စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သေဆုံးသူ ခန္ဓာကိုယ်လှူဒါနန်းမှုကြောင့် လူရှစ်ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး

ဂျစ်မီမာလေဇယ်အမည်ရှိ ၁၃ နှစ် အရွယ်မိန်းခလေးသည် ဦးနှောက်သွေးယိုစီးမှုဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်လှူဒါနန်းမှုကြောင့် လူရှစ်ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြားနှစ်ဦးမှာ  အမြင်အာရုံပြန်လည်ရရှိခဲ့ကြောင်းသိရသည်။ သူသည်ဗြိတိန်နိုင်ငံ၊ ဆမ္မားဆက်ပြည်နယ်၊ဟော်တန်မြို.ရှိ နေအိမ်တွင် ကျန်းကျန်းမာမာ ရှိရာမှရုတ်တရက်လဲကျကာ သေဆုံးသွားခြင်းဖြစ်သည်။သူသေဆုံးသွားသည့် အခါ သူ၏ မိဘများသည် သူမ၏ဆန္ဒအတိုင်း ဆေးရုံသို.ခန္ဓာကိုယ်လှူဒါန်း ခဲ့ခြင်းဖြစ်သည်။
သူ၏ နှလုံးကို အသက်ငါးနှစ်အရွှယ်ရှိသော ယောက်ျားလေးတစ်ဦး ထံသို.လည်းကောင်း၊ အဆုတ် များကို  အသက် ၁၄ နှစ်အရွှယ်ရှိသော ယောက်ျားလေးတစ်ဦး ထံသို.လည်းကောင်း ၊အသည်းကိုခွဲပြီး အသက် ၁၀ လ နှင့် အသက်ငါးနှစ်အရွှယ်ရှိသော ယောက်ျားလေးတစ်ဦး ထံသို.လည်းကောင်း အစားထိုး ကုသပေးခဲ့သည်။
အသက် ၁၉ နှစ် နှင့် ၂၄ နှစ်အသီးသီးရှိသောလူနှစ်ဦး ကို သူကျောက်ကပ်များဖြင့် အစားထိုးကုသပေးခဲ့သည်။
သူ၏ အသက် ၄၀ အရွှယ်ရှိသော လူတစ်ဦး ကို ပန်ကရိယကို ပေးခဲ့ပြီး၊ သူ၏ အူသိမ်များကို အသက်သုံး နှစ်ခွဲ အရွှယ်ရှိသော ယောက်ျားလေးတစ်ဦး ထံ အစားထိုး ကုသပေးခဲ့သည်။
ဂျစ်မီမာလေဇယ်သည် ထူးချွန်သည့်အနု ပညာရှင်တစ်ဦးဖြစ်ပြီး စာရေးဆရာဖြစ်ရန် ရည်မှန်းချက်ထားရှိကာ ကဗျာများ၊ သီချင်း များ၊၀တ္ထုများနှင့် လေးနက်သော အတွေးများ ကို ရေးသားထားခဲ့သည်။
သူ၏ မျက်လုံးတစ်သျှူးများကို မျက်မမြင်လူနှစ်ဦးကို အစားထိုး ကုသပေးခဲ့ရာ ထိုနှစ်ဦးမှာလည်း အမြင်အာရုံပြန်လည်ရရှိခဲ့ ကြောင်းသိရသည်။

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blog/show?id=5442636%3ABlogPost%3A4297599&xgs=1&xg_source=msg_share_post#ixzz1uwxulH59

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...