စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျပန်နိုင်ငံမှ အသံဖြင့် စေခိုင်းနိုင်သော ဓာတ်လှေခါး

Wednesday, May 9 at 2:36am

ဂျပန်နိုင်ငံမှ Mitsubishi Electric Corp. သည် အသံဖြင့် စေခိုင်းနိုင်သော ဓာတ်လှေခါးကို တီထွင်ဖန်တီးလိုက်ပြီး ယခုနှစ် နွေရာသီတွင် ဈေးကွက်တွင် ရောင်းချသွားမည် ဖြစ်သည်။
အဆိုပါ ဓာတ်လှေခါး၏ အာရုံခံကိရိယာနှင့် စင်တီမီတာ ၃၀ အကွာအဝေး အတွင်းသို့ တစ်စုံတစ်ဦး ရောက်ရှိလာပါက အလိုအလျောက် တံခါးပွင့်လာမည်ဖြစ်ပြီး ဓာတ်လှေခါးအတွင်းသို့ ဝင်ရောက်ကာ မိမိသွားလိုသော အထပ်ကို နှုတ်ဖြင့် ပြောဆိုလိုက်ရုံဖြင့် ဓာတ်လှေခါးက အလုပ်လုပ်မည်ဖြစ်ကြောင်း အဆာဟိရှင်ဘွန်း (AJW by the Asahi Shimbun) သတင်းတွင် ဖော်ပြသည်။
Mitsubishi ၏ ဓာတ်လှေခါးစနစ်သစ်တွင် မော်တော်ကားများတွင် အသုံးပြုလေ့ရှိသည့် အသံကို မှတ်သားဆောင်ရွက်နိုင်သည့် စနစ်ကို အသုံးပြုထားခြင်းဖြစ်ကြောင်း သိရှိရသည်။
 
 
 ဂျပန်နိုင်ငံမှ Fujitsu Laboratories Ltd. သည် စမတ်ဖုန်းကင်မရာ အသုံးပြု၍ မိမိ၏ အသားအရေ အခြေအနေကို သိရှိသုံးသပ်နိုင်မည့် နည်းပညာကို တီထွင်ထားကြောင်း ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...