စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရင်သား ကင်ဆာနှင့် နနွင်း

     မြန်မာ လူမျိုးများ ဟင်း ချက်ရာတွင် အသုံးပြုလေ့ ရှိသောနနွင်း (Tumeric) သည်
အမျိုးသမီး များ အတွက် ကျန်းမာရေး အထောက်အကူ ပြုလျက်ရှိ ကြောင်း သိပ္ပံ နည်းကျ
တွေ့ရှိရပြီ ဖြစ်ပါသည်။ ရှေးအခါကပင် နနွင်းမှုန့်ကို အနာကျက်ဆေး အဖြစ်
အသုံးပြုမှုများ ရှိခဲ့ပါသည်။ အနာကို နနွင်းတက် သွေး၍ လိမ်းကျံမှု ပြုကြသူ
များကိုလည်း တွေ့ရှိရဖူးပါသည်။ ရင်သားကင်ဆာ မဖြစ်စေရာ နနွင်းတွင် ဆေးဘက်ဝင်
ဓာတ်ပစ္စည်း သဘာဝ အားဖြင့် အများအပြား ပါရှိပါသည်။ ၄င်းတို့အနက် သဘာဝ ဓာတ်ပစ္စည်း
တစ်မျိုးမှာ အမျိုးသမီးများ တွင် ဖြစ်ပွား တတ်သော ရင်သားကင်ဆာ အန္တရာယ် ကို
လျော့ပါးသွားစေ ကြောင်း တွေ့ရှိရသည်ဟု အမေရိကန် သုတေသီများက Menopause ဂျာနယ်
တွင် ရေးသား ဖော်ပြခဲ့ကြပါသည်။ အထူးသဖြင့် သွေးဆုံးပြီးနောက် ဟော်မုန်း
အစားထိုး ကုသခြင်းများ ခံယူထားသည့် အမျိုး သမီးကြီး များ၏ ရင်သား ကင်ဆာ
ဖြစ်ပွားနိုင်ခြေကို လျော့ကျသွား စေရန် နနွင်းတွင် ပါဝင်သော သဘာဝ ဆေးဘက်ဝင်
ဓာတ်ပစ္စည်း တစ်မျိုးက ဆောင်ရွက် နိုင်သည်ဟု ဆိုကြပါသည်။
နနွင်းတက်မှာ Curcumin ပါ
သုတေသီများ၏ တွေ့ရှိချက် အရ နနွင်းတက်တွင် ပါဝင်သော သဘာဝ ဓာတ်ပစ္စည်း တစ်မျိုး
ဖြစ်သည့် Curcumin ဓာတ်ပစ္စည်းမှာ ရင်သား ကင်ဆာ နှိမ်နင်းရေး အတွက် အစွမ်းထက်
ဓာတ်ပစ္စည်း ဖြစ်ပါသည်။ ဓာတ်ခွဲခန်းတွင် တိရစ္ဆာန်များနှင့် စမ်းသပ် ကြည့်ကြရာ၌
ဟော်မုန်း အစားထိုး ကုသမှုတွင် ပါဝင်သော Progestin ဟော်မုန်းကြောင့် ဖြစ်ပေါ်
လာတတ်သည့် ရင်သား ကင်ဆာ အဖုအကျိတ် များ သည် နနွင်းတွင် ပါရှိသည့် Curcumin
ဓာတ်ပစ္စည်းကြောင့် ကင်ဆာ အကျိတ် စတင် ပေါ်ပေါက်ရန် အချိန် နှောင့်နှေး ကြန့်ကြာ
သွားခြင်း၊ ကင်ဆာ အကျိတ် ဖြစ်ပေါ်မှု လျော့နည်း သွားခြင်းနှင့် ကင်ဆာ အကျိတ်
ကြီးထွားနှုန်း လျော့နည်း ကျဆင်း သွားခြင်း စသည့် အကျိုး တရားများ ရရှိစေကြောင်း
တွေ့ရသည်။
Progestin အကြောင်း တစေ့တစောင်း
သွေးဆုံးပြီး အမျိုးသမီးများ နုပျို အရွယ်တင်ရန် ဟော်မုန်း အစားထိုး ကုသနည်း
ပြုလုပ်ရာတွင် Estrogen ဟော်မုန်းနှင့် ပူးတွဲ၍ Progestin ကို အသုံးပြုပါသည်။
Progestin မှာ သဘာဝ အားဖြင့် မဟုတ်ဘဲ လူများ ပြုလုပ် ဖန်တီး ရယူ ထားသော
Progestagen ဒြပ်ပေါင်း ဖြစ်ပါသည်။ ၄င်း ဒြပ်ပေါင်းတွင် Progesterone ဟော်မုန်း
ကဲ့သို့သော ဂုဏ်သတ္တိများ ရှိပါသည်။
မူမမှန်မှုများ ကာကွယ်သွားမည်
သုတေသီများ တွေ့ရှိချက် တစ်ရပ်မှာ နနွင်းတွင် ပါဝင်နေသော Curcumin
ဒြပ်ပေါင်းသည် အမျိုးသမီးများ၏ ရင်သားရှိ နို့ရည် ဂလင်းများ (Mammary glands)
များတွင် ဖြစ်ပေါ် လာတတ်သော မည်သည့် ပုံမမှန် အဖြစ်အပျက်များကို မဆို
မပေါ်ပေါက်လာ စေရန် အကာအကွယ် ပြုပေးနိုင်ခြင်း ဖြစ်ပါသည်။ ဤတွေ့ရှိချက်သည်
အမျိုးသမီးများအား နနွင်းကို အာဟာရထဲတွင် ထည့်သွင်းပြီး ပုံမှန်အားဖြင့်
စားသုံးကြစေရန် အားပေး တိုက်တွန်းလျက် ရှိပါသည်။
သုတေသနဆက်လုပ်ကြမည်
မည်သို့ပင် ဖြစ်စေ သုတေသီများ ဖြစ်ကြသော အမေရိကန်နိုင်ငံ Columbia ရှိ
University of Missouri မှ Salmon Hyder ခေါင်းဆောင်သော သိပ္ပံ ပညာရှင်များမှာ
ထိုကိစ္စနှင့် ပတ်သက်၍ သုတေသန ဆက်၍ လုပ်ကြ ဦးမည်ဟု ဆိုပါသည်။ ဟော်မုန်း အစားထိုး
ကုသနည်း သုံးသောကြောင့် Estrogen နှင့် Progestin ဟော်မုန်းများ ပူးတွဲပြီး
ရင်သား ကင်ဆာ အန္တရာယ် ဖြစ်စေမှုကို အာဟာရ သုံးဆောင်မှုများဖြင့်
နှိမ်နှင်းသွားရန် နနွင်းတွင် ပါဝင်နေသော Curcumin ဒြပ်ပေါင်း အပြင် အခြား
အလားအလာ ရှိသော သဘာဝ ဒြပ်ပေါင်းများကို ရှာဖွေပြီး ဆက်လက် သုတေသန ပြုကြမည်ဟု
သိရှိရပါကြောင်း။
မူရင်း(http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:31133...)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...