စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆယ်ကျော်သက်တို့ အတွက် အကျင့်ကောင်း(၇)ရပ်



(၁) တာဝန်ယူစိတ် [Be Proactive]
ပြဿနာတစ်ခုခုရှိလာရင်”ငါဘာမှားနေလဲ”ဆိုတာက,စ,စဉ်းစားပါမယ်။ ပြီးမှကျန်တာတွေကိုဖြန့် တွေးတယ်။
“ကိုယ့်ကိုယ်ကိုတော့လွတ်စေ၊သူများကိုတော့တရားခံ”ဒါမျိုးမလုပ်ဘူး။ ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့စိတ်ပါ။
 
(၂) ပစ်ကွင်းကိုချိန်ပစ်(Begin with the End in Mind)
ငါဘာဖြစ်ချင်လဲ၊ငါ့ရည်မှန်းချက်ဘာလဲဆိုတာကိုပထမဆုံးပိုင်းဖြတ်တယ်။
“မစ်ရှင်”[Mission]စိတ်ဓာတ်ဖြစ်ပါတယ်။
 
(၃) အရေးကြီးတာအရင်လုပ် [Put First Thing First]
ကြုံသလိုကျပန်းမလုပ်ဘူး။ အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့်ဆောင်ရွက်တတ်တယ်။

(၄) သူမနာ၊ ကိုယ်မနာ ဆက်ဆံရေး [Think Win-Win]
ကိုယ်နိုင်စေ၊သူရှုံးစေသဘောမထားပါ။ နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့်”ကြားအဖြေ”ကိုနှလုံးသွင်းပါတယ်။

(၅) နားလည်မှုရှိ [Seek First to Understand,Then to be understood]
ပထမဆုံးသူများကိုနားလည်အောင်ကြိုးစားတယ်။
ကိုယ့်ကိုလည်း သူများက နားလည်အောင်တံခါးဖွင့်ထားတယ်။
 
(၆) လက်တွဲကြိုးပမ်း[Synergize]
ငါတကောမလုပ်ဘူး။အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။
 
(၇) ကိုယ့်ကိုယ်ကိုပြန် ,သ, [Sharpen the Saw]
စိတ်တံခါးကိုပိတ်မထားဘူး။အတွေးသစ်၊အမြင်သစ်တွေအတွက်အမြဲတံခါးဖွင့်ထားတယ်။
ကိုယ့်အသိ၊ကိုယ့်အကျင့်ကိုအမြဲချွန်မြနေစေဖို့ မပြတ်”သ”နေပါ။


ဒီအကျင့်တွေ မင်းမှာရှိနေပြီဆိုရင် ဘ၀တိုက်ပွဲမှာ အောင်ပွဲအလီလီရမှာသေချာသလောက်ဖြစ်ပါပြီ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...