉ်ကျေးလိမ္မာ ကလေးငယ်များကို နှုတ်တိုက် သင်ပေးတဲ့ ဘုရားဂုဏ်တော် ကိုးပါး ပါ........။။...

၁ ။ အရဟံ = ကိလေသာတွေ ကင်းစင်ပြတ်လို့  လူနတ်ဗြဟ္မာ ပူဇော်တယ်....။ 
၂ ။သမ္မာသမ္ဗုဒ္ဓေါ = တရားအလုံးစုံ ကိုယ်တိုင်သိလို့  ဆရာမရှိသူဖြစ်ပါတယ် ...။ 
၃ ။ ၀ိဇ္ဇာစရဏ သမ္ပန္နော = ထူးတဲ့အသိဥာဏ် အကျင့်မှန်များလည်း ကောင်းစွာထင်ရှားပြည့်စုံတယ် ..။ 
၎ ။ သုဂတော = ကောင်းတဲ့စကားကို မိန့် ဆိုတတ်လို့  နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်...။ 
၅ ။ လောက၀ိဒူ = သတ္တ ၊ သင်္ခါ၊ သြကာသတဲ့ လောက သုံးပါးသိမြင်တယ် ....။ 
၆ ။ အနုတ္တရောပုရိသ ဒမ္မသာရထိ = မယဉ်ကျေးသူကို ယဉ်ကျေးအောင်ပြုတဲ့ ဆုံးမမှုမှာ သာလွန်တယ်....။ 
၇ ။ သတ္ထာဒေ၀မနုဿနံ = လူနတ်ဗြဟ္မာသတ္တ၀ါများရဲ့  ဆရာထင်ရှားဖြစ်ပါတယ် ။ 
၈ ။ ဗုဒ္ဓေါ = လေးပါးသစ္စာ စိတ်ဖြာသိတဲ့ ဥာဏ်မြင်ရှိသူဖြစ်ပါတယ် ...။ 
၉ ။ ဘဂ၀ါ = ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နဲ့ တစ်စ မလပ် ပြည့်စုံတယ်....။
.....ဘုရားဂုဏ်တော် ကိုးဖြာပဲကွဲ့  အသည်းစွဲအောင်မှတ်ကြကွယ်.....မှတ်ကွယ်...မှတ်ကွယ်....။



SweSwe Winn

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...