စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တီဘီပိုးရှာပေးတဲ့ ကြွက်


အာဖရိကက သိပ္ပံပညာရှင်တွေက ဧရာမ ကြွက်ကြီးတွေကို တီဘီပိုးကို ရှာဖွေမှတ်မိအောင် လေ့ကျင့်ပေးပြီး ရောဂါရှင်တွေကို ဖော်ထုတ်ကုသပေးနေပါတယ်။

ဒီကြွက်တွေဟာ အမြင်အာရုံနဲပါးတဲ့အတွက် အနံ့ခံအားကောင်းလှပါတယ်။ တီဘီပိုးပါတဲ့ သလိပ်ကို နမ်းကြည့်ပြီး မှန်မှန်ကန်ကန် ရွေးနိုင်ရင် ငှက်ပျောသီးကျွေးတဲ့နည်းနဲ့ ကျင့်တယ်လို့ သိရပါတယ်။ အာဖရိကတိုက် တန်ဇန်းနီးယားမှာ တီဘီဖြစ်နှုန်းများပြီး တီဘီပိုးရှိမရှိ စမ်းသပ်ဖို့အတွက်
ဆေးဝန်ထမ်းလိုအပ်ပါတယ်။

အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်စမ်းသပ်နိုင်တဲ့ Xpert လို့ခေါ်တဲ့ စက်ပေါ်လာပြီဖြစ်ပေမဲ့ စက်တလုံးကို ဒေါ်လာ ၁၇၀၀၀ ကျပြီး တခါစမ်းသပ်ရင်လည်း ၁၀ ဒေါ်လာကုန်ကျပါတယ်။
အခုလို လေ့ကျင့်ထားတဲ့ ကြွက်ကြီးတွေဟာ သုံးပုံ ၂ ပုံလောက် မှန်မှန်ကန်ကန် ရွေးနိုင်တယ်လို့ ဆိုပါတယ်။ အချိန်အားဖြင့်လည်း အနဲငယ်သာလိုအပ်ပြီး စက္ကန့်ပိုင်းတွင်း သလိပ်နမူနာကို ဆုံးဖြတ်နိုင်ပါတယ်။ မိုက်ခရိုစကုတ်က နေ့ဝက်လောက်လုပ်ရတဲ့ အလုပ်ကိုလည်း ကြွက်တကောင်က ၁၀ မိနစ်အတွင်းလုပ်နိုင်တယ်လို့ ပြောပါတယ်။ မိုက်ခရိုစကုတ် အနုကြည့်မှန်ပြောင်းအောက်မှာ ခွဲခြားနိုင်ဖို့ကလည်း အမြဲမတွေ့ရတတ်ပဲ တီဘီပိုး ထက်ဝက်လောက်ကို လွတ်တတ်ပါတယ်။

အခုလက်ရှိ တန်ဇန်းနီးယားမှာ ကြွက်ကြီးတွေ ရှာပေးတဲ့ အဖြေကို မိုက်ခရိုစကုတ်နဲ့ ပြန်စစ်ပြီး အဖြေရှာတဲ့အတွက် တီဘီပိုးရှိသူတွေကို ပိုပြီး တိတိကျကျ ရှာဖွေ ကုသပေးနိုင်ပါပြီ။

လက်ရှိ တီဘီ အစီအစဉ်မှာ ကြွက် ၃၂ ကောင်ပဲ ရှိပါသေးတယ်။ ကြွက်တကောင်ကို လေ့ကျင့်သင်ကြားဖို့နဲ့ သူ့ရဲ့ ၈ နှစ်သက်တမ်းမှာ
နေထိုင်ဖို့ စရိတ်က ဒေါ်လာ ၇၈၀၀ လောက် ကုန်ကျတယ်လို့ သိရပါတယ်။

တီဘီရောဂါကြောင့် နှစ်စဉ် ကမ္ဘာမှ လူပေါင်း ၁.၄ သန်းလောက်
သေဆုံးနေရပါတယ်။

ခင်မေဇော် (Burma-Newselite)


https://www.facebook.com/photo.php?fbid=411926625571841&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...